အိန္ဒိယမှာ ဟိုတယ် မီးလောင်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

 226

ရောင်နီ (NP News) - မေ ၃

အိန္ဒိယနိုင်ငံ ကိုကာတာမြို့ရှိ ဟိုတယ်တစ်ခုမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာမှ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရ တယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀ ရက်) မှာ ပြောပါတယ်။ ဟိုတယ်နာမည်ကတော့ Rituraj ဖြစ်ပြီး ဘတ်ဂျက်ဟိုတယ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
အင်္ဂါနေ့(ဧပြီ ၂၈ ရက်) ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူအများစုကိုတော့ ဟိုတယ်ခေါင်မိုး ကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကိုကာတာ ရဲတပ်ဖွဲ့အကြီးအကဲ မာနိုဂျ်ဗာမာ က ပြောပါတယ်။ မီးလောင်မှု ကြောင့် ဟိုတယ်ဟာ ဓာတ်ငွေ့ခန်းအဖြစ် ပြောင်းလဲသွားပြီး လူအများအပြား အသက်ရှုကြပ်သေဆုံးသွားပုံပေါ် တယ်လို့ ဗာမာ မှ ပြောကြားပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို သိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ Rituraj ဟိုတယ်မှာ မီးလောင်မှုဖြစ်ပွားချိန်က ဧည့်သည် ၈၈ ဦး တည်းခိုနေခဲ့ကြတာ ဖြစ်ပါတယ်။ ဟိုတယ်ဟာ ကိုကာလာမြို့ရဲ့ လူရှုပ်တဲ့ စီးပွားရေး လမ်းမပေါ်မှာ တည်ရှိပါတယ်။ လူတစ်ဒါဇင်ခန့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
မီးငြှိမ်းသတ်ကိရိယာတွေ မရှိခြင်းနဲ့ ဘေးကင်းရေး စည်းမျဉ်းတွေကို ဂရုမစိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံမှာ အဆောက်အအုံ မီးလောင်မှု ဖြစ်ပွားလေ့ရှိပါတယ်။

Zawgyi Version:
အိႏၵိယမွာ ဟိုတယ္ မီးေလာင္မႈေၾကာင့္ လူ ၁၅ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ေမ ၃
အိႏၵိယႏိုင္ငံ ကိုကာတာၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွာ မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ရာမွ လူ ၁၅ ဦးထက္မနည္း ေသဆုံးခဲ့ရ တယ္လို႔ ရဲတပ္ဖြဲ႕က ဗုဒၶဟူးေန႔ (ဧၿပီ ၃၀ ရက္) မွာ ေျပာပါတယ္။ ဟိုတယ္နာမည္ကေတာ့ Rituraj ျဖစ္ၿပီး ဘတ္ဂ်က္ဟိုတယ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
အဂၤါေန႔(ဧၿပီ ၂၈ ရက္) ညေနပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး လူအမ်ားစုကိုေတာ့ ဟိုတယ္ေခါင္မိုး ကေန ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ကိုကာတာ ရဲတပ္ဖြဲ႕အႀကီးအကဲ မာႏိုဂ်္ဗာမာ က ေျပာပါတယ္။ မီးေလာင္မႈ ေၾကာင့္ ဟိုတယ္ဟာ ဓာတ္ေငြ႕ခန္းအျဖစ္ ေျပာင္းလဲသြားၿပီး လူအမ်ားအျပား အသက္ရႈၾကပ္ေသဆုံးသြားပုံေပၚ တယ္လို႔ ဗာမာ မွ ေျပာၾကားပါတယ္။ မီးေလာင္ရတဲ့အေၾကာင္းရင္းကို သိရဖို႔ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေန တယ္လို႔ သိရပါတယ္။ Rituraj ဟိုတယ္မွာ မီးေလာင္မႈျဖစ္ပြားခ်ိန္က ဧည့္သည္ ၈၈ ဦး တည္းခိုေနခဲ့ၾကတာ ျဖစ္ပါတယ္။ ဟိုတယ္ဟာ ကိုကာလာၿမိဳ႕ရဲ႕ လူရႈပ္တဲ့ စီးပြားေရး လမ္းမေပၚမွာ တည္ရွိပါတယ္။ လူတစ္ဒါဇင္ခန႔္ မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့ၾကၿပီး ေဆးကုသမႈ ခံယူခဲ့ရပါတယ္။
မီးျငႇိမ္းသတ္ကိရိယာေတြ မရွိျခင္းနဲ႔ ေဘးကင္းေရး စည္းမ်ဥ္းေတြကို ဂ႐ုမစိုက္ျခင္းေၾကာင့္ အိႏၵိယႏိုင္ငံမွာ အေဆာက္အအုံ မီးေလာင္မႈ ျဖစ္ပြားေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.