(၂၀၂၄ - ၂၀၂၅) ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 162

ရဲထက် (NP News) - ဧပြီ ၂၉

ဒီနှစ်အတွက် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဟာ (၄)သင်းတည်းသာကျန်ရှိနေတော့တာဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ် တွေကို ရင်ခုန်စွာစောင့်ကြည့်သွားရဖို့ ရှိနေပြီပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသလို အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ ထိပ်တိုက်တွေ့ဆုံ နေပါတယ်။ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစား နေတဲ့အသင်းတွေကတော့ အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ဖြစ်ပြီး ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့က တော့ ရေပန်းစားမှုနည်းပါးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ လည်း ပြိုင်ပွဲကနေထွက်ခဲ့ရပြီဖြစ်သလို မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ်ကနေ စောစီးစွာထွက်သွားခဲ့ပြီဖြစ်တဲ့ အတွက် ဒီနှစ်ချန်ပီယံ လိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံအသင်းသစ် ထွက်ပေါ်လာဖို့ရှိနေတာကြောင့် အကြိတ်အနယ်ရှိပြီး စောင့်ကြည့်ချင်စရာအကောင်းဆုံးပွဲစဉ်တွေဖြစ်လာမှာလည်း သေချာနေပါတယ်။ ဒါကြောင့် NP News ကနေ ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လု ပွဲစဉ်များကို ပွဲကြိုသုံးသပ်ပေးသွားပါမယ်။
အာဆင်နယ် Vs PSG
ချန်ပီယံလိဂ် နောက်ဆုံးတွေ့ဆုံမှု
အာဆင်နယ် ၂ - ဝ PSG (၂ - ၁၀ - ၂၀၂၄)
အာဆင်နယ် ၅ - ၁ PSG (၂၈ - ၇ - ၂၀၁၈)
အာဆင်နယ် ၅ - ၁ PSG (၂၄ - ၁၁ - ၂၀၁၈)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
PSG ၂ - ၂ အာဆင်နယ်
PSG ၃ - ၃ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ပြည်တွင်း ဖလားအားလုံးကိုလွဲချော်ခဲ့သလို ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့ဖူးတဲ့ မှတ်တမ်းကို ချေဖျက်ပြနိုင်ဖို့ ဒီနှစ်မှာ အလားအလာကောင်းနေတဲ့အနေအထားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို နည်းပြအာတီတာ လက်ထက်မှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ထား နိုင်ခဲ့သလို ခြေစွမ်းပြကစားနိုင်တဲ့အပြင် ဒီရာသီမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့တာ ကိုတွေ့ရ ပါတယ်။ ဒါ့ပြင် ဒီရာသီဥရောပပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးအနေ အထားအထိ ရောက်ရှိနေကြတာ ကိုတွေ့ရပြီး ချန်ပီယံလိဂ်မှာ အာဆင်နယ်၊ ယူရိုပါလိဂ်မှာ မန်ယူနဲ့စပါးစ်၊ ကွန်းဖရန့် လိဂ်မှာဆိုရင် ချဲလ်ဆီးအသင်း စတဲ့ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကိုတွေ့ရပါ တယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ PSG အသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်လာမလား ဆိုတဲ့ မေးခွန်းကလည်းရှိနေပါတယ်။ အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ ပေါင်းရလဒ် (၅-၁) ဆိုတဲ့ ရလဒ်နဲ့အတူ အကြိုဗိုလ်လုပွဲစဉ်ကို ထိုက်ထိုက်တန်တန် တက်လှမ်းလာတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းရော စိတ်ဓာတ် ပိုင်းဆိုင်ရာမှာလည်း အကောင်းဆုံးအနေအထားရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ကိုကျော်ဖြတ်ပြီး အကြိုဗိုလ် လုပွဲကိုတက်လှမ်းခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတိုင်းက ချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့ဖူးတဲ့သာဓကရှိသလို ချဲလ်ဆီးနဲ့ မန်စီးတီး တို့ကလည်း ရီးရဲလ်မက်ဒရစ်အသင်း ကျော်ဖြတ်ပြီးတဲ့နောက်မှာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာကိုတွေ့ရတာကြောင့် ဒီနှစ်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်သွားမလားဆိုတာကို စောင့်ကြည့် ရဖို့ရှိနေပါတယ်။ PSG အသင်းကတော့ ဒီရာသီ နည်းပြသစ်လက်ထက်မှာ အတည်ငြိမ်ဆုံးပုံစံနဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ပြည်တွင်း လိဂ် လီဂူးမှာလည်း ချန်ပီယံဖြစ်ဖို့ သေချာသလောက်ကိုရှိနေပြီး ဒုတိယနေရာကအသင်းကို ရမှတ်(၂၀)ကျော်အထိ ဖြတ်တောက်ထားတာကို တွေ့ရပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်အသင်းကို ဖြုတ်ချထားနိုင်ခဲ့သလို မန်စီးတီးအသင်းကိုလည်း အုပ်စုပွဲစဉ်တွေမှာ အနိုင်ကန်ထားပြီး အက်စတွန်ဗီလာအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၄)နဲ့ အကြိုဗိုလ်လုပွဲကို တက်လှမ်းထားခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒီအခြေအနေတွေက PSG အသင်းရဲ့ နည်းပြသစ်ဖြစ် သလို တစ်ချိန်က မက်ဆီ၊ နေမာ၊ ဆွာရက်စ် တိုက်စစ်ကိုပုံဖော်ပြီး တစ်နှစ်တည်း ဖလား(၃)လုံးရယူခဲ့တဲ့ အင်းနရစ်ရဲ့ ကစားကွက် အောက်မှာ PSG အသင်းဟာ လျင်မြန်စွာ အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကိုရယူသွား နိုင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုပြန်ကြည့်ရင် အာဆင်နယ်အသင်းက ဒီရာသီအုပ်စု ပြိုင်ပွဲမှာ PSG အသင်းကို (၂)ဂိုး ပြတ်နဲ့နိုင်ပွဲရယူထားနိုင်ခဲ့တဲ့အပြင် နောက်ဆုံးထိပ် တိုက်တွေ့ဆုံခဲ့တဲ့ပွဲ စဉ်(၃)ပွဲမှာ လည်း အာဆင်နယ် အသင်းက နိုင်ပွဲ(၂)ပွဲရရှိထားသလို တစ်ပွဲက သရေကျထားတာကြောင့် PSG အသင်းအနေနဲ့ ဒီအဝေးကွင်းမှာ နိုင်ပွဲရယူထားနိုင်မှသာ အိမ်ကွင်းမှာ အခြေအနေကောင်းမှာ လည်းဖြစ်ပါ တယ်။ အာဆင်နယ်အသင်းကလည်း ခံစစ်ပိုင်းကောင်းမွန်တဲ့အပြင် ဂိုးရတာနဲ့ ပိတ်ကန် သွားဖို့ရှိနေတာကြောင့် တိုက်စစ် နဲ့ခံစစ်ပိုင်း အားပြိုင် မှုတွေနဲ့ ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များပြီး PSG ရဲ့ အိမ်ကွင်းမှာ သာ အဆုံးအဖြတ်ပွဲစဉ်ကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်မရရှိဖူးတဲ့အသင်းတွေဖြစ် တာကြောင့် နိုင်ပွဲရယူနိုင်တဲ့အသင်းက ချန်ပီယံဖြစ်ဖို့များတယ်လို့ ခန့်မှန်းချက်တွေလည်းရှိ နေပါတယ်။
ဘာစီလိုနာ Vs အင်တာမီလန်
ချန်ပီယံလိဂ် နောက်ဆုံးတွေ့ဆုံမှု
အင်တာမီလန် ၃ - ၃ ဘာစီလိုနာ (၁၃-၁၀ -၂၀၂၂)
အင်တာမီလန် ၁ - ဝ ဘာစီလိုနာ (၅-၁၀ - ၂၀၂၂)
အင်တာမီလန် ၁ - ၂ ဘာစီလိုနာ (၁၁-၁၂- ၂၀၁၉)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အင်တာမီလန် ၂ - ၁ ဘာစီလိုနာ
အင်တာမီလန် ၃ - ၁ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့သလို မက်ဆီနဲ့အတူ လာမာ စီယာထုတ်ကုန်တွေရဲ့ ခေတ်တစ်ခေတ်ပျက်သုဉ်းသွားချိန်မှာ မျိုးဆက်တစ်ခုကြား မှာတိမ်မြုပ်ခဲ့ရပြီး ငွေကြေးကိစ္စနဲ့ ကစားသမား သစ်တွေရဲ့ စာချုပ်ကိစ္စတွေနဲ့အတူ အဆင်မပြေ သေးတဲ့အနေအထားမျိုးမှာ ဘိုင်ယန်နည်းပြ ဟောင်း ဟန်စီဖလစ်ကိုခန့်အပ်လိုက်ချိန်မှာတော့ ဘာစီလိုနာ အသင်းဟာ လာမာစီယာ ထုတ်ကုန်တွေဖြစ်တဲ့ လမိုင်း ယာမဲလ်၊ ပီထရီနဲ့ ဂါဗီတို့အပြင် နောက်တန်း တစ်နေရာမှာ ခြေစွမ်းပြနေတဲ့ ကူဘာစီတို့ရဲ့ ခြေစွမ်း တွေနဲ့အတူ လူငယ်မျိုးဆက် တစ်ခုကို စီနီယာကစား သမားတွေဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့နဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ မထင်မှတ်ထား လောက်အောင် ကောင်းမွန်တဲ့ရာသီတစ်ခုကိုဖြတ်သန်းနေပါတယ်။ ဒါ့ပြင် စပိန်ဘုရင့်ဖလားတစ်လုံးကို ရရှိခဲ့ပြီ ဖြစ်သလို ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရဖို့ရှိနေတဲ့အပြင် ပြည်တွင်း အမှတ် ပေးဖလားမှာလည်း ရီးရဲလ်မက် ဒရစ်ကို ရမှတ်(၄)မှတ်ဖြတ်ထားပြီး ဇယားထိပ်မှာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ လည်း အကြိုဗိုလ် လုပွဲကိုတက်ရောက်ထားနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အသင်းဟာ တစ်နှစ်တည်း ဖလားလေးလုံး ရနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် ဘာစီလိုနာအသင်းဟာ ကွင်းလယ်နဲ့ တိုက်စစ် ပိုင်းအပြင် နောက်တန်းခံစစ်ပိုင်းက ပိုမိုကျစ်လျစ် လာတာကြောင့် ဒီရာသီချန်ပီယံဆုများစွာကို သိမ်း ပိုက်နိုင်ဖို့ရှိနေပြီး ဒီဆုဖလားတွေကို အကယ်ဒမီထွက် လူငယ်ကစားသမားများစွာနဲ့ အရယူနိုင်တယ် ဆိုတဲ့ဂုဏ်တစ်ခု ကိုလည်း ပိုင်ဆိုင် သွားမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ နာပိုလီအသင်းနဲ့အပြိုင် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ရဖို့ရှိနေပေမယ့် ချန်ပီယံလိဂ်မှာ ဘိုင်ယန် မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-၃)နဲ့ အကြို ဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ လျှော့တွက်ရင်တော့ ပေးဆပ်မှုကြီးမား သွား နိုင်ပါတယ်။ ဒါ့ပြင် တစ်ပွဲထိုးအနိုင်ကစားရတဲ့ပွဲစဉ်တွေမှာ နှစ်ဖက်အသင်းတွေ ကြားကကွာဟမှုကလည်း အိမ်ကွင်းနဲ့ အဝေးကွင်းဖြစ် နေတာကြောင့် ပရိသတ်အားပေးမှုနဲ့လည်း သက်ဆိုင် နေတယ်လို့ ပြောလို့ရနေပါတယ်။ အင်တာမီ လန်အသင်းအနေနဲ့ အဝေးကွင်းမှာ ဘာစီလိုနာကို အနိုင်ရပြီး (၂)ဂိုးလောက်အသာရထားမှသာ အကောင်ဆုံးယှဉ် ကစားနိုင်မှာဖြစ်တာကြောင့် အမှားခံလို့မရတဲ့ပွဲ စဉ်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ဘာစီလိုနာအ သင်းရဲ့တိုက် စစ်နဲ့ခံစစ်ကို အင်တာမီလန်အသင်းအနေနဲ့ ရင်ဆိုင်နိုင်ဖို့လွယ်ကူနေမှာမဟုတ်တာ သေချာနေပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုတွေကိုပြန် ကြည့်ရင် ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ(၆)ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ဘာစီလိုနာအသင်းက (၂)ပွဲနိုင်ထား ပြီး (၃)ပွဲသရေကျထားသလို အင်တာမီလန်ကတော့ တစ်ပွဲသာအနိုင်ရထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ် သင်းရလဒ်ပိုင်းကိုခန့်မှန်းရရင် အင်တာ မီလန်အသင်းက အဝေးကွင်းဖြစ်တာကြောင့် ဘာစီ လိုနာအသင်းကို နိုင်ပွဲမရဘဲ ဘာစီလိုနာအသင်းကသာ ကျဉ်းမြောင်းတဲ့ရလဒ်တစ်ခုနဲ့အနိုင်ယူပြီး အင်တာမီလန်အိမ်ကွင်းမှာ အဆုံးအဖြတ်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
၃၀ - ၄ - ၂၀၂၅ (ဗုဒ္ဓဟူးနေ့နံနက်ပိုင်း)
နံနက် (၁း၃၀) အာဆင်နယ် Vs PSG

၁- ၅- ၂၀၂၅ (ကြာသပတေးနေ့နံနက်ပိုင်း)
နံနက် (၁း၃၀) ဘာစီလိုနာ Vs အင်တာမီလန်

Zawgyi Version:
(၂၀၂၄ - ၂၀၂၅) ဥေရာပ ခ်န္ပီယံလိဂ္ အႀကိဳဗိုလ္လုပြဲစဥ္မ်ား ပြဲႀကိဳသုံးသပ္ခ်က္
ရဲထက္ (NP News) - ဧၿပီ ၂၉
ရဲထက္ (NP News) - ဧၿပီ ၂၉

ဒီႏွစ္အတြက္ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ (၄)သင္းတည္းသာက်န္ရွိေနေတာ့တာျဖစ္ၿပီး အႀကိဳဗိုလ္လုပြဲစဥ္ ေတြကို ရင္ခုန္စြာေစာင့္ၾကည့္သြားရဖို႔ ရွိေနၿပီပဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ အင္တာမီလန္အသင္းတို႔ ထိပ္တိုက္ ေတြ႕ဆုံေနသလို အာဆင္နယ္အသင္းနဲ႔ PSG အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံ ေနပါတယ္။ ခ်န္ပီယံျဖစ္မယ္လို႔ ေရပန္းစား ေနတဲ့အသင္းေတြကေတာ့ အာဆင္နယ္အသင္းနဲ႔ PSG အသင္းတို႔ျဖစ္ၿပီး ဘာစီလိုနာနဲ႔ အင္တာမီလန္အသင္းတို႔က ေတာ့ ေရပန္းစားမႈနည္းပါးေနတာကို ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရဲ႕ခ်န္ပီယံျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ အသင္းအေနနဲ႔ လည္း ၿပိဳင္ပြဲကေနထြက္ခဲ့ရၿပီျဖစ္သလို မန္စီးတီးအသင္းကလည္း ခ်န္ပီယံလိဂ္ကေန ေစာစီးစြာထြက္သြားခဲ့ၿပီျဖစ္တဲ့ အတြက္ ဒီႏွစ္ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲမွာေတာ့ ခ်န္ပီယံအသင္းသစ္ ထြက္ေပၚလာဖို႔ရွိေနတာေၾကာင့္ အႀကိတ္အနယ္ရွိၿပီး ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံးပြဲစဥ္ေတြျဖစ္လာမွာလည္း ေသခ်ာေနပါတယ္။ ဒါေၾကာင့္ NP News ကေန ဥေရာပ ခ်န္ပီယံလိဂ္ အႀကိဳဗိုလ္လု ပြဲစဥ္မ်ားကို ပြဲႀကိဳသုံးသပ္ေပးသြားပါမယ္။
အာဆင္နယ္ Vs PSG
ခ်န္ပီယံလိဂ္ ေနာက္ဆုံးေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ဝ PSG (၂ - ၁၀ - ၂၀၂၄)
အာဆင္နယ္ ၅ - ၁ PSG (၂၈ - ၇ - ၂၀၁၈)
အာဆင္နယ္ ၅ - ၁ PSG (၂၄ - ၁၁ - ၂၀၁၈)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
PSG ၂ - ၂ အာဆင္နယ္
PSG ၃ - ၃ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ျပည္တြင္း ဖလားအားလုံးကိုလြဲေခ်ာ္ခဲ့သလို ခ်န္ပီယံလိဂ္ဖလားကို မရရွိခဲ့ဖူးတဲ့ မွတ္တမ္းကို ေခ်ဖ်က္ျပႏိုင္ဖို႔ ဒီႏွစ္မွာ အလားအလာေကာင္းေနတဲ့အေနအထားျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြကို နည္းျပအာတီတာ လက္ထက္မွာ ျပန္လည္ပါဝင္ယွဥ္ၿပိဳင္ထား ႏိုင္ခဲ့သလို ေျခစြမ္းျပကစားႏိုင္တဲ့အျပင္ ဒီရာသီမွာလည္း ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ထားႏိုင္ခဲ့တာ ကိုေတြ႕ရ ပါတယ္။ ဒါ့ျပင္ ဒီရာသီဥေရာပၿပိဳင္ပြဲေတြမွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ခ်န္ပီယံျဖစ္ဖို႔ အနီးစပ္ဆုံးအေန အထားအထိ ေရာက္ရွိေနၾကတာ ကိုေတြ႕ရၿပီး ခ်န္ပီယံလိဂ္မွာ အာဆင္နယ္၊ ယူ႐ိုပါလိဂ္မွာ မန္ယူနဲ႔စပါးစ္၊ ကြန္းဖရန႔္ လိဂ္မွာဆိုရင္ ခ်ဲလ္ဆီးအသင္း စတဲ့ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတာကိုေတြ႕ရပါ တယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ PSG အသင္းကိုေက်ာ္ျဖတ္ၿပီး ခ်န္ပီယံျဖစ္လာမလား ဆိုတဲ့ ေမးခြန္းကလည္းရွိေနပါတယ္။ အာဆင္နယ္ အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ႏွစ္ေက်ာ့ ေပါင္းရလဒ္ (၅-၁) ဆိုတဲ့ ရလဒ္နဲ႔အတူ အႀကိဳဗိုလ္လုပြဲစဥ္ကို ထိုက္ထိုက္တန္တန္ တက္လွမ္းလာတဲ့ အသင္းျဖစ္ၿပီး ေျခစြမ္းပိုင္းေရာ စိတ္ဓာတ္ ပိုင္းဆိုင္ရာမွာလည္း အေကာင္းဆုံးအေနအထားရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္း ကိုေက်ာ္ျဖတ္ၿပီး အႀကိဳဗိုလ္ လုပြဲကိုတက္လွမ္းခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းတိုင္းက ခ်န္ပီယံလိဂ္မွာဗိုလ္စြဲခဲ့ဖူးတဲ့သာဓကရွိသလို ခ်ဲလ္ဆီးနဲ႔ မန္စီးတီး တို႔ကလည္း ရီးရဲလ္မက္ဒရစ္အသင္း ေက်ာ္ျဖတ္ၿပီးတဲ့ေနာက္မွာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တာကိုေတြ႕ရတာေၾကာင့္ ဒီႏွစ္မွာ အာဆင္နယ္အသင္း ခ်န္ပီယံျဖစ္သြားမလားဆိုတာကို ေစာင့္ၾကည့္ ရဖို႔ရွိေနပါတယ္။ PSG အသင္းကေတာ့ ဒီရာသီ နည္းျပသစ္လက္ထက္မွာ အတည္ၿငိမ္ဆုံးပုံစံနဲ႔ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ ျပည္တြင္း လိဂ္ လီဂူးမွာလည္း ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္ကိုရွိေနၿပီး ဒုတိယေနရာကအသင္းကို ရမွတ္(၂၀)ေက်ာ္အထိ ျဖတ္ေတာက္ထားတာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္မွာလည္း လီဗာပူးလ္အသင္းကို ျဖဳတ္ခ်ထားႏိုင္ခဲ့သလို မန္စီးတီးအသင္းကိုလည္း အုပ္စုပြဲစဥ္ေတြမွာ အႏိုင္ကန္ထားၿပီး အက္စတြန္ဗီလာအသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္ (၅-၄)နဲ႔ အႀကိဳဗိုလ္လုပြဲကို တက္လွမ္းထားခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ဒီအေျခအေနေတြက PSG အသင္းရဲ႕ နည္းျပသစ္ျဖစ္ သလို တစ္ခ်ိန္က မက္ဆီ၊ ေနမာ၊ ဆြာရက္စ္ တိုက္စစ္ကိုပုံေဖာ္ၿပီး တစ္ႏွစ္တည္း ဖလား(၃)လုံးရယူခဲ့တဲ့ အင္းနရစ္ရဲ႕ ကစားကြက္ ေအာက္မွာ PSG အသင္းဟာ လ်င္ျမန္စြာ အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဆုဖလားကိုရယူသြား ႏိုင္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကိုျပန္ၾကည့္ရင္ အာဆင္နယ္အသင္းက ဒီရာသီအုပ္စု ၿပိဳင္ပြဲမွာ PSG အသင္းကို (၂)ဂိုး ျပတ္နဲ႔ႏိုင္ပြဲရယူထားႏိုင္ခဲ့တဲ့အျပင္ ေနာက္ဆုံးထိပ္ တိုက္ေတြ႕ဆုံခဲ့တဲ့ပြဲ စဥ္(၃)ပြဲမွာ လည္း အာဆင္နယ္ အသင္းက ႏိုင္ပြဲ(၂)ပြဲရရွိထားသလို တစ္ပြဲက သေရက်ထားတာေၾကာင့္ PSG အသင္းအေနနဲ႔ ဒီအေဝးကြင္းမွာ ႏိုင္ပြဲရယူထားႏိုင္မွသာ အိမ္ကြင္းမွာ အေျခအေနေကာင္းမွာ လည္းျဖစ္ပါ တယ္။ အာဆင္နယ္အသင္းကလည္း ခံစစ္ပိုင္းေကာင္းမြန္တဲ့အျပင္ ဂိုးရတာနဲ႔ ပိတ္ကန္ သြားဖို႔ရွိေနတာေၾကာင့္ တိုက္စစ္ နဲ႔ခံစစ္ပိုင္း အားၿပိဳင္ မႈေတြနဲ႔ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားၿပီး PSG ရဲ႕ အိမ္ကြင္းမွာ သာ အဆုံးအျဖတ္ပြဲစဥ္ကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ႏွစ္သင္းစလုံးက ခ်န္ပီယံလိဂ္မရရွိဖူးတဲ့အသင္းေတြျဖစ္ တာေၾကာင့္ ႏိုင္ပြဲရယူႏိုင္တဲ့အသင္းက ခ်န္ပီယံျဖစ္ဖို႔မ်ားတယ္လို႔ ခန႔္မွန္းခ်က္ေတြလည္းရွိ ေနပါတယ္။
ဘာစီလိုနာ Vs အင္တာမီလန္
ခ်န္ပီယံလိဂ္ ေနာက္ဆုံးေတြ႕ဆုံမႈ
အင္တာမီလန္ ၃ - ၃ ဘာစီလိုနာ (၁၃-၁၀ -၂၀၂၂)
အင္တာမီလန္ ၁ - ဝ ဘာစီလိုနာ (၅-၁၀ - ၂၀၂၂)
အင္တာမီလန္ ၁ - ၂ ဘာစီလိုနာ (၁၁-၁၂- ၂၀၁၉)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အင္တာမီလန္ ၂ - ၁ ဘာစီလိုနာ
အင္တာမီလန္ ၃ - ၁ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြ အတြင္းမွာ ေအာင္ျမင္မႈေတြနဲ႔ေဝးကြာေနခဲ့သလို မက္ဆီနဲ႔အတူ လာမာ စီယာထုတ္ကုန္ေတြရဲ႕ ေခတ္တစ္ေခတ္ပ်က္သုဥ္းသြားခ်ိန္မွာ မ်ိဳးဆက္တစ္ခုၾကား မွာတိမ္ျမဳပ္ခဲ့ရၿပီး ေငြေၾကးကိစၥနဲ႔ ကစားသမား သစ္ေတြရဲ႕ စာခ်ဳပ္ကိစၥေတြနဲ႔အတူ အဆင္မေျပ ေသးတဲ့အေနအထားမ်ိဳးမွာ ဘိုင္ယန္နည္းျပ ေဟာင္း ဟန္စီဖလစ္ကိုခန႔္အပ္လိုက္ခ်ိန္မွာေတာ့ ဘာစီလိုနာ အသင္းဟာ လာမာစီယာ ထုတ္ကုန္ေတြျဖစ္တဲ့ လမိုင္း ယာမဲလ္၊ ပီထရီနဲ႔ ဂါဗီတို႔အျပင္ ေနာက္တန္း တစ္ေနရာမွာ ေျခစြမ္းျပေနတဲ့ ကူဘာစီတို႔ရဲ႕ ေျခစြမ္း ေတြနဲ႔အတူ လူငယ္မ်ိဳးဆက္ တစ္ခုကို စီနီယာကစား သမားေတြျဖစ္တဲ့ လီဝန္ေဒါစကီးနဲ႔ ရာဖင္ညာတို႔နဲ႔ ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ မထင္မွတ္ထား ေလာက္ေအာင္ ေကာင္းမြန္တဲ့ရာသီတစ္ခုကိုျဖတ္သန္းေနပါတယ္။ ဒါ့ျပင္ စပိန္ဘုရင့္ဖလားတစ္လုံးကို ရရွိခဲ့ၿပီ ျဖစ္သလို ကိုပါဒယ္ေရးဖလားဗိုလ္လုပြဲကိုလည္း ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကစားရဖို႔ရွိေနတဲ့အျပင္ ျပည္တြင္း အမွတ္ ေပးဖလားမွာလည္း ရီးရဲလ္မက္ ဒရစ္ကို ရမွတ္(၄)မွတ္ျဖတ္ထားၿပီး ဇယားထိပ္မွာ ရပ္တည္ေနသလို ခ်န္ပီယံလိဂ္မွာ လည္း အႀကိဳဗိုလ္ လုပြဲကိုတက္ေရာက္ထားႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာ အသင္းဟာ တစ္ႏွစ္တည္း ဖလားေလးလုံး ရႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာရွိေနတယ္လို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ဘာစီလိုနာအသင္းဟာ ကြင္းလယ္နဲ႔ တိုက္စစ္ ပိုင္းအျပင္ ေနာက္တန္းခံစစ္ပိုင္းက ပိုမိုက်စ္လ်စ္ လာတာေၾကာင့္ ဒီရာသီခ်န္ပီယံဆုမ်ားစြာကို သိမ္း ပိုက္ႏိုင္ဖို႔ရွိေနၿပီး ဒီဆုဖလားေတြကို အကယ္ဒမီထြက္ လူငယ္ကစားသမားမ်ားစြာနဲ႔ အရယူႏိုင္တယ္ ဆိုတဲ့ဂုဏ္တစ္ခု ကိုလည္း ပိုင္ဆိုင္ သြားမွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းကေတာ့ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ နာပိုလီအသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆု အတြက္ တိုက္ပြဲဝင္ရဖို႔ရွိေနေပမယ့္ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ ျမဴးနစ္အသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္ (၄-၃)နဲ႔ အႀကိဳ ဗိုလ္လုပြဲကိုတက္ေရာက္လာႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ ေလွ်ာ့တြက္ရင္ေတာ့ ေပးဆပ္မႈႀကီးမား သြား ႏိုင္ပါတယ္။ ဒါ့ျပင္ တစ္ပြဲထိုးအႏိုင္ကစားရတဲ့ပြဲစဥ္ေတြမွာ ႏွစ္ဖက္အသင္းေတြ ၾကားကကြာဟမႈကလည္း အိမ္ကြင္းနဲ႔ အေဝးကြင္းျဖစ္ ေနတာေၾကာင့္ ပရိသတ္အားေပးမႈနဲ႔လည္း သက္ဆိုင္ ေနတယ္လို႔ ေျပာလို႔ရေနပါတယ္။ အင္တာမီ လန္အသင္းအေနနဲ႔ အေဝးကြင္းမွာ ဘာစီလိုနာကို အႏိုင္ရၿပီး (၂)ဂိုးေလာက္အသာရထားမွသာ အေကာင္ဆုံးယွဥ္ ကစားႏိုင္မွာျဖစ္တာေၾကာင့္ အမွားခံလို႔မရတဲ့ပြဲ စဥ္လည္းျဖစ္ပါတယ္။ အထူးသျဖင့္ ဘာစီလိုနာအ သင္းရဲ႕တိုက္ စစ္နဲ႔ခံစစ္ကို အင္တာမီလန္အသင္းအေနနဲ႔ ရင္ဆိုင္ႏိုင္ဖို႔လြယ္ကူေနမွာမဟုတ္တာ ေသခ်ာေနပါတယ္။ ထိပ္တိုက္ေတြ႕ ဆုံမႈေတြကိုျပန္ ၾကည့္ရင္ ဒီႏွစ္သင္းက ခ်န္ပီယံလိဂ္မွာ(၆)ႀကိမ္အထိ ေတြ႕ဆုံခဲ့ဖူးၿပီး ဘာစီလိုနာအသင္းက (၂)ပြဲႏိုင္ထား ၿပီး (၃)ပြဲသေရက်ထားသလို အင္တာမီလန္ကေတာ့ တစ္ပြဲသာအႏိုင္ရထားတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ သင္းရလဒ္ပိုင္းကိုခန႔္မွန္းရရင္ အင္တာ မီလန္အသင္းက အေဝးကြင္းျဖစ္တာေၾကာင့္ ဘာစီ လိုနာအသင္းကို ႏိုင္ပြဲမရဘဲ ဘာစီလိုနာအသင္းကသာ က်ဥ္းေျမာင္းတဲ့ရလဒ္တစ္ခုနဲ႔အႏိုင္ယူၿပီး အင္တာမီလန္အိမ္ကြင္းမွာ အဆုံးအျဖတ္ပြဲကို အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။
၃၀ - ၄ - ၂၀၂၅ (ဗုဒၶဟူးေန႔နံနက္ပိုင္း)
နံနက္ (၁း၃၀) အာဆင္နယ္ Vs PSG

၁- ၅- ၂၀၂၅ (ၾကာသပေတးေန႔နံနက္ပိုင္း)
နံနက္ (၁း၃၀) ဘာစီလိုနာ Vs အင္တာမီလန္

Related news

© 2021. All rights reserved.