ရွာအနီးက လုံခြုံရေးတပ်စခန်းကိုတိုက်လိုသောကြောင့် ဝင်းဝရွာကို PDFပူးပေါင်းအဖွဲ့က ပိတ်ဆို့ကာ ထွက်လျှင်ပစ်သတ်မည်ဟု ခြိမ်းခြောက်

 738

သန့်ဇင်(NP News) မေ-၂
တနင်္သာရှိတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှ အိမ်ခြေ(၅၀၀)ကျော်ရွာအနီးရှိ လုံခြုံရေးတပ်စခန်းကို PDFပူးပေါင်းအဖွဲ့က တိုက်လိုသော ကြောင့် ဝန်းရံပိတ်ဆို့ကာ ထွက်သမျှ ဒေသခံများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက NP News သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ တတိယအပတ်အတွင်းမှစတင်ကာ ထားဝယ်မြို့နယ်၊ ဝင်းဝကျေးရွာအနီးရှိ တပ်မတာ်စခန်းများကို တိုက်ခိုက်ရန်KNU၊ PDFပူးပေါင်းအဖွဲ့က ဝန်းရံပိတ်ပိတ်ဆို့ ထား ခြင်းဖြစ်ကြောင်း သိရသည်။

“ဝင်းဝရွာက ရွာသားတွေကို PDFတွေက ပေးမထွက်ဘူး။ အခုက ရွာထဲကနေဘယ်သူမှထွက်မရဘူး။ ထွက်သမျှကို ပစ်သတ်မယ်လို့ ပြောထားတာကိုး။ အခု တပ်ဘက်ကလည်းဝင်မရဘူး။ ဝင်မရတော့ အဲဒီဝင်းဝကျေးရွာဘေးက တံတားဘေးမှာ စစ်တပ်ရှိတယ်။ တောင် ကုန်းပေါ်မှာက တပ်ခွဲတစ်ခုရှိတယ်။ အဲဒီမှာ ရဲစခန်းလည်းရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ ဘက်ကလည်း အင်အားနည်းနည်းကြီးတယ်။ PDFဘက်ကလည်း အင်အားကြီးတယ်။ PDFက အင်အားမရှိဘူးဆို ထောင်ကျော်မယ်။ KNUခွဲထွက်အဖွဲ့တွေ လည်း ပါတယ်။ သူတို့က တပ်မဟာ (၄) (၅) (၆)အဖွဲ့တွေပေါ့။ တပ်မ (၅)ဆိုရင် ပဲခူးဘက် အဖွဲ့တွေတောင်ပါတယ်။ ထားဝယ် PDFတွေက အဲဒီလောက် သတ္တိမရှိဘူး။ ခိုးကြောင်ခိုးဝှက်ပဲတိုက်ရဲတဲ့ ကောင်တွေ။ သူတို့က တည့်မလုပ်ရဲဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝင်းဝကျေးရွာသည် ထားဝယ်မြို့၏တောင်ဘက် ထားဝယ်-မြိတ်ကားလမ်းပေါ်တွင်တည်ရှိပြီး အိမ်ခြေ(၅၀၀)ကျော်ရှိကာ လူဦးရေထောင် နှင့်ချီနေထိုင်သော ကျေးရွာကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာပတ်ပတ်လည်ကို KNU၊ PDFပူးပေါင်းအဖွဲ့က ဝန်းရံပိတ်ဆို့ထားသည့်အတွက်ဒေသခံများအနေဖြင့် သွားလာရေးများနှင့် စားဝတ်နေရေးများစွာအခက်ခဲဖြစ်ပေါ်နေသည့်အပြင် တိုက်ပွဲများဖြစ်ပွားလာပါက စစ်ဘေးရှောင်ရန်ပင်အခက်အခဲရှိနေကြောင်းလည်း အထက်ပါ ဒေသခံကဆိုသည်။

“ဝင်းဝရွာက အိမ်ခြေ(၅၀၀)အထက်ရှိမယ်။ ရွာကြီးဖြစ်တယ်။ ပြီးတော့ အဲဒီနေရာကလူတွေက ကားသမားတွေဂိတ်ထိုးတဲ့နေရာလေ။ ထမင်းဆိုင် တွေနဲ့ တည်းခိုခန်းလေးတွေရှိတယ်။ ဒေသခံတွေကပြောင်းလို့ကိုမရတာ။ အပြင်ထွက်တာနဲ့ပစ်သတ်မယ်လို့ပြောထား တာပဲ”ဟု အထက်ပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ကလည်း ထားဝယ်အရှေ့တောဒေရှိ တောင်သုံးရွာအခြေခံပညာစာသင်ကျောင်းတွင် ခိုအောင်းနေသော PDFအဖွဲ့ကို တပ်မတော်မှ လေကြောင်းမှ ဗုံးကျဲရှင်းလင်းခဲ့ရာ အကြမ်းဖက်အားပေးမီဒီယာများ၏ ဖော်ပြရေးသား ချက်တွင်မူ အရပ်သားများသာ ထိခိုက်သေဆုံးခဲ့ကြောင်း ရေးသားခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“လွန်ခဲ့တဲ့ ဧပြီလ (၂၃)ရက်က တောင်သုံးလုံးရွာက PDFတွေခိုအောင်းနေတဲ့ စာသင်ကျောင်းကို ဗုံးကျဲလိုက်တယ်။ အဲဒီမှာ (၂၀၀)လောက် ပြုတ်သွားတယ်။ မရှိဘူးဆို (၁၆၀)အထက်မှာထိတယ်။ အဲဒီဟာကို တစ်ဖက်မီဒီယာတွေက အရပ်သားသေတယ်လို့ ပြောကြတာရှိ တယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ထားဝယ်ဒေသ၌ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ အင်းအားစုဖွဲ့မှုပိုမိုကြီးထွားပြီး ပြီးခဲ့သည့် ဧပြီလ ၂၁ရက်ကလည်း မွန်၊ ကရင်နှင့် ထားဝယ် PDFလက်နက်ကိုင်အဖွဲ့များက ထားဝယ်ဒေသတွင် တိုက်ပွဲများဆက် ဖော်ဆောင်ရန် မဟာမိတ်ဖွဲ့ထားပြီသောကြောင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြောင်းလည်း သိရသည်။

Zawgyi Version:
႐ြာအနီးက လုံၿခဳံေရးတပ္စခန္းကိုတိုက္လိုေသာေၾကာင့္ ဝင္းဝ႐ြာကို PDFပူးေပါင္းအဖြဲ႕က ပိတ္ဆို႔ကာ ထြက္လွ်င္ပစ္သတ္မည္ဟု ၿခိမ္းေျခာက္
သန႔္ဇင္(NP News) ေမ-၂
တနသၤာရွိတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္မွ အိမ္ေျခ(၅၀၀)ေက်ာ္႐ြာအနီးရွိ လုံၿခဳံေရးတပ္စခန္းကို PDFပူးေပါင္းအဖြဲ႕က တိုက္လိုေသာ ေၾကာင့္ ဝန္းရံပိတ္ဆို႔ကာ ထြက္သမွ် ေဒသခံမ်ားကို ပစ္သတ္မည္ဟု ၿခိမ္းေျခာက္ထားေၾကာင္း ေဒသခံမ်ားက The Statesman ဂ်ာနယ္သို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ တတိယအပတ္အတြင္းမွစတင္ကာ ထားဝယ္ၿမိဳ႕နယ္၊ ဝင္းဝေက်း႐ြာအနီးရွိ တပ္မတာ္စခန္းမ်ားကို တိုက္ခိုက္ရန္KNU၊ PDFပူးေပါင္းအဖြဲ႕က ဝန္းရံပိတ္ပိတ္ဆို႔ ထား ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဝင္းဝ႐ြာက ႐ြာသားေတြကို PDFေတြက ေပးမထြက္ဘူး။ အခုက ႐ြာထဲကေနဘယ္သူမွထြက္မရဘူး။ ထြက္သမွ်ကို ပစ္သတ္မယ္လို႔ ေျပာထားတာကိုး။ အခု တပ္ဘက္ကလည္းဝင္မရဘူး။ ဝင္မရေတာ့ အဲဒီဝင္းဝေက်း႐ြာေဘးက တံတားေဘးမွာ စစ္တပ္ရွိတယ္။ ေတာင္ ကုန္းေပၚမွာက တပ္ခြဲတစ္ခုရွိတယ္။ အဲဒီမွာ ရဲစခန္းလည္းရွိတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ ဘက္ကလည္း အင္အားနည္းနည္းႀကီးတယ္။ PDFဘက္ကလည္း အင္အားႀကီးတယ္။ PDFက အင္အားမရွိဘူးဆို ေထာင္ေက်ာ္မယ္။ KNUခြဲထြက္အဖြဲ႕ေတြ လည္း ပါတယ္။ သူတို႔က တပ္မဟာ (၄) (၅) (၆)အဖြဲ႕ေတြေပါ့။ တပ္မ (၅)ဆိုရင္ ပဲခူးဘက္ အဖြဲ႕ေတြေတာင္ပါတယ္။ ထားဝယ္ PDFေတြက အဲဒီေလာက္ သတၱိမရွိဘူး။ ခိုးေၾကာင္ခိုးဝွက္ပဲတိုက္ရဲတဲ့ ေကာင္ေတြ။ သူတို႔က တည့္မလုပ္ရဲဘူး”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဝင္းဝေက်း႐ြာသည္ ထားဝယ္ၿမိဳ႕၏ေတာင္ဘက္ ထားဝယ္-ၿမိတ္ကားလမ္းေပၚတြင္တည္ရွိၿပီး အိမ္ေျခ(၅၀၀)ေက်ာ္ရွိကာ လူဦးေရေထာင္ ႏွင့္ခ်ီေနထိုင္ေသာ ေက်း႐ြာႀကီးတစ္ခုျဖစ္ေၾကာင္း သိရသည္။

ယင္းေက်း႐ြာပတ္ပတ္လည္ကို KNU၊ PDFပူးေပါင္းအဖြဲ႕က ဝန္းရံပိတ္ဆို႔ထားသည့္အတြက္ေဒသခံမ်ားအေနျဖင့္ သြားလာေရးမ်ားႏွင့္ စားဝတ္ေနေရးမ်ားစြာအခက္ခဲျဖစ္ေပၚေနသည့္အျပင္ တိုက္ပြဲမ်ားျဖစ္ပြားလာပါက စစ္ေဘးေရွာင္ရန္ပင္အခက္အခဲရွိေနေၾကာင္းလည္း အထက္ပါ ေဒသခံကဆိုသည္။

“ဝင္းဝ႐ြာက အိမ္ေျခ(၅၀၀)အထက္ရွိမယ္။ ႐ြာႀကီးျဖစ္တယ္။ ၿပီးေတာ့ အဲဒီေနရာကလူေတြက ကားသမားေတြဂိတ္ထိုးတဲ့ေနရာေလ။ ထမင္းဆိုင္ ေတြနဲ႔ တည္းခိုခန္းေလးေတြရွိတယ္။ ေဒသခံေတြကေျပာင္းလို႔ကိုမရတာ။ အျပင္ထြက္တာနဲ႔ပစ္သတ္မယ္လို႔ေျပာထား တာပဲ”ဟု အထက္ပါေဒသခံက ေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၂၃ကလည္း ထားဝယ္အေရွ႕ေတာေဒရွိ ေတာင္သုံး႐ြာအေျခခံပညာစာသင္ေက်ာင္းတြင္ ခိုေအာင္းေနေသာ PDFအဖြဲ႕ကို တပ္မေတာ္မွ ေလေၾကာင္းမွ ဗုံးက်ဲရွင္းလင္းခဲ့ရာ အၾကမ္းဖက္အားေပးမီဒီယာမ်ား၏ ေဖာ္ျပေရးသား ခ်က္တြင္မူ အရပ္သားမ်ားသာ ထိခိုက္ေသဆုံးခဲ့ေၾကာင္း ေရးသားခဲ့သည္ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

“လြန္ခဲ့တဲ့ ဧၿပီလ (၂၃)ရက္က ေတာင္သုံးလုံး႐ြာက PDFေတြခိုေအာင္းေနတဲ့ စာသင္ေက်ာင္းကို ဗုံးက်ဲလိုက္တယ္။ အဲဒီမွာ (၂၀၀)ေလာက္ ျပဳတ္သြားတယ္။ မရွိဘူးဆို (၁၆၀)အထက္မွာထိတယ္။ အဲဒီဟာကို တစ္ဖက္မီဒီယာေတြက အရပ္သားေသတယ္လို႔ ေျပာၾကတာရွိ တယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

လက္ရွိတြင္ ထားဝယ္ေဒသ၌ ေဒသတြင္းလက္နက္ကိုင္အဖြဲ႕မ်ား အင္းအားစုဖြဲ႕မႈပိုမိုႀကီးထြားၿပီး ၿပီးခဲ့သည့္ ဧၿပီလ ၂၁ရက္ကလည္း မြန္၊ ကရင္ႏွင့္ ထားဝယ္ PDFလက္နက္ကိုင္အဖြဲ႕မ်ားက ထားဝယ္ေဒသတြင္ တိုက္ပြဲမ်ားဆက္ ေဖာ္ေဆာင္ရန္ မဟာမိတ္ဖြဲ႕ထားၿပီေသာေၾကာင့္ ေဒသခံမ်ား စိုးရိမ္မႈျမင့္တက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.