(၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ပြီဟု ရုရှားအစိုးရပြော

269

Pika (NP News) - မေ ၁ဝ
ရုရှားသမ္မတပူတင်က အဆိုပြုခဲ့သော (၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ တရားဝင် အသက်ဝင်လာပြီဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က အသက်ဝင်လာမှုနှင့်အတူ မေလ(၈)ရက်တွင် ရုရှားတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်မဝင်မီ နာရီပိုင်းအလို တွင် ယူကရိန်းဘက်မှ ဒရုန်းဖြင့်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီအပေါ် အောင်နိုင်မှုနှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် (၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ပူတင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ကြိုတင်သတ်မှတ်ချက်များမရှိဘဲ ယူကရိန်းနှင့်တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် လမ်းတစ်ခုကိုဖန်တီးရန် ရည်ရွယ်ထားကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “ဒါက သမ္မတပူတင်ကလုပ်ဆောင်ခဲ့တဲ့ ရုရှားဘက်က ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။ ယူကရိန်းဘက်က စံချိန်တင်ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း ရုရှားဘက်က ဒီအပစ်အခတ်ရပ်စဲရေးကို ဂုဏ်ပြုဖို့ ကတိပြုထားပါတယ်” ဟု ပြောခဲ့သည်။
သို့သော်လည်း ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားဘက်ကအဆိုပြုခဲ့သည့် (၇၂)နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၇၂)နာရီၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ စတင္အသက္ဝင္ၿပီဟု ႐ုရွားအစိုးရေျပာ
Pika (NP News) - ေမ ၁ဝ
႐ုရွားသမၼတပူတင္က အဆိုျပဳခဲ့ေသာ (၇၂)နာရီၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မွာ တရားဝင္ အသက္ဝင္လာၿပီျဖစ္ေၾကာင္း ႐ုရွားအစိုးရက ထုတ္ျပန္ခဲ့သည္။
အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္က အသက္ဝင္လာမႈႏွင့္အတူ ေမလ(၈)ရက္တြင္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားက ထိုးစစ္ဆင္မႈမ်ားကို ရပ္ဆိုင္းခဲ့ေသာ္လည္း အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ အသက္မဝင္မီ နာရီပိုင္းအလို တြင္ ယူကရိန္းဘက္မွ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈမ်ား ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စုက နာဇီဂ်ာမနီအေပၚ ေအာင္ႏိုင္မႈႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္အျဖစ္ (၇၂)နာရီၾကာ အပစ္အခတ္ရပ္စဲေရးကို ပူတင္က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္သည္ ႀကိဳတင္သတ္မွတ္ခ်က္မ်ားမရွိဘဲ ယူကရိန္းႏွင့္တိုက္႐ိုက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားအတြက္ လမ္းတစ္ခုကိုဖန္တီးရန္ ရည္႐ြယ္ထားေၾကာင္း ႐ုရွားအစိုးရက ေျပာၾကားခဲ့သည္။
႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “ဒါက သမၼတပူတင္ကလုပ္ေဆာင္ခဲ့တဲ့ ႐ုရွားဘက္က ႀကိဳးပမ္းမႈတစ္ခုပဲျဖစ္ပါတယ္။ ယူကရိန္းဘက္က စံခ်ိန္တင္ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြရွိေနေပမယ့္လည္း ႐ုရွားဘက္က ဒီအပစ္အခတ္ရပ္စဲေရးကို ဂုဏ္ျပဳဖို႔ ကတိျပဳထားပါတယ္” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားဘက္ကအဆိုျပဳခဲ့သည့္ (၇၂)နာရီၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လက္ခံရန္ ျငင္းဆိုခဲ့ေၾကာင္း သိရသည္။