ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်(၁၁၀)ဘီလျံကို နစကဥက္ကဋ္ဌက ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများထံ ပေးအပ်

 762

စော (NP News) - ဧပြီ ၂ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း၏ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဥ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များတွင် အသုံးပြုရန် ငွေကျပ် ဘီလျံ(၁၁၀)ကို ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များကို စစ်ကိုင်းမြို့ရှိ အသင်္ခရာ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌လည်းကောင်း သီးခြားစီတွေ့ဆုံ ချိန်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သီးခြားတွေ့ဆုံချိန်တွင် နစကဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၅၀ ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၆၀ ကိုပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးက လည်းကောင်း လက်ခံရယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမို တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး Green City၊ Clean City၊ Smart City ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း ပညာတတ်များ ပေါကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ် သဖြင့် ပညာတတ်များ ပေါကြွယ်ဝရေးအတွက်လာမည့် ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ အသက်အရွယ်ကြီးရင့်ပြီး အတန်းပညာ မတက်ရောက်ခဲ့ရသူများအတွက်လည်း စာကြည့်တိုက်များ၊ ပညာပေးအစီအစဉ်များနှင့် ကျောင်းပြင်ပပညာရေးကို ဆောင်ရွက်ပေးသွားကြစေလိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ စစ္ကိုင္းတိုင္း ႏွင့္ မႏၲေလးတိုင္း ျပန္လည္ထူေထာင္ေရးအတြက္ ေငြက်ပ္(၁၁၀)ဘီလ်ံကို နစကဥကၠ႒က ခ႐ိုင္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားထံ ေပးအပ္
ေစာ (NP News) - ဧၿပီ ၂ဝ

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စစ္ကိုင္းတိုင္း ႏွင့္ မႏၲေလးတိုင္း၏ ခ႐ိုင္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံစဥ္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳရန္ ေငြက်ပ္ ဘီလ်ံ(၁၁၀)ကို ေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း စစ္ကိုင္းၿမိဳ႕ရွိ ခ႐ိုင္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖ မ်ားကို စစ္ကိုင္းၿမိဳ႕ရွိ အသခၤရာ ဧည့္ရိပ္သာအစည္းအေဝးခန္းမတြင္လည္းေကာင္း၊ မႏၲေလးၿမိဳ႕ရွိ ခ႐ိုင္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၌လည္းေကာင္း သီးျခားစီေတြ႕ဆုံ ခ်ိန္တြင္ ေပးအပ္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔သီးျခားေတြ႕ဆုံခ်ိန္တြင္ နစကဥကၠ႒က စစ္ကိုင္းတိုင္းေဒသႀကီးျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလီယံ ၅၀ ကိုေပးအပ္ရာ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကလည္းေကာင္း၊ မႏၲေလးတိုင္းေဒသႀကီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ဘီလီယံ ၆၀ ကိုေပးအပ္ရာ ရပ္မိရပ္ဖတစ္ဦးက လည္းေကာင္း လက္ခံရယူခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ငလ်င္ေဘးဒဏ္ႏွင့္ပတ္သက္၍ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရာတြင္ ယခင္ကထက္ ပိုမို တိုးတက္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး Green City၊ Clean City၊ Smart City ျဖစ္ေစေရး ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။

ထို႔ျပင္ ေဒသတြင္း ပညာတတ္မ်ား ေပါႂကြယ္ဝလာမွသာ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ သျဖင့္ ပညာတတ္မ်ား ေပါႂကြယ္ဝေရးအတြက္လာမည့္ ပညာသင္ႏွစ္တြင္ ေက်ာင္းေနအ႐ြယ္ကေလးမ်ား အားလုံး ပညာသင္ၾကားႏိုင္ေရး ေဆာင္႐ြက္ေပးေစလိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ အသက္အ႐ြယ္ႀကီးရင့္ၿပီး အတန္းပညာ မတက္ေရာက္ခဲ့ရသူမ်ားအတြက္လည္း စာၾကည့္တိုက္မ်ား၊ ပညာေပးအစီအစဥ္မ်ားႏွင့္ ေက်ာင္းျပင္ပပညာေရးကို ေဆာင္႐ြက္ေပးသြားၾကေစလိုၿပီး ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ခဲ့ရသည့္ စာသင္ေက်ာင္းမ်ား အျမန္ဆုံးျပန္လည္တည္ေဆာက္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။

Picture

Min Myanmar

21/04/2025 10:40

ဆင်သတ် အရပ်ဝေ ဆင့်ပါးစပ် နှမ်းပတ် ဇီးသီးဗန်း မှောက် ဘာသံကြားရဦးမှာလဲ? မျှော်လင့်လျက်

Picture

Min Myanmar

21/04/2025 10:40

ဆင်သတ် အရပ်ဝေ ဆင့်ပါးစပ် နှမ်းပတ် ဇီးသီးဗန်း မှောက် ဘာသံကြားရဦးမှာလဲ? မျှော်လင့်လျက်

Picture

Min Myanmar

21/04/2025 10:40

ဆင်သတ် အရပ်ဝေ ဆင့်ပါးစပ် နှမ်းပတ် ဇီးသီးဗန်း မှောက် ဘာသံကြားရဦးမှာလဲ? မျှော်လင့်လျက်

Related news

© 2021. All rights reserved.