လေပိုင်နက်အတွင်း ပါကစ္စတန်လေယာဉ်များပျံသန်းခွင့်ကို အိန္ဒိယအစိုးရပိတ်ပင်

208

Pika
အိန္ဒိယအစိုးရသည် ၎င်း၏လေပိုင်နက်အတွင်း ပါကစ္စတန်လေယာဉ်များ ဖြတ်ကျော်ပျံသန်းခွင့်ကို ပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ပါကစ္စတန်အစိုးရက ၎င်း၏လေပိုင်နက်အတွင်း အိန္ဒိယလေယာဉ်များ ပျံသန်းကို တားမြစ်လိုက်ပြီးနောက် အိန္ဒိယအစိုးရ၏ လက်တုံ့ပြန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် ယခုလိုတားမြစ်ပိတ်ပင်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဧပြီလ(၂၂)ရက်နေ့က ကတ်ရှ်မီးယားပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူ(၂၆)ဦးသေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ကျောထောက်နောက်ခံပြုခဲ့သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲပြောဆိုခဲ့ကြောင်းသိရသည်။သို့သော်လည်း အိန္ဒိယအစိုးရ၏ စွပ်စွဲပြောဆိုချက်များကို ပါကစ္စတန်အစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးသည် ကတ်ရှ်မီးယားပြည်နယ်တွင် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ပါကစ္စတန်အစိုးရသည် ၎င်း၏လေပိုင်နက်အတွင်း အိန္ဒိယလေယာဉ်များပျံသန်းခွင့်ကို ဧပြီလ(၂၄)ရက်နေ့တွင် တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ဧပြီလ(၃၀)ရက်နေ့တွင် အိန္ဒိယအစိုးရဘက်က အလားတူပိတ်ပင်မှုမျိုးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ၎င်း၏စစ်တပ်ကို တုံ့ပြန်သည့်ပုံစံ၊ပစ်မှတ်နှင့် အချိန်တို့ကို ဆုံးဖြတ်ရန်အတွက် စစ်ဆင်ရေးဆိုင်ရာလွတ်လပ်ခွင့် အပြည့်အဝပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
ေလပိုင္နက္အတြင္း ပါကစၥတန္ေလယာဥ္မ်ားပ်ံသန္းခြင့္ကို အိႏၵိယအစိုးရပိတ္ပင္
Pika
အိႏၵိယအစိုးရသည္ ၎၏ေလပိုင္နက္အတြင္း ပါကစၥတန္ေလယာဥ္မ်ား ျဖတ္ေက်ာ္ပ်ံသန္းခြင့္ကို ပိတ္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။ပါကစၥတန္အစိုးရက ၎၏ေလပိုင္နက္အတြင္း အိႏၵိယေလယာဥ္မ်ား ပ်ံသန္းကို တားျမစ္လိုက္ၿပီးေနာက္ အိႏၵိယအစိုးရ၏ လက္တုံ႔ျပန္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း န်ဴကလီးယားလက္နက္ပိုင္ဆိုင္သည့္ အိမ္နီးခ်င္းႏိုင္ငံႏွစ္ႏိုင္ငံအၾကား တင္းမာမႈမ်ားျမင့္တက္လာခဲ့ၿပီးေနာက္ ယခုလိုတားျမစ္ပိတ္ပင္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ဧၿပီလ(၂၂)ရက္ေန႔က ကတ္ရွ္မီးယားျပည္နယ္တြင္ျဖစ္ပြားခဲ့ေသာ လူ(၂၆)ဦးေသဆုံးေစခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ေက်ာေထာက္ေနာက္ခံျပဳခဲ့သည္ဟု အိႏၵိယအစိုးရက စြပ္စြဲေျပာဆိုခဲ့ေၾကာင္းသိရသည္။သို႔ေသာ္လည္း အိႏၵိယအစိုးရ၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ပါကစၥတန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံစလုံးသည္ ကတ္ရွ္မီးယားျပည္နယ္တြင္ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။ပါကစၥတန္အစိုးရသည္ ၎၏ေလပိုင္နက္အတြင္း အိႏၵိယေလယာဥ္မ်ားပ်ံသန္းခြင့္ကို ဧၿပီလ(၂၄)ရက္ေန႔တြင္ တားျမစ္ပိတ္ပင္လိုက္ၿပီးေနာက္ ဧၿပီလ(၃၀)ရက္ေန႔တြင္ အိႏၵိယအစိုးရဘက္က အလားတူပိတ္ပင္မႈမ်ိဳးကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ ၎၏စစ္တပ္ကို တုံ႔ျပန္သည့္ပုံစံ၊ပစ္မွတ္ႏွင့္ အခ်ိန္တို႔ကို ဆုံးျဖတ္ရန္အတြက္ စစ္ဆင္ေရးဆိုင္ရာလြတ္လပ္ခြင့္ အျပည့္အဝေပးအပ္ခဲ့ေၾကာင္းလည္းသိရသည္။