ရုရှားသမ္မတပူတင်က အချိန်ကိုကစားနေတယ်လို့ ယူကရိန်းသမ္မတ စွပ်စွဲပြောဆို

330

Pika (NP News) - မေ ၂၁
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်နိုင်ဖို့နဲ့ ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကို ဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက် အချိန်ကိုကစားနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာမှ ပြီးဆုံးသွားမယ်ဆိုတာကို သံသယမရှိဘူးလို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ရှင်းလင်းပြီးလက်တွေ့ဆန်တဲ့ အဆိုပြုချက်တွေရှိနေရမယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။
ပြီးတော့ ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ဇီလန်စကီးကတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေကနေတစ်ဆင့် ၎င်းရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့ ရုရှားကလမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ရုရှားအစိုးရကပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားရဲ့ ရည်မှန်းချက်ပန်းတိုင်တွေထဲမှာ ယူကရိန်းကနေတိုးအဖွဲ့မှာ မပါဝင်ရေး၊ရုရှားလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ ယူဆထားတဲ့ ယူကရိန်းရဲ့မူဝါဒတွေ အဆုံးသတ်ရေးနဲ့ ယူကရိန်းအမျိုးသားရေးဝါဒီအုပ်စုတွေရဲ့ဩဇာလွှမ်းမိုးမှုကို တားဆီးရေးတို့ပါဝင်တယ်လို့လည်း ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္က အခ်ိန္ကိုကစားေနတယ္လို႔ ယူကရိန္းသမၼတ စြပ္စြဲေျပာဆို
Pika (NP News) - ေမ ၂၁
႐ုရွားသမၼတပူတင္ဟာ ယူကရိန္းနယ္ေျမေတြကို သိမ္းပိုက္ႏိုင္ဖို႔နဲ႔ ယူကရိန္းမွာျဖစ္ပြားေနတဲ့ စစ္ပြဲကို ဆက္လက္ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ အခ်ိန္ကိုကစားေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲဟာ ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာမွ ၿပီးဆုံးသြားမယ္ဆိုတာကို သံသယမရွိဘူးလို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေစ့စပ္ညႇိႏႈိင္းေရးစားပြဲေပၚမွာ ရွင္းလင္းၿပီးလက္ေတြ႕ဆန္တဲ့ အဆိုျပဳခ်က္ေတြရွိေနရမယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။
ၿပီးေတာ့ ႐ုရွားအေပၚ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ ဇီလန္စကီးကေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းပဋိပကၡကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြကေနတစ္ဆင့္ ၎ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို ရရွိဖို႔ ႐ုရွားကလမ္းဖြင့္ထားဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရကေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ေတြထဲမွာ ယူကရိန္းကေနတိုးအဖြဲ႕မွာ မပါဝင္ေရး၊႐ုရွားလူမ်ိဳးေတြအေပၚ ခြဲျခားဆက္ဆံတယ္လို႔ ယူဆထားတဲ့ ယူကရိန္းရဲ႕မူဝါဒေတြ အဆုံးသတ္ေရးနဲ႔ ယူကရိန္းအမ်ိဳးသားေရးဝါဒီအုပ္စုေတြရဲ႕ဩဇာလႊမ္းမိုးမႈကို တားဆီးေရးတို႔ပါဝင္တယ္လို႔လည္း ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။