ဗန်းမော် အနီးတစ်ဝိုက်တွင် KIA နှင့် PDF က လူဖမ်း တပ်သားသစ်စုသည့်အပြင် မလျော်ဩဇာသုံးကာ အနိုင်ကျင့်ခြင်းများလည်း ရှိနေ

195

ချယ်ရီ (NP News) - မေ ၂ဝ
ဗန်းမော်မြို့နှင့် အနီးတစ်ဝိုက်တွင် KIA နှင့် PDF က လူဖမ်း တပ်သားသစ်စုသည့်အပြင် မလျော် ဩဇာသုံးကာ အနိုင်ကျင့်ခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံ မေးမြန်းထားသောအချက်အလက်များအရ သိရသည်။
KIA က ဗန်းမော်မြို့ရှိ တပ်မတော် စခန်း များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် မြို့လုံးဝ ပျက်စီး သွားသော်လည်း ၎င်းတို့အနိုင်မရသည့်အပြင် KIA နှင့် PDF များဘက်တွင် သေဆုံးမှုများနေသည့်အတွက် လူဖမ်းကာ တစ်လ သို့မဟုတ် နှစ်ပတ် စစ်သင်တန်းပေး၍ ရှေ့တန်းသို့ စေလွှတ်ခြင်းများ ရှိနေကြောင်း သိရသည်။
KIA တို့အနေဖြင့် ဗန်မော်မြို့တိုက်ပွဲ စတင်ခါနီးအချိန်က အဝေးသင်စာမေးပွဲဖြေပြီး ပြန်လာသောကျောင်း သားများကို တပ်သားသစ်အဖြစ် စုဆောင်းရန် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကာ ယင်း နောက်ပိုင်းမှစတင်ကာ ပေါ်ပေါ် ထင်ထင် လူဖမ်းခြင်းများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
“အခု ဗန်းမော်ဘက်မှာဆိုရင် ရွာတွေမှာ KIA က လူဖမ်းတာတွေလုပ်တယ်။ လူငယ်တွေ ပုန်းနေရတာ။ အခု ဆိုရင် ရွာတွေမှာ သက်ကြီးပိုင်း တွေလောက်ပဲ ပေါ်ပေါ်ထင်ထင်ရှိနေကြတာ။ ဖမ်းတော့ ပြေးကြတာပေါ့။ KIA ဘက်က လည်း ဗန်းမော်တိုက်ပွဲမှာ အရမ်းသေတယ်” ဟု ဒေသခံသ တင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လူဖမ်းပြီး တပ်သားသစ်စုရာတွင် အမျိုး သားများသာမက အမျိုးသမီးများကိုပါ ခေါ်နေခြင်း ဖြစ်ပြီး ငွေသားဖြင့် ရွေးထုတ်ရခြင်းများလည်း ရှိနေကြောင်း သိရသည်။
“သူတို့က ယောကျာ်းလေးတွေဆိုရင် အသက် (၁၄၊ ၁၅) နှစ်ကနေ (၅၀)အောက်ကို ခေါ်တယ်။ မိန်းကလေး ပါဆွဲတယ်။ မိန်းကလေးတွေ ဆိုရင် (၈) တန်း၊ (၉) တန်းလောက်ကစပြီး ဆွဲတယ်။ အဆက်အသွယ်ရှိတဲ့ဟာဆိုရင်တော့ အခုပါသွားပြီ ဆိုတာသိတာနဲ့ ချက်ချင်းလိုက်တယ်ဆိုရင် ပိုက်ဆံနဲ့ရွေး ရတာပေါ့။ ပိုက်ဆံနဲ့ရွေးရင် အနည်းဆုံး သိန်း (၃၀၊ ၄၀)၊ (၁၀ဝ)။ သူတို့က လူပေါ်ကြည့်လိုက်ပြီးတော့မှ ပိုက်ဆံရှိတဲ့ဟာဆို ပိုတောင်းတယ်။ ရွာထဲမှာ မျက်နှာ မွဲ၊ ပိုက်ဆံဘာမှမရှိတဲ့ဟာမျိုးဆို ပြန်ခဲ့ရတာပေါ့။ လူနဲ့ပိုက်ဆံနဲ့ ရွေးခိုင်းတာမျိုးပေါ့” ဟု ၎င်းက ဆို သည်။
KIA အနေဖြင့် အစိုးရနှင့် ဆက်သွယ် သတင်းပေးသည်ဟု သံသယရှိပါက၊ အပြစ်သားဟု ယူဆပါက မြေကျင်း ထောင်ဟု ၎င်းတို့က ခေါ်သော မြေကျင်းအတွင်း ထည့်ကာ နေ၊ လေမထိစေရန် ဖမ်းချုပ်ပိတ်လှောင်ခြင်းများလည်း ရှိသည့်အပြင် အခြား နှိပ်စက်နည်းများဖြင့် နှိပ်စက်ခြင်းများလည်း ရှိ နေကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်မတို့ အသိ ကလေးတွေဆိုရင် စစ်တပ်ကို ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းခံရတော့ ဝါး အစိမ်းတွေကို ခုတ်ပြီးတော့မှ နှစ်ခြမ်း ခြမ်းလိုက်ပြီး ထိတ်တုံးခတ်သလို ခြေထောက်တွေမှာ ကြိုးတွေနဲ့ ချည်တုပ်လိုက်ပြီး အပေါ်ကနေ တက်နင်းလိုက်တော့ သွေးတွေဆိုတာ ပန်းထွက်လာပြီ။ အဲဒီထွက်ခဲ့တဲ့ သွေးတွေကို ခံပြီးတော့မှ ကြက်ဥနဲ့ကြော်စားပြ၊ သောက်ပြနဲ့ လုပ်တာ” ဟု အထက်ပါ ဒေသခံက ရှင်းပြသည်။
ထို့ပြင် KIA နှင့် PDF တပ်ဖွဲ့ဝင် အချို့ မှာလည်း လက်နက်အားကိုးဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ လက်နက် ပြကာ ခြိမ်းခြောက်၊ ဖိနှိပ်၊ အနိုင်ကျင့်ခြင်းများ ရှိနေကြောင်း ၎င်းကဆိုသည်။
ဗန်းမော်ဒေသတွင် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရသည့် ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ အသက် (၂၀) အရွယ် အိမ်ထောင်သည် ကလေးမိခင်တစ်ဦးကို စိတ် ကြွရူးသွပ်ဆေး ရောင်းသည့်အတွက် KIA က ဖမ်း ထားစဉ် KIA ထောင်မှူး ဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဗန္းေမာ္ အနီးတစ္ဝိုက္တြင္ KIA ႏွင့္ PDF က လူဖမ္း တပ္သားသစ္စုသည့္အျပင္ မေလ်ာ္ဩဇာသုံးကာ အႏိုင္က်င့္ျခင္းမ်ားလည္း ရွိေန
ခ်ယ္ရီ (NP News) - ေမ ၂ဝ
ဗန္းေမာ္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ KIA ႏွင့္ PDF က လူဖမ္း တပ္သားသစ္စုသည့္အျပင္ မေလ်ာ္ ဩဇာသုံးကာ အႏိုင္က်င့္ျခင္းမ်ားလည္း ရွိေနေၾကာင္း ေဒသခံမ်ားထံ ေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။
KIA က ဗန္းေမာ္ၿမိဳ႕ရွိ တပ္မေတာ္ စခန္း မ်ားကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ၿမိဳ႕လုံးဝ ပ်က္စီး သြားေသာ္လည္း ၎တို႔အႏိုင္မရသည့္အျပင္ KIA ႏွင့္ PDF မ်ားဘက္တြင္ ေသဆုံးမႈမ်ားေနသည့္အတြက္ လူဖမ္းကာ တစ္လ သို႔မဟုတ္ ႏွစ္ပတ္ စစ္သင္တန္းေပး၍ ေရွ႕တန္းသို႔ ေစလႊတ္ျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
KIA တို႔အေနျဖင့္ ဗန္ေမာ္ၿမိဳ႕တိုက္ပြဲ စတင္ခါနီးအခ်ိန္က အေဝးသင္စာေမးပြဲေျဖၿပီး ျပန္လာေသာေက်ာင္း သားမ်ားကို တပ္သားသစ္အျဖစ္ စုေဆာင္းရန္ ဖမ္းဆီးျခင္းမ်ားျပဳလုပ္ခဲ့ကာ ယင္း ေနာက္ပိုင္းမွစတင္ကာ ေပၚေပၚ ထင္ထင္ လူဖမ္းျခင္းမ်ား ျပဳလုပ္လာျခင္းျဖစ္ေၾကာင္း သိရသည္။
“အခု ဗန္းေမာ္ဘက္မွာဆိုရင္ ႐ြာေတြမွာ KIA က လူဖမ္းတာေတြလုပ္တယ္။ လူငယ္ေတြ ပုန္းေနရတာ။ အခု ဆိုရင္ ႐ြာေတြမွာ သက္ႀကီးပိုင္း ေတြေလာက္ပဲ ေပၚေပၚထင္ထင္ရွိေနၾကတာ။ ဖမ္းေတာ့ ေျပးၾကတာေပါ့။ KIA ဘက္က လည္း ဗန္းေမာ္တိုက္ပြဲမွာ အရမ္းေသတယ္” ဟု ေဒသခံသ တင္းရင္းျမစ္တစ္ဦးက ဆိုသည္။
လူဖမ္းၿပီး တပ္သားသစ္စုရာတြင္ အမ်ိဳး သားမ်ားသာမက အမ်ိဳးသမီးမ်ားကိုပါ ေခၚေနျခင္း ျဖစ္ၿပီး ေငြသားျဖင့္ ေ႐ြးထုတ္ရျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။
“သူတို႔က ေယာက်ာ္းေလးေတြဆိုရင္ အသက္ (၁၄၊ ၁၅) ႏွစ္ကေန (၅၀)ေအာက္ကို ေခၚတယ္။ မိန္းကေလး ပါဆြဲတယ္။ မိန္းကေလးေတြ ဆိုရင္ (၈) တန္း၊ (၉) တန္းေလာက္ကစၿပီး ဆြဲတယ္။ အဆက္အသြယ္ရွိတဲ့ဟာဆိုရင္ေတာ့ အခုပါသြားၿပီ ဆိုတာသိတာနဲ႔ ခ်က္ခ်င္းလိုက္တယ္ဆိုရင္ ပိုက္ဆံနဲ႔ေ႐ြး ရတာေပါ့။ ပိုက္ဆံနဲ႔ေ႐ြးရင္ အနည္းဆုံး သိန္း (၃၀၊ ၄၀)၊ (၁၀ဝ)။ သူတို႔က လူေပၚၾကည့္လိုက္ၿပီးေတာ့မွ ပိုက္ဆံရွိတဲ့ဟာဆို ပိုေတာင္းတယ္။ ႐ြာထဲမွာ မ်က္ႏွာ မြဲ၊ ပိုက္ဆံဘာမွမရွိတဲ့ဟာမ်ိဳးဆို ျပန္ခဲ့ရတာေပါ့။ လူနဲ႔ပိုက္ဆံနဲ႔ ေ႐ြးခိုင္းတာမ်ိဳးေပါ့” ဟု ၎က ဆို သည္။
KIA အေနျဖင့္ အစိုးရႏွင့္ ဆက္သြယ္ သတင္းေပးသည္ဟု သံသယရွိပါက၊ အျပစ္သားဟု ယူဆပါက ေျမက်င္း ေထာင္ဟု ၎တို႔က ေခၚေသာ ေျမက်င္းအတြင္း ထည့္ကာ ေန၊ ေလမထိေစရန္ ဖမ္းခ်ဳပ္ပိတ္ေလွာင္ျခင္းမ်ားလည္း ရွိသည့္အျပင္ အျခား ႏွိပ္စက္နည္းမ်ားျဖင့္ ႏွိပ္စက္ျခင္းမ်ားလည္း ရွိ ေနေၾကာင္း ၎က ရွင္းျပသည္။
“ကြၽန္မတို႔ အသိ ကေလးေတြဆိုရင္ စစ္တပ္ကို ေထာက္ပို႔လုပ္တယ္ဆိုၿပီး ဖမ္းခံရေတာ့ ဝါး အစိမ္းေတြကို ခုတ္ၿပီးေတာ့မွ ႏွစ္ျခမ္း ျခမ္းလိုက္ၿပီး ထိတ္တုံးခတ္သလို ေျခေထာက္ေတြမွာ ႀကိဳးေတြနဲ႔ ခ်ည္တုပ္လိုက္ၿပီး အေပၚကေန တက္နင္းလိုက္ေတာ့ ေသြးေတြဆိုတာ ပန္းထြက္လာၿပီ။ အဲဒီထြက္ခဲ့တဲ့ ေသြးေတြကို ခံၿပီးေတာ့မွ ၾကက္ဥနဲ႔ေၾကာ္စားျပ၊ ေသာက္ျပနဲ႔ လုပ္တာ” ဟု အထက္ပါ ေဒသခံက ရွင္းျပသည္။
ထို႔ျပင္ KIA ႏွင့္ PDF တပ္ဖြဲ႕ဝင္ အခ်ိဳ႕ မွာလည္း လက္နက္အားကိုးျဖင့္ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ျခင္း၊ လက္နက္ ျပကာ ၿခိမ္းေျခာက္၊ ဖိႏွိပ္၊ အႏိုင္က်င့္ျခင္းမ်ား ရွိေနေၾကာင္း ၎ကဆိုသည္။
ဗန္းေမာ္ေဒသတြင္ လိင္ပိုင္းဆိုင္ရာ ဖိႏွိပ္ခံရသည့္ ျဖစ္စဥ္မ်ားအနက္ ျဖစ္စဥ္တစ္ခုမွာ အသက္ (၂၀) အ႐ြယ္ အိမ္ေထာင္သည္ ကေလးမိခင္တစ္ဦးကို စိတ္ ႂကြ႐ူးသြပ္ေဆး ေရာင္းသည့္အတြက္ KIA က ဖမ္း ထားစဥ္ KIA ေထာင္မႉး ဆိုသူက အဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။