အမေရိကန်နဲ့ဆွေးနွေးပွဲတွေက အောင်မြင်မယ့်ပုံမပေါ်ဘူးလို့ အီရန်ပြော

113

Pika(NP News)-မေ ၂၂
အမေရိကန်နဲ့ လုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေဟာ ဘယ်လိုရလဒ်မျိုးမှ ထွက်ပေါ်လာနိုင်ဖွယ်မရှိဘူးလို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီကပြောကြားခဲ့ပါတယ်။အီရန်ရဲ့ ယူရေနီယမ်သန့်စင်မှု လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာ အလီခါမေနီရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အလီခါမေနီက”အမေရိကန်နဲ့ လုပ်ဆောင်နေတဲ့ နျူကလီးယားဆွေးနွေးပွဲတွေက ဘယ်လိုရလဒ်မျိုးမှ ထွက်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော်တို့မသိပါဘူး။အီရန်ရဲ့ ယူရေနီယမ်သန့်စင်ပိုင့်ခွင်ကို ပိတ်ပင်တာက ကြီးမားတဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်နဲ့အမေရိကန်တို့ဟာ လေးကြိမ်မြောက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ရလဒ်မျိုးတော့ မရရှိခဲ့ဘူးလို့ သိရပါတယ်။ဒါ့ပြင် အမေရိကန်နဲ့လုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေဟာ ခက်ခဲပေမယ့်လည်း အသုံးဝင်နေဆဲဖြစ်တယ်လို့ အီရန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ေဆြးေႏြးပြဲေတြက ေအာင္ျမင္မယ့္ပုံမေပၚဘူးလို႔ အီရန္ေျပာ
Pika(NP News)-ေမ ၂၂
အေမရိကန္နဲ႔ လုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြဟာ ဘယ္လိုရလဒ္မ်ိဳးမွ ထြက္ေပၚလာႏိုင္ဖြယ္မရွိဘူးလို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီကေျပာၾကားခဲ့ပါတယ္။အီရန္ရဲ႕ ယူေရနီယမ္သန႔္စင္မႈ လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး သံတမန္ေရးဆိုင္ရာထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ပြားေနတဲ့အခ်ိန္မွာ အလီခါေမနီရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အလီခါေမနီက”အေမရိကန္နဲ႔ လုပ္ေဆာင္ေနတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြက ဘယ္လိုရလဒ္မ်ိဳးမွ ထြက္လာမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုလည္း ကြၽန္ေတာ္တို႔မသိပါဘူး။အီရန္ရဲ႕ ယူေရနီယမ္သန႔္စင္ပိုင့္ခြင္ကို ပိတ္ပင္တာက ႀကီးမားတဲ့အမွားတစ္ခုပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အီရန္နဲ႔အေမရိကန္တို႔ဟာ ေလးႀကိမ္ေျမာက္ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့ရလဒ္မ်ိဳးေတာ့ မရရွိခဲ့ဘူးလို႔ သိရပါတယ္။ဒါ့ျပင္ အေမရိကန္နဲ႔လုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြဟာ ခက္ခဲေပမယ့္လည္း အသုံးဝင္ေနဆဲျဖစ္တယ္လို႔ အီရန္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။