အီရန်နဲ့ပတ်သက်နေတဲ့နိုင်ငံတွေကို ပိတ်ဆို့အရေးယူမှုလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

280

Pika (NPNews) - မေ ၃
အီရန်ရေနံ ဒါမှမဟုတ် ရေနံဓါတုပစ္စည်းတွေကို ဆက်လက်ဝယ်ယူနေတဲ့နိုင်ငံတွေဟာ ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်နဲ့ ရေနံကုန်သွယ်မှုတွေလုပ်ဆောင်နေတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အီရန်ရေနံ ဒါမှမဟုတ် ရေနံဓါတုပစ္စည်းတွေ ဝယ်ယူမှုတွေအားလုံးကို ချက်ချင်းရပ်တန့်ရပါမယ်” လို့ ပြောခဲ့ပါတယ်။
အီရန်ရေနံနဲ့ ရေနံဓါတုပစ္စည်းတွေ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီ(၇)ခုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အဲဒီထုတ်ပြန် ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပိတ်ဆို့အရေးယူမှုစာရင်းမှာ ယူအေအီးနိုင်ငံအခြေစိုက် အဖွဲ့အစည်း(၆)ခုအပြင် တူရကီကုမ္ပဏီတစ်ခုနဲ့ အီရန်ကုမ္ပဏီတစ်ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ ဒါမှမဟုတ် နောက်ဆုံး ဖွံ့ဖြိုး တိုးတက်မှုတွေအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
Zawgyi Version:
အီရန္နဲ႔ပတ္သက္ေနတဲ့ႏိုင္ငံေတြကို ပိတ္ဆို႔အေရးယူမႈလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NSS) - ေမ ၃
အီရန္ေရနံ ဒါမွမဟုတ္ ေရနံဓါတုပစၥည္းေတြကို ဆက္လက္ဝယ္ယူေနတဲ့ႏိုင္ငံေတြဟာ ဒုတိယအႀကိမ္ေျမာက္ ပိတ္ဆို႔အေရးယူမႈေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ အီရန္ၾကားေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္နဲ႔ ေရနံကုန္သြယ္မႈေတြလုပ္ေဆာင္ေနတဲ့ ဘယ္ႏိုင္ငံကိုမဆို အေမရိကန္ႏိုင္ငံနဲ႔ စီးပြားေရးလုပ္ဖို႔ ခြင့္ျပဳမွာ မဟုတ္ပါဘူး။ အီရန္ေရနံ ဒါမွမဟုတ္ ေရနံဓါတုပစၥည္းေတြ ဝယ္ယူမႈေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္ေရနံနဲ႔ ေရနံဓါတုပစၥည္းေတြ တရားမဝင္ကုန္သြယ္မႈမွာ ပါဝင္ပတ္သက္ေနတဲ့ ကုမၸဏီ(၇)ခုကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ အဲဒီထုတ္ျပန္ ေၾကညာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ပိတ္ဆို႔အေရးယူမႈစာရင္းမွာ ယူေအအီးႏိုင္ငံအေျခစိုက္ အဖြဲ႕အစည္း(၆)ခုအျပင္ တူရကီကုမၸဏီတစ္ခုနဲ႔ အီရန္ကုမၸဏီတစ္ခုတို႔ ပါဝင္တယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈအသစ္ေတြ ဒါမွမဟုတ္ ေနာက္ဆုံး ဖြံ႕ၿဖိဳး တိုးတက္မႈေတြအေပၚ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။