(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည်

175

ပီယ (NP News) – မေ ၁၉
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများ တွင် ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ကျင်းပသော (Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက တက်ရောက်အမှာစကားပြောကြားစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံအရ (Urban Health Center-UHC)ဒေသန္တရကျန်းမာရေးဌာနများကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန်အတွက် ယခုအခါ အဆိုပါ UHC များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရာတွင် ရေရှည်အတွက်ရည်ရွယ်၍ ကနဦးဦးစားပေးမြို့နယ်အချို့တွင် အကောင်အထည်ဖော်ကာ တိုးချဲ့ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ဆေးဝါးများ လုံလောက်စွာဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများရရှိခံစားနိုင်ရေး နှင့် မလိုလားအပ်သော ဆုံးရှုံးမှုများမရှိစေရန် စနစ်တကျစီမံဆောင်ရွက်ကြစေလိုပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ဆေးထိုးသင့်သည့် အသက်အရွယ်အားလုံးပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန ၁၂ ခုတို့၏ အခြေအနေနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်မည့် ဒေသန္တာရကျန်းမာရေးဌာနများ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
(Urban Health Center-UHC) ေဒသႏၲရက်န္းမာေရးဌာနမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈကို တိုးျမႇင့္မည္
ပီယ (NP News) – ေမ ၁၉
(Urban Health Center-UHC) ေဒသႏၲရက်န္းမာေရးဌာနမ်ား တြင္ က်န္းမာေရး ေစာင့္ေရွာက္မႈကို တိုးျမႇင့္မည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ေမလ ၁၈ ရက္က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး Training Center ၌က်င္းပေသာ (Urban Health Center-UHC) ေဒသႏၲရက်န္းမာေရးဌာနမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးသို႔ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာ သက္ခိုင္ဝင္းက တက္ေရာက္အမွာစကားေျပာၾကားစဥ္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္သူ႔က်န္းမာေရးဦးစီးဌာနဖြဲ႕စည္းပုံအရ (Urban Health Center-UHC)ေဒသႏၲရက်န္းမာေရးဌာနမ်ားကို ၿမိဳ႕ေပၚ၌ ဖြင့္လွစ္ထားရွိရာ ျပည္သူအားလုံးအက်ဳံးဝင္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈကို အားျဖည့္ႏိုင္ရန္အတြက္ ယခုအခါ အဆိုပါ UHC မ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ယခုထက္ ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
လုပ္ငန္းတိုးျမႇင့္ေဆာင္႐ြက္ရာတြင္ ေရရွည္အတြက္ရည္႐ြယ္၍ ကနဦးဦးစားေပးၿမိဳ႕နယ္အခ်ိဳ႕တြင္ အေကာင္အထည္ေဖာ္ကာ တိုးခ်ဲ႕ေဆာင္႐ြက္သြားရန္ျဖစ္ပါေၾကာင္း၊ ေဆးဝါးမ်ား လုံေလာက္စြာျဖည့္ဆည္းထားရွိမႈအေပၚ ျပည္သူမ်ားရရွိခံစားႏိုင္ေရး ႏွင့္ မလိုလားအပ္ေသာ ဆုံးရႈံးမႈမ်ားမရွိေစရန္ စနစ္တက်စီမံေဆာင္႐ြက္ၾကေစလိုပါေၾကာင္း၊ ပုံမွန္ကာကြယ္ေဆးထိုးျခင္းလုပ္ငန္းစဥ္မ်ားကိုေဆာင္႐ြက္ရာတြင္ ေဆးထိုးသင့္သည့္ အသက္အ႐ြယ္အားလုံးပါဝင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္းလည္း ေျပာၾကားသည္။
စတင္ေဆာင္႐ြက္မည့္ ေဒသႏၲရက်န္းမာေရးဌာန ၁၂ ခုတို႔၏ အေျခအေနႏွင့္ ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္မည့္ ေဒသႏၲာရက်န္းမာေရးဌာနမ်ား ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာနႏၵဝင္းက ေျပာၾကားၿပီး ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉးမ်ားက ေဆာင္႐ြက္ထားရွိမႈအေျခအေနႏွင့္ လိုအပ္ခ်က္မ်ားကိုလည္းေကာင္း ရွင္းလင္းတင္ျပၾကကာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားက လိုအပ္ခ်က္မ်ားအေပၚ ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရသည္။