အမေရိကန်နိုင်ငံ၊ ရဲလိုးစတုန်း ပန်းခြံအနီးမှာ ယာဉ်တိုက်မှုကြောင့် လူခုနှစ်ဦး သေဆုံး

 139

ရောင်နီ (NP News) - မေ ၄

အမေရိကန်နိုင်ငံ၊ ရဲလိုးစတုန်း အမျိုးသားဥယျာဉ်အနီး အဝေးပြေးလမ်းမကြီးမှာ နိုင်ငံခြားသားခရီးသွား တစ်ဒါဇင်ကျော်ကို တင်ဆောင်လာတဲ့ ဗင်ကားတစ်စီးနဲ့ Dodge Ran ပစ်ကတ်စ် ထရပ်ကား တစ်စီး တိုက်မိပြီး လူခုနှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အိုင်ဒါဟိုပြည်နယ် ရဲတပ်ဖွဲ့က မေ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခင်းကတော့ မေလ ၁ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဗင်ကားဟာ နိုင်ငံခြားသား ခရီးသွားတွေကို တင်ဆောင် မောင်းနှင်လာတာဖြစ်ပြီး ထရပ်ကားနဲ့ တိုက်မိချိန်မှာတော့ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြာပါတယ်။ ဒါကြောင့် ဗင်ကားပေါ်မှ ကားမောင်းသူ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ထရပ်ကားမောင်းသူတစ်ဦးတည်းသာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ကဖြစ်ပြီး သေဆုံးသွားသူ ခြောက်ဦးစလုံးဟာ အမေရိကန်ပြင်ပမှဖြစ်ကာ ၄င်းတို့ထဲက နှစ်ဦးဟာ အီတလီနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ ရဲလိုးစတုန္း ပန္းၿခံအနီးမွာ ယာဥ္တိုက္မႈေၾကာင့္ လူခုႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေမ ၄

အေမရိကန္ႏိုင္ငံ၊ ရဲလိုးစတုန္း အမ်ိဳးသားဥယ်ာဥ္အနီး အေဝးေျပးလမ္းမႀကီးမွာ ႏိုင္ငံျခားသားခရီးသြား တစ္ဒါဇင္ေက်ာ္ကို တင္ေဆာင္လာတဲ့ ဗင္ကားတစ္စီးနဲ႔ Dodge Ran ပစ္ကတ္စ္ ထရပ္ကား တစ္စီး တိုက္မိၿပီး လူခုႏွစ္ဦး ေသဆုံး၊ ရွစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ အိုင္ဒါဟိုျပည္နယ္ ရဲတပ္ဖြဲ႕က ေမ ၂ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
အခင္းကေတာ့ ေမလ ၁ ရက္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဗင္ကားဟာ ႏိုင္ငံျခားသား ခရီးသြားေတြကို တင္ေဆာင္ ေမာင္းႏွင္လာတာျဖစ္ၿပီး ထရပ္ကားနဲ႔ တိုက္မိခ်ိန္မွာေတာ့ မီးေလာင္ေပါက္ကြဲခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကာပါတယ္။ ဒါေၾကာင့္ ဗင္ကားေပၚမွ ကားေမာင္းသူ အပါအဝင္ လူ ၇ ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၈ ဦးကို ေဆး႐ုံပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။
ထရပ္ကားေမာင္းသူတစ္ဦးတည္းသာ အေမရိကန္ႏိုင္ငံ၊ တကၠဆက္ကျဖစ္ၿပီး ေသဆုံးသြားသူ ေျခာက္ဦးစလုံးဟာ အေမရိကန္ျပင္ပမွျဖစ္ကာ ၄င္းတို႔ထဲက ႏွစ္ဦးဟာ အီတလီႏိုင္ငံသားေတြ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.