အမေရိကန်တွင် မွေးဖွားခဲ့သူ ရဟန်းအမတ်ရောဘတ်ပရီဗို့စ်ကို ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် ရွေးချယ်

158

ဂျန်ဇက် (NP News) - မေ ၁ဝ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီးအသစ်ထပ်မံရွေးချယ်ခဲ့ရာ အမေရိကန် နိုင်ငံသားရဟန်းအမတ် ရောဘတ်ပရီ ဗို့စ် ကို မေလ (၈) ရက်တွင် ပုပ်ရဟန်းမင်းကြီးအသစ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ရောဘတ်ပရီဗို့စ်သည် ပီရူးနိုင်ငံ၌ ခရစ်ယာန်သာသနာပြုလုပ်ငန်း များ ဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိအချိန်တွင် ပရိသတ်များနှင့်အတူ အောင်ပွဲခံနေကြောင်း သိရသည်။
ချီကာဂိုမြို့တွင်မွေးဖွားခဲ့သော ရောဘတ်ပရီဗို့စ်သည် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး ကြီးမားသော ဂုဏ်ယူစရာဖြစ်စေခဲ့ကြောင်း အမေရိကန်သမ္မတက ပြောသည်။ ၎င်းသည် မြောက်အမေရိက တိုက် အတွင်းမှ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးရွေးကောက်ခံရသူဖြစ်ကြောင်း သိရသည်။ အသက် (၆၉) နှစ်အရွယ်ရှိ ရောဘတ်ပရီဗို့စ်သည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ပြီး ပီရူးနိုင်ငံတွင် ခရစ်ယာန်သာသနာပြုလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
ရောဘတ်ပရီဗို့စ်သည် ကမ္ဘာ့အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး တောင်အမေရိကတိုက်ပွဲတွင် ခရစ်ယာန် သာသနာ ပြုလုပ်ငန်းများ အဓိကထား လုပ်ကိုင်ခဲ့သူဖြစ်ပြီး အမေရိကန်နှင့် ပီရူးနိုင်ငံသားခံယူထားသူဖြစ်သည်။ ရောဘတ်ပရီ ဗို့စ်ကို ပုပ်ရဟန်းမင်း ကြီးအသစ်အဖြစ် (လီယို-၁၄) ဘွဲ့အမည်ဖြင့် ရွေးကောက်ခဲ့ခြင်းကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး သမိုင်းတစ်လျှောက်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ်တာဝန်ယူခဲ့သူ (၂၆၇)ဦး အနက် (၂၀ဝ) ဦးက အီတလီနိုင်ငံတွင် မွေးဖွားခဲ့သူများဖြစ်ပြီး ရောဘတ်ပရီဗို့စ်သည် အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့သည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့ကြောင်း သိရသည်။ ရောဘတ်ပရီဗို့စ်သည် ကွယ်လွန်သွားသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လက်သစ်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ဂျွန်ရီဗို့စ်က ပြောသည်။ ဂျွန်ရီဗို့စ်က “ရောဘတ်ပရီဗို့စ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ခြေရာနင်းနိုင်မယ့်သူမျိုးဖြစ်တယ်” ဟု ပြောသည်။

Zawgyi Version:
အေမရိကန္တြင္ ေမြးဖြားခဲ့သူ ရဟန္းအမတ္ေရာဘတ္ပရီဗို႔စ္ကို ပုပ္ရဟန္းမင္းႀကီးအသစ္အျဖစ္ ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - ေမ ၁ဝ
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ကြယ္လြန္ခဲ့ၿပီးေနာက္ ပုပ္ရဟန္းမင္းႀကီးအသစ္ထပ္မံေ႐ြးခ်ယ္ခဲ့ရာ အေမရိကန္ ႏိုင္ငံသားရဟန္းအမတ္ ေရာဘတ္ပရီ ဗို႔စ္ ကို ေမလ (၈) ရက္တြင္ ပုပ္ရဟန္းမင္းႀကီးအသစ္ အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ေၾကာင္း သိရသည္။ ေရာဘတ္ပရီဗို႔စ္သည္ ပီ႐ူးႏိုင္ငံ၌ ခရစ္ယာန္သာသနာျပဳလုပ္ငန္း မ်ား ေဆာင္႐ြက္ေနသူျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ပရိသတ္မ်ားႏွင့္အတူ ေအာင္ပြဲခံေနေၾကာင္း သိရသည္။
ခ်ီကာဂိုၿမိဳ႕တြင္ေမြးဖြားခဲ့ေသာ ေရာဘတ္ပရီဗို႔စ္သည္ ပုပ္ရဟန္းမင္းႀကီးအသစ္ ေ႐ြးခ်ယ္ခံရျခင္းႏွင့္ပတ္သက္ၿပီး ႀကီးမားေသာ ဂုဏ္ယူစရာျဖစ္ေစခဲ့ေၾကာင္း အေမရိကန္သမၼတက ေျပာသည္။ ၎သည္ ေျမာက္အေမရိက တိုက္ အတြင္းမွ ပုပ္ရဟန္းမင္းႀကီးအျဖစ္ ပထမဆုံးေ႐ြးေကာက္ခံရသူျဖစ္ေၾကာင္း သိရသည္။ အသက္ (၆၉) ႏွစ္အ႐ြယ္ရွိ ေရာဘတ္ပရီဗို႔စ္သည္ ျပဳျပင္ေျပာင္းလဲေရးသမားတစ္ဦးျဖစ္ၿပီး ပီ႐ူးႏိုင္ငံတြင္ ခရစ္ယာန္သာသနာျပဳလုပ္ငန္းမ်ား လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။
ေရာဘတ္ပရီဗို႔စ္သည္ ကမာၻ႔အေတြ႕အႀကဳံ ရင့္က်က္သူျဖစ္ၿပီး ေတာင္အေမရိကတိုက္ပြဲတြင္ ခရစ္ယာန္ သာသနာ ျပဳလုပ္ငန္းမ်ား အဓိကထား လုပ္ကိုင္ခဲ့သူျဖစ္ၿပီး အေမရိကန္ႏွင့္ ပီ႐ူးႏိုင္ငံသားခံယူထားသူျဖစ္သည္။ ေရာဘတ္ပရီ ဗို႔စ္ကို ပုပ္ရဟန္းမင္း ႀကီးအသစ္အျဖစ္ (လီယို-၁၄) ဘြဲ႕အမည္ျဖင့္ ေ႐ြးေကာက္ခဲ့ျခင္းကို ကမာၻတစ္ဝန္းရွိ ႏိုင္ငံ ေခါင္းေဆာင္မ်ားက ခ်ီးက်ဴးဂုဏ္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ပုပ္ရဟန္းမင္းႀကီး သမိုင္းတစ္ေလွ်ာက္တြင္ ပုပ္ရဟန္းမင္းႀကီးအျဖစ္တာဝန္ယူခဲ့သူ (၂၆၇)ဦး အနက္ (၂၀ဝ) ဦးက အီတလီႏိုင္ငံတြင္ ေမြးဖြားခဲ့သူမ်ားျဖစ္ၿပီး ေရာဘတ္ပရီဗို႔စ္သည္ အေမရိကန္ႏိုင္ငံတြင္ ေမြးဖြားခဲ့သည့္ ပထမဆုံး ပုပ္ရဟန္းမင္းႀကီးျဖစ္လာခဲ့ေၾကာင္း သိရသည္။ ေရာဘတ္ပရီဗို႔စ္သည္ ကြယ္လြန္သြားေသာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္လက္သစ္ျဖစ္လာမည္ျဖစ္ေၾကာင္း ၎၏အစ္ကိုျဖစ္သူ ဂြၽန္ရီဗို႔စ္က ေျပာသည္။ ဂြၽန္ရီဗို႔စ္က “ေရာဘတ္ပရီဗို႔စ္ဟာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ရဲ႕ေျခရာနင္းႏိုင္မယ့္သူမ်ိဳးျဖစ္တယ္” ဟု ေျပာသည္။