ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ မပွင့်လင်းတဲ့ အာဂျင်ဒါများ (သို့) မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ထောင်ချောက်ဆင်သူများ

 139

ကိုပြည့် (NP News) - မေ ၂ဝ

ကမ္ဘာ့နိုင်ငံရေးအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်အကြောင်း ပြောကြ၊ ရေးကြမယ်ဆိုရင် ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းလို့ခေါ်တဲ့ Open Society Foundation ကို တည်ထောင်ခဲ့တဲ့ ဂျော့ဆိုးရော့အကြောင်းကလည်း တစ်ခန်းတစ်ကဏ္ဍအနေနဲ့ မပါလို့မပြီးဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါ တယ်။
Open Society Foundation လို့ ဆိုလိုက်တာနဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ) ကျော်မှာ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဝေဝေဆာဆာ လှုပ်ရှား ဆောင်ရွက်နေတဲ့ ပရဟိတ အဖွဲ့အစည်းတစ်ခုအဖြစ် အလွယ်မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ သူ့ရဲ့ အကျိုးစီးပွား၊ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရက်တစ် ပါတီအကျိုးစီးပွားအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး မျက်နှာဖုံးတပ်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ ခေါင်ကိုင်ဖခင် ဟာ ဂျော့ဆိုးရော့ပဲ ဖြစ်ပါတယ်။
ဂျော့ဆိုးရော့ဟာ ငွေကြေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးလို့ ဆိုကြပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဝင်ရောက်ခြယ်လှယ်တဲ့အတွက်ကြောင့် ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရတဲ့သာဓက တွေလည်းရှိခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖန်တီးခဲ့သူလို့လည်း မှတ်ယူထားကြပါတယ်။ ထိုင်းဘတ် ငွေအပေါ် ခြယ်လှယ်တာကြောင့် ထိုင်းလုပ်ငန်းရှင်တစ်ချို့ စီးပွားပျက်ခဲ့ရသလို တစ်ချို့ဆိုရင် ကိုယ့်ကိုယ်ကို အဆုံး စီရင်တဲ့အထိတောင် ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာ သီယာမို ဟာမက်ဆိုရင် ဂျော့ဆိုးရော့ကို ရာဇဝတ်သား၊ မကောင်းဆိုးဝါးစတဲ့အသုံးအနှုန်းတွေထိ ခေါ်ဆိုခဲ့တာမျိုးရှိခဲ့ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံဟာလည်း ဂျော့ဆိုးရော့ရဲ့စနက်တွေကနေ မလွတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံက ပါဝင်မယ်လို့ ပြော ထားတဲ့ တရုတ်နိုင်ငံရဲ့ Belt and Road Initiative အစီအစဉ် နှောင့်နှေးစေဖို့အတွက် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် အဓိကရုဏ်းတွေဖြစ်အောင် မီးမွှေးခဲ့ သူဟာလည်း ဂျော့ဆိုးရော့ပဲ ဖြစ်တယ်လို့ ယုံကြည်သူတွေ အများအပြားရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမှုကို ဟန့်တား ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative အောင်မြင်သွားရင် သူ့ရဲ့ငွေရေး ကြေးရေး ရင်းနှီးမြှပ်နှံမှုတွေ ထိခိုက်နစ်နာ သွားနိုင် တဲ့အတွက် ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှုမရှိအောင် မီးမွှေးနေတာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
မြန်မာနိုင်ငံမှာ ဂျော့ဆိုးရော့ရဲ့ အထောက်အပံ့ ရယူထားတဲ့ အဖွဲ့အစည်းပေါင်း (၁၀ဝ) ကျော်ထိ တောင် ရှိခဲ့တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ Open Society Foundation ဟာ (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်း၊ သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖွဲ့ အစည်း ပေါင်း (၅၀) ခန့်ကို တစ်ဖွဲ့ ဒေါ်လာ (၅) သောင်းကနေ သုံးသိန်းအကြား ထောက်ပံ့ပေးခဲ့တယ်လို့ (၂၀၁၆) ခုနှစ် မှာ Hack ရမှုကြောင့် ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့အဖွဲ့အစည်း တွေကို ငွေကြေးထောက်ပံ့ပြီး လိုချင်တဲ့သတင်းရအောင် ယူလိုသလိုယူတတ်တဲ့ ဂျော့ဆိုးရော့ဟာ မြန်မာနိုင်ငံမှာလည်း အလားတူလုပ်ခဲ့တဲ့သာဓကတွေ အခိုင်အမာရှိခဲ့ပါတယ်။ နိုင်ငံတကာရှိ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGO)၊ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (INGO) ၊ မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ ပေးနေတဲ့ ဂျော့ဆိုးရော့ဟာ (၂၀၁၆) ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်မှာ သားဖြစ်သူ အလက်စန္ဒြားဆိုးရော့နဲ့အတူ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုရဲ့အသေးစိတ် အချက်အလက် တွေကို မသိနိုင်ပေမယ့် Open Soci- ety Foundation ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Open Society Myanmar Foundation မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စတင်ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းတွေတော့ ထွက်လာခဲ့ပါတယ်။ နောက် ပိုင်းမှာ အဲဒီအတိုင်းလည်း တကယ်ဖြစ်လာခဲ့ပါတယ်။
ဂျော့ဆိုးရော့ဟာ (၂၀၁၄) ခုနှစ် မတ်လကနေ (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံကို လေးကြိမ် လာ ရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ သားဖြစ်သူ အလက် စန္ဒြား ဆိုးရော့စ်ကတော့ (၂၀၁၇) ခုနှစ် ဇန်နဝါရီလ ကနေ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံကို ခုနှစ်ကြိမ်လာရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခြောက်ကြိမ်အထိ တွေ့ဆုံခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။ အဖွဲ့အစည်း ရဲ့ နာမည်က Open Society Foundation လို့ဆို ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ဘာတွေဆွေး နွေးခဲ့ကြတယ်ဆိုတာကို မသိခဲ့ ကြရသလို ဘယ်လောက်အထိ ရည်မှန်းခဲ့သလဲဆိုတာ လည်း မသိခဲ့ရပါဘူး ။
ဂျော့ဆိုးရော့ဟာ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ကို ကောင်းမွန်တဲ့စီမံ ခန့်ခွဲမှု (Good Governance)မြှင့်တင်ရေး၊ လစ်ဘ ရယ်ဆန်တဲ့ အများပြည်သူဆိုင်ရာမူဝါဒများ ချမှတ်နိုင် ရေးနဲ့ ဒီမိုကရေစီထွန်းကား ပြန့်ပွားရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ တရား ဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ဂျော့ဆိုးရော့ ကိုယ်တိုင်ရော သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Open Society Foundation ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်း ရေးကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ လူမှုရေးအရ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု၊ ရွေး ကောက်ပွဲကာလ အတွင်းမှာ သူလိုလားတဲ့ နိုင်ငံရေး ပါတီတွေကို ငွေကြေးထောက်ပံ့ပေးတာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ သက်တမ်းကာလမှာ မြန်မာနိုင်ငံရဲ့ပထမဆုံး အမျိုး သားလုံခြုံရေး အကြံပေးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့တာ၊ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့ လွှတ်တော်အတွင်းမှာ ရော၊ လွှတ်တော် ပြင်ပမှာပါ ဝေဖန်မှုတွေ အတော်လေးရှိခဲ့ပါတယ်။ ဦးသောင်းထွန်းဟာ ဂျော့ဆိုးရော့ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လူရင်း တစ်ယောက်ဖြစ်ပေမယ့် ကိုယ်ရေးရာဇဝင် တင်ပြတဲ့အခါမှာတော့ ဂျော့ဆိုးရော့ဆီမှာ အလုပ်လုပ်ခဲ့ ဖူးတယ်ဆိုတာကို ဖုံးကွယ်ထားတာဟာ မရိုးသားမှု ဖြစ်ပါတယ်၊ ဒါဟာ တစ်ချိန်မှာ နိုင်ငံတော်လုံခြုံရေး နဲ့တရုတ် ‘‘မြန်မာ ဆက်ဆံရေး အပေါ် ထိခိုက်လာနိုင် တယ်လို့ အဲဒီအချိန်က လွှတ်တော်အမတ်တစ်ဦးက ထောက်ပြခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်က တာဝန်ရှိတဲ့အစိုးရဖြစ်တဲ့ NLD အစိုးရက အမျိုးသားလုံခြုံရေးအတွက် ထည့်သွင်း စဉ်းစား ခြင်းမရှိဘဲ လစ်လျူရှုခဲ့တာ တွေ့ရပါတယ်။
ဂျော့ဆိုးရော့ဟာ ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ) ကျော်မှာ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ ခေါင်းစဉ် အောက်ကနေ နှစ်စဉ်ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲနေတာဖြစ်ပါတယ်။ Open Society Founda- tion ဟာ မြန်မာအရေးမှာလည်း ငွေကြေးများစွာ ထောက်ပံ့သုံးစွဲပြီး အဖွဲ့အစည်းတချို့၊ နိုင်ငံရေးပါတီ အချို့ကို ခါးပိုက်ဆောင် Proxy မွေးထုတ်ရေး အစဉ် တစိုက် ကြိုးပမ်းခဲ့တာလည်း တွေ့ရပါတယ်။ သူရည် မှန်းတဲ့အတိုင်း အောင်မြင်ခဲ့တာရှိသလို ထင်တိုင်း မပေါက်ခဲ့ တာတွေလည်းရှိခဲ့ပါတယ်။ နယ်စပ်ဒေသ တွေမှာ တပ်မတော်ရဲ့နယ်မြေစိုးမိုးရေးနဲ့ တည်ငြိမ် ရေးဆောင်ရွက်ချက်တွေ အပေါ် စစ်ပွဲတွေချက်ချင်း ရပ်ဆိုတဲ့ငြိမ်းချမ်းရေး လိုချင်သယောင် NGO အမည်ခံ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမည်ခံ တစ်ချို့ရဲ့ ကြွေးကြော်သံတွေဟာ Open Society Foundation (OSF) ရဲ့အာဂျင်ဒါတွေ၊ မူဝါဒတွေနဲ့ မလွတ်ကင်းဘူး ဆိုတာ မြန်မာနိုင်ငံရဲ့ ပကတိအရှိ တရားအပေါ် ရိုးသားတဲ့စိတ်နဲ့ကြည့်သူတိုင်း မြင်နိုင် တွေ့နိုင်တဲ့အရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မတ်လ (၂၈) ရက်က လှုပ်ခတ် ခဲ့တဲ့ နေပြည်တော်-မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတို့မှာ ထိခိုက်ပျက်စီးမှုတွေ အတော်ကြီးမားခဲ့တယ်။ ဒီအချိန်မှာ နိုင်ငံရေး တောကြောင်တွေဟာ သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူပြီး လက်ခမောင်းခတ်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ သူတို့ထင်သလို ဖြစ်မလာခဲ့ကြပါဘူး။ အစိုးရနဲ့ပြည်သူဟာ အခြေအနေအရပ်ရပ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်း ပြသခဲ့ ကြတာ၊ ပြသနေကြတာ တွေ့နိုင်ပါတယ်။
နိုင်ငံရေးတောကြောင်တွေရဲ့ ရည်မှန်းချက်က လက်ရှိတည်ဆဲအစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီကို ရွေးကောက်ပွဲ မကျင်းပနိုင်အောင် တားဆီးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ အစိုးရကတော့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေအတိုင်း (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ ထဲမှာ အထွေထွေရွေး ကောက်ပွဲ ကျင်းပသွားမယ်လို့ ထပ်မံအတည်ပြု ကြေညာခဲ့တာတွေ့ရပါတယ်။ ဒီ အတည်ပြုချက်ဟာ ငလျင်ကြောင့် ထိခိုက်ခံစားတဲ့ ပြည်သူတွေအခက် နိုင်ငံရေးတောကြောင်တွေ အတွက် အချက်ဆိုပြီး အသုံးချလိုသူတွေအတွက် တော့ အရှိုက်ကို အထိုးခံရသလို နာကျင်ခံခက် ဖြစ် စေမှာ သေချာပါတယ်။
ချုပ်ပြီးပြောရရင် မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေး နဲ့အတူ ဒီနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ဒီရွေးကောက်ပွဲကြီး ဟာ နိုင်ငံရေးအပြောင်းအလဲ ငလျင်ကြီးလှုပ်ခတ်အပြီးမှာ နိုင်ငံပြန်လည် ထူထောင် ရေးနဲ့ပြန်လည်တည်ဆောက်ရေး အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ လွန်ကာလမှာလည်း ဆောင်ရွက်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီကာလဟာ ငလျင်ကြောင့် ထိ ခိုက်ခဲ့ရတဲ့ ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးကို ဖြတ်သန်းနေရတဲ့ ကာလဖြစ်သလို နိုင်ငံရေးအရလည်း အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရေးကြီးတဲ့အလှည့်အပြောင်း ကာလတစ်ခုကို ဖြတ်သန်းနေရချိန်လည်း ဖြစ်ပါ တယ်။ ဒီအချိန်မှာ နိုင်ငံရေးတောကြောင်တွေကလည်း တောမီးလောင် ဦးမလား စောင်ကြည့်နေကြဦးမှာ သေချာပါ တယ်။ သတိဆိုတာ ပိုတယ်မရှိ ဆိုတဲ့အတိုင်း အစိုးရရော၊ ပြည်သူပါ သတိရှိရှိ၊ နိုးနိုးကြားကြားနဲ့ ဖြတ်သန်းကြ ရမယ့် ကာလ တစ်ခုလည်းဖြစ်ပါတယ်။ ဂျော့ဆိုးရော့နဲ့ အလက်စန္ဒြားဆိုးရော့တို့ရဲ့ ခြေတံလက်တံတွေ ဟာလည်း နေရာ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုး၊ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေနေပြီး ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်အပေါ် အနှောင့် အယှက်ပေးနိုင်ပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းနောက်ကွယ်က မပွင့်လင်းတဲ့ အာဂျင်ဒါတွေ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ထောင်ချောက်ဆင်သူတွေကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံရေးရာသီဥတုနဲ့ နိုင်ငံ တကာအခင်းအကျင်းတွေက ကိုယ့်ဘက်မှာ ရှိနေပြီဖြစ်လို့ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို လည်း တည်တည် ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

Zawgyi Version:
ပြင့္လင္း လူ႔အဖြဲ႕အစည္းရဲ႕ မပြင့္လင္းတဲ့ အာဂ်င္ဒါမ်ား (သို႔) ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံေရး ေထာင္ေခ်ာက္ဆင္သူမ်ား
ကိုျပည့္ (NP News) - ေမ ၂ဝ

ကမာၻ႔ႏိုင္ငံေရးအေၾကာင္း၊ ဒီမိုကေရစီအေၾကာင္း၊ လူ႔အခြင့္အေရးအေၾကာင္း၊ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆို ခြင့္အေၾကာင္း ေျပာၾက၊ ေရးၾကမယ္ဆိုရင္ ပြင့္လင္းလူ႔အဖြဲ႕အစည္း ေဖာင္ေဒးရွင္းလို႔ေခၚတဲ့ Open Society Foundation ကို တည္ေထာင္ခဲ့တဲ့ ေဂ်ာ့ဆိုးေရာ့အေၾကာင္းကလည္း တစ္ခန္းတစ္က႑အေနနဲ႔ မပါလို႔မၿပီးဘူးလို႔ပဲ ဆိုရမွာ ျဖစ္ပါ တယ္။
Open Society Foundation လို႔ ဆိုလိုက္တာနဲ႔ ကမာၻ႔ႏိုင္ငံေပါင္း (၁၀ဝ) ေက်ာ္မွာ ပညာေရး၊ လူ႔အခြင့္အေရး၊ အမ်ိဳးသမီးအေရး၊ ကေလးသူငယ္အေရး၊ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးဆိုတဲ့ ေခါင္းစဥ္ေတြနဲ႔ ေဝေဝဆာဆာ လႈပ္ရွား ေဆာင္႐ြက္ေနတဲ့ ပရဟိတ အဖြဲ႕အစည္းတစ္ခုအျဖစ္ အလြယ္မွတ္ယူႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာေတာ့ သူ႔ရဲ႕ အက်ိဳးစီးပြား၊ အေမရိကန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားနဲ႔ ဒီမိုကရက္တစ္ ပါတီအက်ိဳးစီးပြားအတြက္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ အေရး မ်က္ႏွာဖုံးတပ္ၿပီး လႈပ္ရွားေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းတစ္ခုသာ ျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းရဲ႕ ေခါင္ကိုင္ဖခင္ ဟာ ေဂ်ာ့ဆိုးေရာ့ပဲ ျဖစ္ပါတယ္။
ေဂ်ာ့ဆိုးေရာ့ဟာ ေငြေၾကးနဲ႔ပတ္သက္လို႔ ကြၽမ္းက်င္သူတစ္ဦးလို႔ ဆိုၾကပါတယ္။ ကမာၻ႔ေငြေၾကးေဈးကြက္မွာ ဝင္ေရာက္ျခယ္လွယ္တဲ့အတြက္ေၾကာင့္ ေငြေၾကးေဈးကြက္ ကေမာက္ကမ ျဖစ္ခဲ့ရတဲ့သာဓက ေတြလည္းရွိခဲ့ပါတယ္။ (၁၉၉၇) ခုႏွစ္မွာ ထိုင္းႏိုင္ငံရဲ႕ ဘ႑ာေရး အက်ပ္အတည္းကို ဖန္တီးခဲ့သူလို႔လည္း မွတ္ယူထားၾကပါတယ္။ ထိုင္းဘတ္ ေငြအေပၚ ျခယ္လွယ္တာေၾကာင့္ ထိုင္းလုပ္ငန္းရွင္တစ္ခ်ိဳ႕ စီးပြားပ်က္ခဲ့ရသလို တစ္ခ်ိဳ႕ဆိုရင္ ကိုယ့္ကိုယ္ကို အဆုံး စီရင္တဲ့အထိေတာင္ ျဖစ္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာမဟာ သီယာမို ဟာမက္ဆိုရင္ ေဂ်ာ့ဆိုးေရာ့ကို ရာဇဝတ္သား၊ မေကာင္းဆိုးဝါးစတဲ့အသုံးအႏႈန္းေတြထိ ေခၚဆိုခဲ့တာမ်ိဳးရွိခဲ့ပါတယ္။ အလားတူပဲ ျမန္မာႏိုင္ငံဟာလည္း ေဂ်ာ့ဆိုးေရာ့ရဲ႕စနက္ေတြကေန မလြတ္ခဲ့ပါဘူး။ ျမန္မာႏိုင္ငံက ပါဝင္မယ္လို႔ ေျပာ ထားတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ Belt and Road Initiative အစီအစဥ္ ေႏွာင့္ေႏွးေစဖို႔အတြက္ ရခိုင္ျပည္နယ္မွာ ဘာသာေရး၊ လူမ်ိဳးေရးဆန္ဆန္ အဓိက႐ုဏ္းေတြျဖစ္ေအာင္ မီးေမႊးခဲ့ သူဟာလည္း ေဂ်ာ့ဆိုးေရာ့ပဲ ျဖစ္တယ္လို႔ ယုံၾကည္သူေတြ အမ်ားအျပားရွိပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္လာမႈကို ဟန႔္တား ဖို႔ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ Belt and Road Initiative ေအာင္ျမင္သြားရင္ သူ႔ရဲ႕ေငြေရး ေၾကးေရး ရင္းႏွီးျမႇပ္ႏွံမႈေတြ ထိခိုက္နစ္နာ သြားႏိုင္ တဲ့အတြက္ ရခိုင္ျပည္နယ္မွာ တည္ၿငိမ္မႈမရွိေအာင္ မီးေမႊးေနတာ ျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။
ျမန္မာႏိုင္ငံမွာ ေဂ်ာ့ဆိုးေရာ့ရဲ႕ အေထာက္အပံ့ ရယူထားတဲ့ အဖြဲ႕အစည္းေပါင္း (၁၀ဝ) ေက်ာ္ထိ ေတာင္ ရွိခဲ့တယ္လို႔ ေလ့လာသူေတြက ဆိုၾကပါတယ္။ Open Society Foundation ဟာ (၂၀၁၅) ခုႏွစ္ ေ႐ြးေကာက္ပြဲ ကာလအတြင္းမွာ ျမန္မာႏိုင္ငံမွာရွိတဲ့အဖြဲ႕အစည္း၊ သတင္းမီဒီယာသမားေတြနဲ႔ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ အဖြဲ႕ အစည္း ေပါင္း (၅၀) ခန႔္ကို တစ္ဖြဲ႕ ေဒၚလာ (၅) ေသာင္းကေန သုံးသိန္းအၾကား ေထာက္ပံ့ေပးခဲ့တယ္လို႔ (၂၀၁၆) ခုႏွစ္ မွာ Hack ရမႈေၾကာင့္ ေပါက္ၾကားခဲ့တဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။ ကမာၻ႔ႏိုင္ငံေတြမွာရွိတဲ့အဖြဲ႕အစည္း ေတြကို ေငြေၾကးေထာက္ပံ့ၿပီး လိုခ်င္တဲ့သတင္းရေအာင္ ယူလိုသလိုယူတတ္တဲ့ ေဂ်ာ့ဆိုးေရာ့ဟာ ျမန္မာႏိုင္ငံမွာလည္း အလားတူလုပ္ခဲ့တဲ့သာဓကေတြ အခိုင္အမာရွိခဲ့ပါတယ္။ ႏိုင္ငံတကာရွိ အစိုးရ မဟုတ္တဲ့အဖြဲ႕အစည္း (NGO)၊ အစိုးရ မဟုတ္တဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္း (INGO) ၊ မီဒီယာေတြနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြကို ေငြေၾကးေထာက္ပံ့ ေပးေနတဲ့ ေဂ်ာ့ဆိုးေရာ့ဟာ (၂၀၁၆) ခုႏွစ္၊ စက္တင္ဘာလ (၂၄) ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နယူးေယာက္ ၿမိဳ႕မွာ ပထမဆုံး အႀကိမ္ ေတြ႕ဆုံခဲ့ပါတယ္။ ဒါ့အျပင္ (၂၀၁၇) ခုႏွစ္၊ ဇန္နဝါရီလ (၁၁) ရက္မွာ သားျဖစ္သူ အလက္စျႏၵားဆိုးေရာ့နဲ႔အတူ ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒုတိယအႀကိမ္ ေတြ႕ဆုံခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈရဲ႕အေသးစိတ္ အခ်က္အလက္ ေတြကို မသိႏိုင္ေပမယ့္ Open Soci- ety Foundation ရဲ႕ လက္ခြဲတစ္ခုျဖစ္တဲ့ Open Society Myanmar Foundation ျမန္မာႏိုင္ငံမွာ ဖြင့္လွစ္ႏိုင္ဖို႔အတြက္ စတင္ေဆာင္႐ြက္ႏိုင္ခဲ့တယ္ ဆိုတဲ့ သတင္းေတြေတာ့ ထြက္လာခဲ့ပါတယ္။ ေနာက္ ပိုင္းမွာ အဲဒီအတိုင္းလည္း တကယ္ျဖစ္လာခဲ့ပါတယ္။
ေဂ်ာ့ဆိုးေရာ့ဟာ (၂၀၁၄) ခုႏွစ္ မတ္လကေန (၂၀၁၇) ခုႏွစ္၊ ဇန္နဝါရီလအထိ ျမန္မာႏိုင္ငံကို ေလးႀကိမ္ လာ ေရာက္ခဲ့ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ပါတယ္။ သားျဖစ္သူ အလက္ စျႏၵား ဆိုးေရာ့စ္ကေတာ့ (၂၀၁၇) ခုႏွစ္ ဇန္နဝါရီလ ကေန (၂၀၂၀) ျပည့္ႏွစ္ ဇန္နဝါရီလအထိ ျမန္မာႏိုင္ငံကို ခုႏွစ္ႀကိမ္လာေရာက္ခဲ့ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေျခာက္ႀကိမ္အထိ ေတြ႕ဆုံခဲ့တယ္လို႔ မွတ္တမ္းမွတ္ရာေတြအရ သိရပါတယ္။ အဖြဲ႕အစည္း ရဲ႕ နာမည္က Open Society Foundation လို႔ဆို ေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံစဥ္မွာ ဘာေတြေဆြး ေႏြးခဲ့ၾကတယ္ဆိုတာကို မသိခဲ့ ၾကရသလို ဘယ္ေလာက္အထိ ရည္မွန္းခဲ့သလဲဆိုတာ လည္း မသိခဲ့ရပါဘူး ။
ေဂ်ာ့ဆိုးေရာ့ဟာ သူ႔ရဲ႕အဖြဲ႕အစည္းျဖစ္တဲ့ Open Society Foundation ကို ေကာင္းမြန္တဲ့စီမံ ခန႔္ခြဲမႈ (Good Governance)ျမႇင့္တင္ေရး၊ လစ္ဘ ရယ္ဆန္တဲ့ အမ်ားျပည္သူဆိုင္ရာမူဝါဒမ်ား ခ်မွတ္ႏိုင္ ေရးနဲ႔ ဒီမိုကေရစီထြန္းကား ျပန႔္ပြားေရးဆိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တယ္လို႔ တရား ဝင္ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္လည္း ေဂ်ာ့ဆိုးေရာ့ ကိုယ္တိုင္ေရာ သူ႔ရဲ႕အဖြဲ႕အစည္းျဖစ္တဲ့ Open Society Foundation ဟာ အျခားႏိုင္ငံေတြရဲ႕ ျပည္တြင္း ေရးကို ႏိုင္ငံေရးအရ ဝင္ေရာက္စြက္ဖက္မႈ၊ လူမႈေရးအရ မတည္မၿငိမ္ျဖစ္ေအာင္ လႈံ႕ေဆာ္မႈ၊ ေ႐ြး ေကာက္ပြဲကာလ အတြင္းမွာ သူလိုလားတဲ့ ႏိုင္ငံေရး ပါတီေတြကို ေငြေၾကးေထာက္ပံ့ေပးတာေတြ ရွိတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိခဲ့ပါ တယ္။
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရ သက္တမ္းကာလမွာ ျမန္မာႏိုင္ငံရဲ႕ပထမဆုံး အမ်ိဳး သားလုံၿခဳံေရး အႀကံေပးအျဖစ္ ဦးေသာင္းထြန္းကို ခန႔္အပ္ခဲ့တာ၊ ေနာက္ပိုင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ေျပာင္းလဲခန႔္အပ္ခဲ့တာနဲ႔ပတ္သက္လို႔ လႊတ္ေတာ္အတြင္းမွာ ေရာ၊ လႊတ္ေတာ္ ျပင္ပမွာပါ ေဝဖန္မႈေတြ အေတာ္ေလးရွိခဲ့ပါတယ္။ ဦးေသာင္းထြန္းဟာ ေဂ်ာ့ဆိုးေရာ့ဆီမွာ အလုပ္လုပ္ခဲ့ဖူးတဲ့ လူရင္း တစ္ေယာက္ျဖစ္ေပမယ့္ ကိုယ္ေရးရာဇဝင္ တင္ျပတဲ့အခါမွာေတာ့ ေဂ်ာ့ဆိုးေရာ့ဆီမွာ အလုပ္လုပ္ခဲ့ ဖူးတယ္ဆိုတာကို ဖုံးကြယ္ထားတာဟာ မ႐ိုးသားမႈ ျဖစ္ပါတယ္၊ ဒါဟာ တစ္ခ်ိန္မွာ ႏိုင္ငံေတာ္လုံၿခဳံေရး နဲ႔တ႐ုတ္ ‘‘ျမန္မာ ဆက္ဆံေရး အေပၚ ထိခိုက္လာႏိုင္ တယ္လို႔ အဲဒီအခ်ိန္က လႊတ္ေတာ္အမတ္တစ္ဦးက ေထာက္ျပခဲ့တာလည္း ေတြ႕ရပါတယ္။ ဒါေပမဲ့လည္း အဲဒီအခ်ိန္က တာဝန္ရွိတဲ့အစိုးရျဖစ္တဲ့ NLD အစိုးရက အမ်ိဳးသားလုံၿခဳံေရးအတြက္ ထည့္သြင္း စဥ္းစား ျခင္းမရွိဘဲ လစ္လ်ဴရႈခဲ့တာ ေတြ႕ရပါတယ္။
ေဂ်ာ့ဆိုးေရာ့ဟာ ကမာၻ႔ႏိုင္ငံေပါင္း (၁၀ဝ) ေက်ာ္မွာ ပြင့္လင္းလူ႔အဖြဲ႕အစည္းဆိုတဲ့ ေခါင္းစဥ္ ေအာက္ကေန ႏွစ္စဥ္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ သုံးစြဲေနတာျဖစ္ပါတယ္။ Open Society Founda- tion ဟာ ျမန္မာအေရးမွာလည္း ေငြေၾကးမ်ားစြာ ေထာက္ပံ့သုံးစြဲၿပီး အဖြဲ႕အစည္းတခ်ိဳ႕၊ ႏိုင္ငံေရးပါတီ အခ်ိဳ႕ကို ခါးပိုက္ေဆာင္ Proxy ေမြးထုတ္ေရး အစဥ္ တစိုက္ ႀကိဳးပမ္းခဲ့တာလည္း ေတြ႕ရပါတယ္။ သူရည္ မွန္းတဲ့အတိုင္း ေအာင္ျမင္ခဲ့တာရွိသလို ထင္တိုင္း မေပါက္ခဲ့ တာေတြလည္းရွိခဲ့ပါတယ္။ နယ္စပ္ေဒသ ေတြမွာ တပ္မေတာ္ရဲ႕နယ္ေျမစိုးမိုးေရးနဲ႔ တည္ၿငိမ္ ေရးေဆာင္႐ြက္ခ်က္ေတြ အေပၚ စစ္ပြဲေတြခ်က္ခ်င္း ရပ္ဆိုတဲ့ၿငိမ္းခ်မ္းေရး လိုခ်င္သေယာင္ NGO အမည္ခံ၊ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ အမည္ခံ တစ္ခ်ိဳ႕ရဲ႕ ေႂကြးေၾကာ္သံေတြဟာ Open Society Foundation (OSF) ရဲ႕အာဂ်င္ဒါေတြ၊ မူဝါဒေတြနဲ႔ မလြတ္ကင္းဘူး ဆိုတာ ျမန္မာႏိုင္ငံရဲ႕ ပကတိအရွိ တရားအေပၚ ႐ိုးသားတဲ့စိတ္နဲ႔ၾကည့္သူတိုင္း ျမင္ႏိုင္ ေတြ႕ႏိုင္တဲ့အရာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံဟာ မတ္လ (၂၈) ရက္က လႈပ္ခတ္ ခဲ့တဲ့ ေနျပည္ေတာ္-မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္၊ မႏၲေလးနဲ႔ စစ္ကိုင္းတို႔မွာ ထိခိုက္ပ်က္စီးမႈေတြ အေတာ္ႀကီးမားခဲ့တယ္။ ဒီအခ်ိန္မွာ ႏိုင္ငံေရး ေတာေၾကာင္ေတြဟာ သဘာဝေဘးအႏၲရာယ္ကို အခြင့္ေကာင္းယူၿပီး လက္ခေမာင္းခတ္ဖို႔ ႀကိဳးပမ္းခဲ့ၾကတယ္။ ဒါေပမဲ့ အေျခအေနေတြဟာ သူတို႔ထင္သလို ျဖစ္မလာခဲ့ၾကပါဘူး။ အစိုးရနဲ႔ျပည္သူဟာ အေျခအေနအရပ္ရပ္ကို ႀကံ့ႀကံ့ခံႏိုင္စြမ္းရွိေၾကာင္း ျပသခဲ့ ၾကတာ၊ ျပသေနၾကတာ ေတြ႕ႏိုင္ပါတယ္။
ႏိုင္ငံေရးေတာေၾကာင္ေတြရဲ႕ ရည္မွန္းခ်က္က လက္ရွိတည္ဆဲအစိုးရျဖစ္တဲ့ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ ေရးေကာင္စီကို ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေအာင္ တားဆီးဖို႔ျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရး ေကာင္စီ အစိုးရကေတာ့ ေရွ႕လုပ္ငန္းစဥ္ေတြနဲ႔ ဦးတည္ခ်က္ေတြအတိုင္း (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလ ထဲမွာ အေထြေထြေ႐ြး ေကာက္ပြဲ က်င္းပသြားမယ္လို႔ ထပ္မံအတည္ျပဳ ေၾကညာခဲ့တာေတြ႕ရပါတယ္။ ဒီ အတည္ျပဳခ်က္ဟာ ငလ်င္ေၾကာင့္ ထိခိုက္ခံစားတဲ့ ျပည္သူေတြအခက္ ႏိုင္ငံေရးေတာေၾကာင္ေတြ အတြက္ အခ်က္ဆိုၿပီး အသုံးခ်လိုသူေတြအတြက္ ေတာ့ အရႈိက္ကို အထိုးခံရသလို နာက်င္ခံခက္ ျဖစ္ ေစမွာ ေသခ်ာပါတယ္။
ခ်ဳပ္ၿပီးေျပာရရင္ မႏၲေလးငလ်င္ႀကီးအလြန္ ျပန္လည္ထူေထာင္ေရး၊ ျပန္လည္ တည္ေဆာက္ေရး နဲ႔အတူ ဒီႏွစ္ကုန္မွာ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပေတာ့မွာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ ဒီေ႐ြးေကာက္ပြဲႀကီး ဟာ ႏိုင္ငံေရးအေျပာင္းအလဲ ငလ်င္ႀကီးလႈပ္ခတ္အၿပီးမွာ ႏိုင္ငံျပန္လည္ ထူေထာင္ ေရးနဲ႔ျပန္လည္တည္ေဆာက္ေရး အတြက္ အေရးႀကီးတဲ့ လုပ္ငန္းစဥ္ႀကီး တစ္ခုျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲ လြန္ကာလမွာလည္း ေဆာင္႐ြက္စရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ ဒီကာလဟာ ငလ်င္ေၾကာင့္ ထိ ခိုက္ခဲ့ရတဲ့ ေဒသေတြအတြက္ ျပန္လည္ထူေထာင္ေရးနဲ႔ ျပန္လည္တည္ေဆာက္ေရးကို ျဖတ္သန္းေနရတဲ့ ကာလျဖစ္သလို ႏိုင္ငံေရးအရလည္း အေထြေထြ ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အေရးႀကီးတဲ့အလွည့္အေျပာင္း ကာလတစ္ခုကို ျဖတ္သန္းေနရခ်ိန္လည္း ျဖစ္ပါ တယ္။ ဒီအခ်ိန္မွာ ႏိုင္ငံေရးေတာေၾကာင္ေတြကလည္း ေတာမီးေလာင္ ဦးမလား ေစာင္ၾကည့္ေနၾကဦးမွာ ေသခ်ာပါ တယ္။ သတိဆိုတာ ပိုတယ္မရွိ ဆိုတဲ့အတိုင္း အစိုးရေရာ၊ ျပည္သူပါ သတိရွိရွိ၊ ႏိုးႏိုးၾကားၾကားနဲ႔ ျဖတ္သန္းၾက ရမယ့္ ကာလ တစ္ခုလည္းျဖစ္ပါတယ္။ ေဂ်ာ့ဆိုးေရာ့နဲ႔ အလက္စျႏၵားဆိုးေရာ့တို႔ရဲ႕ ေျခတံလက္တံေတြ ဟာလည္း ေနရာ အမ်ိဳးမ်ိဳးမွာ ပုံစံအမ်ိဳးမ်ိဳး၊ အသြင္သ႑ာန္အမ်ိဳးမ်ိဳးနဲ႔ရွိေနေနၿပီး ေ႐ြးေကာက္ပြဲက်င္းပေရးလုပ္ငန္းစဥ္အေပၚ အေႏွာင့္ အယွက္ေပးႏိုင္ပါတယ္။ ပြင့္လင္းလူ႔အဖြဲ႕အစည္းေနာက္ကြယ္က မပြင့္လင္းတဲ့ အာဂ်င္ဒါေတြ၊ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံေရး ေထာင္ေခ်ာက္ဆင္သူေတြကို သတိျပဳၾကရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိ ႏိုင္ငံေရးရာသီဥတုနဲ႔ ႏိုင္ငံ တကာအခင္းအက်င္းေတြက ကိုယ့္ဘက္မွာ ရွိေနၿပီျဖစ္လို႔ ႀကဳံေတြ႕လာရမယ့္ အခက္အခဲေတြကို လည္း တည္တည္ ၿငိမ္ၿငိမ္နဲ႔ ရင္ဆိုင္ျဖတ္သန္းႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

Related news

© 2021. All rights reserved.