အိန္ဒိယနဲ့ ပါကစ္စတန်စစ်တပ်ကြား စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ အပြန်အလှန်တိုက်ခိုက်

 393

ဂျန်ဇက် (NP News) - မေ ၁ဝ

ကက်ရှ်မီးယားပြည်နယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်လျက်ရှိနေတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန်တို့ဟာ မေလ ၉ ရက်မှာ စစ်အခြေစိုက်စခန်းတွေကို အပြန်အလှန်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ပြီး အပြန်အလှန်စွပ်စွဲ ပြောဆိုခြင်းတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ဟာ ‘Operation Bunyan-un-Marsoos’ သို့မဟုတ် Iron Wall' အမည်ရှိ စစ်ဆင်ရေးကို စတင်ခဲ့ပြီး အိန္ဒိယစစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ် လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ဟာ ဂျမူး၊ နယူးဒေလီ အပါအဝင် အိန္ဒိယပိုင်နက်တွေကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အိန္ဒိယစစ်တပ်ကတော့ ပါကစ္စတန်ရဲ့ဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပါကစ္စတန်စစ်တပ်က "မေလ ၆ ရက်နေ့တုန်းက အိန္ဒိယစစ်တပ်ဟာ ကျွန်တော်တို့ လေတပ်အခြေစိုက်စခန်းတွေ ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီအတွက် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်" လို့ ဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ရှာရစ်ကလည်း "ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယကို ထိုက်သင့်တဲ့ တုံ့ပြန်မှု ပေးခဲ့တယ်။ အပြစ်မဲ့အသက်တွေကို သတ်ခဲ့တဲ့အတွက် အပြစ်ပေးခဲ့တာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံ ပိုင်နက်နယ်စပ်တွေကို ဦးတည်ရွေ့လျားနေတဲ့အတွက် နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှုပိုမိုဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယစစ်တပ်တာဝန်ရှိသူတစ်ဦးက " ရန်လိုမှုတွေကို ထိုက်တန်တဲ့တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်။ အိန္ဒိယစစ်သားတွေကိုလည်း အမြင့်ဆုံးတပ်လှန့် ထားတယ်" လို့ ပြောပါတယ်။
အိန္ဒိယလေတပ်အကြီးအကဲ နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ပါကစ္စတန်ရဲ့တိုက်ခိုက်မှုများကြောင့် အိန္ဒိယရှိ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးခဲ့တယ် ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ဟာ Adampur ရှိ အိန္ဒိယစစ်တပ်ရဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖျက်ဆီးခြင်း၊ Surat နဲ့ Sirsa ရှိ လေယာဉ်ကွင်းများကို ဖျက်ဆီးခြင်း၊ Nagrota ရှိ Brahmos နေရာများ၊ Derangyari နှင့် Chandigarh ကျည်ဆံများ သိုလှောင်ရာ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ ပါကစၥတန္စစ္တပ္ၾကား စစ္အေျခစိုက္စခန္းေတြကို ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္တိုက္ခိုက္
ဂ်န္ဇက္ (NP News) - ေမ ၁ဝ
ကက္ရွ္မီးယားျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္တက္လ်က္ရွိေနတဲ့ အိႏၵိယ နဲ႔ ပါကစၥတန္တို႔ဟာ ေမလ ၉ ရက္မွာ စစ္အေျခစိုက္စခန္းေတြကို အျပန္အလွန္တိုက္ခိုက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ၿပီး အျပန္အလွန္စြပ္စြဲ ေျပာဆိုျခင္းေတြရွိခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္ဟာ ‘Operation Bunyan-un-Marsoos’ သို႔မဟုတ္ Iron Wall' အမည္ရွိ စစ္ဆင္ေရးကို စတင္ခဲ့ၿပီး အိႏၵိယစစ္အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္ လို႔ ပါကစၥတန္စစ္တပ္က ေျပာပါတယ္။
ပါကစၥတန္စစ္တပ္ဟာ ဂ်မူး၊ နယူးေဒလီ အပါအဝင္ အိႏၵိယပိုင္နက္ေတြကို ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထား တိုက္ခိုက္ခဲ့ တာျဖစ္ၿပီး အိႏၵိယစစ္တပ္ကေတာ့ ပါကစၥတန္ရဲ႕ဒုံးက်ည္ေတြကို ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ပါကစၥတန္စစ္တပ္က "ေမလ ၆ ရက္ေန႔တုန္းက အိႏၵိယစစ္တပ္ဟာ ကြၽန္ေတာ္တို႔ ေလတပ္အေျခစိုက္စခန္းေတြ ကို တိုက္ခိုက္ခဲ့တယ္။ အဲဒီအတြက္ ျပန္လည္လက္တုံ႔ျပန္တိုက္ခိုက္ခဲ့တာျဖစ္တယ္" လို႔ ဆိုပါတယ္။
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ရွာရစ္ကလည္း "ပါကစၥတန္စစ္တပ္ဟာ အိႏၵိယကို ထိုက္သင့္တဲ့ တုံ႔ျပန္မႈ ေပးခဲ့တယ္။ အျပစ္မဲ့အသက္ေတြကို သတ္ခဲ့တဲ့အတြက္ အျပစ္ေပးခဲ့တာမ်ိဳးျဖစ္တယ္" လို႔ ေျပာပါတယ္။
ပါကစၥတန္စစ္တပ္ရဲ႕တပ္ဖြဲ႕ဝင္ေတြဟာ အိႏၵိယႏိုင္ငံ ပိုင္နက္နယ္စပ္ေတြကို ဦးတည္ေ႐ြ႕လ်ားေနတဲ့အတြက္ ႏွစ္ႏိုင္ငံၾကားစစ္ေရးတင္းမာမႈပိုမိုျဖစ္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အိႏၵိယစစ္တပ္တာဝန္ရွိသူတစ္ဦးက " ရန္လိုမႈေတြကို ထိုက္တန္တဲ့တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္။ အိႏၵိယစစ္သားေတြကိုလည္း အျမင့္ဆုံးတပ္လွန႔္ ထားတယ္" လို႔ ေျပာပါတယ္။
အိႏၵိယေလတပ္အႀကီးအကဲ နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ ပါကစၥတန္ရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ အိႏၵိယရွိ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အအုံမ်ားကို ထိခိုက္ပ်က္စီးခဲ့တယ္ ဆိုတဲ့သတင္းေတြကို ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္ဟာ Adampur ရွိ အိႏၵိယစစ္တပ္ရဲ႕ S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ဖ်က္ဆီးျခင္း၊ Surat နဲ႔ Sirsa ရွိ ေလယာဥ္ကြင္းမ်ားကို ဖ်က္ဆီးျခင္း၊ Nagrota ရွိ Brahmos ေနရာမ်ား၊ Derangyari ႏွင့္ Chandigarh က်ည္ဆံမ်ား သိုေလွာင္ရာ ေနရာေတြကို တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြထြက္ေပၚခဲ့ပါတယ္။

Related news

© 2021. All rights reserved.