အိန္ဒိယနိုင်ငံ ဘုရားကျောင်းမှာ လူအုပ်ပြိုကျမှုကြောင့် လူခြောက်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

141
ရောင်နီ (NP News) - မေ ၄
ဟိန္ဒူဘာသာဝင် ရာနဲ့ချီ စုဝေးရာ အနောက်ဘက် ကမ်းရိုးတန်းပြည်နယ် ဂိုအာမှာ လူအုပ်ပြိုကျမှုကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိက စနေနေ့(မေလ ၃ ရက်) မှာ ပြောပါတယ်။
မီးနင်းခြင်း အပါအဝင် အခမ်းအနားတွေ ကျင်းပပြုလုပ်ရာနေရာ ရှာဂါအို ရွာရှိ ရှရီလိုင်ရိုင်ဇက်တရာ ပွဲတော်မှာ သောကြာနေ့ (မေလ ၂ ရက်) ညက လူအုပ်ပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"ဘာသာရေး အခမ်းအနားတစ်ခုဖြစ်ပြီး အလွန်ယုံကြည်သက်ဝင်သူတွေကြောင့် အန္တရာယ်ရှိတဲ့ လူအုပ်ပြီး ဖြစ်ခဲ့ပါတယ်" "လူခြောက်ဦး အသက်ဆုံးရှုံးပြီး ရှစ်ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ရဲအရာရှိက ပြောပါတယ်။
ဟိန္ဒူဘာသာရေးစုဝေးပွဲကြီးတွေမှာ ကြီးမားတဲ့ လူအုပ်ကြီး ဖြစ်လေ့ရှိတာကြောင့် အိန္ဒိယနိုင်ငံမှာ ကြီးမားတဲ့ ဟိန္ဒူဘာသာရေး စုဝေးပွဲတွေမှာ လူနင်းမိခြင်း၊ လူအုပ်ပြိုခြင်း ဖြစ်ရပ်တွေဟာ ပုံမှန်လို ဖြစ်နေပါတယ်။
Zawgyi Version:
အိႏၵိယႏိုင္ငံ ဘုရားေက်ာင္းမွာ လူအုပ္ၿပိဳက်မႈေၾကာင့္ လူေျခာက္ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရ
ေရာင္နီ (NP News) - ေမ ၄
ဟိႏၵဴဘာသာဝင္ ရာနဲ႔ခ်ီ စုေဝးရာ အေနာက္ဘက္ ကမ္း႐ိုးတန္းျပည္နယ္ ဂိုအာမွာ လူအုပ္ၿပိဳက်မႈေၾကာင့္ အနည္းဆုံး လူေျခာက္ဦး ေသဆုံးၿပီး ၅၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲအရာရွိက စေနေန႔(ေမလ ၃ ရက္) မွာ ေျပာပါတယ္။
မီးနင္းျခင္း အပါအဝင္ အခမ္းအနားေတြ က်င္းပျပဳလုပ္ရာေနရာ ရွာဂါအို ႐ြာရွိ ရွရီလိုင္႐ိုင္ဇက္တရာ ပြဲေတာ္မွာ ေသာၾကာေန႔ (ေမလ ၂ ရက္) ညက လူအုပ္ၿပိဳမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
"ဘာသာေရး အခမ္းအနားတစ္ခုျဖစ္ၿပီး အလြန္ယုံၾကည္သက္ဝင္သူေတြေၾကာင့္ အႏၲရာယ္ရွိတဲ့ လူအုပ္ၿပီး ျဖစ္ခဲ့ပါတယ္" "လူေျခာက္ဦး အသက္ဆုံးရႈံးၿပီး ရွစ္ဦးထက္မနည္း ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ပါတယ္” လို႔ ရဲအရာရွိက ေျပာပါတယ္။
ဟိႏၵဴဘာသာေရးစုေဝးပြဲႀကီးေတြမွာ ႀကီးမားတဲ့ လူအုပ္ႀကီး ျဖစ္ေလ့ရွိတာေၾကာင့္ အိႏၵိယႏိုင္ငံမွာ ႀကီးမားတဲ့ ဟိႏၵဴဘာသာေရး စုေဝးပြဲေတြမွာ လူနင္းမိျခင္း၊ လူအုပ္ၿပိဳျခင္း ျဖစ္ရပ္ေတြဟာ ပုံမွန္လို ျဖစ္ေနပါတယ္။