တရုတ်(တိုင်ပေ)အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်အစိုးရပြော

162

Pika (NP News)-မေ ၂၂
တရုတ်(တိုင်ပေ)အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ အခြေအနေအမျိုးမျိုးသတ်မှတ်ထားတာတော့ ရှိလိမ့်မယ်လို့လည်း တရုတ်အစိုးရကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့ ဆက်သွယ်မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်(တိုင်ပေ)သမ္မတလိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်ရဲ့ တရုတ်(တိုင်ပေ)ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချန်းဘင်ဟွာက”တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေခံပြီး ပြန်လည်ပေါင်းစည်းမှုရေးကို မြှင့်တင်ပေးမယ့် ကိစ္စရပ်တွေအတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တရုတ်ဘက်က အဆင်သင့်ရှိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။တရုတ်အစိုးရဟာ လိုင်ချန်တေးကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လိုင်ချန်တေးရဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပေမယ့်လည်း တရုတ်(တိုင်ပေ)အစိုးရကတော့ ၎င်းရဲ့ပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ အခိုင်အမာပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)အစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News)-ေမ ၂၂
တ႐ုတ္(တိုင္ေပ)အစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း အဲ့ဒီေတြ႕ဆုံေဆြးေႏြးမႈေတြဟာ အေျခအေနအမ်ိဳးမ်ိဳးသတ္မွတ္ထားတာေတာ့ ရွိလိမ့္မယ္လို႔လည္း တ႐ုတ္အစိုးရကေျပာၾကားခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံနဲ႔ ဆက္သြယ္မႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ တ႐ုတ္(တိုင္ေပ)သမၼတလိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။တ႐ုတ္ရဲ႕ တ႐ုတ္(တိုင္ေပ)ေရးရာ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ခ်န္းဘင္ဟြာက”တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို အေျခခံၿပီး ျပန္လည္ေပါင္းစည္းမႈေရးကို ျမႇင့္တင္ေပးမယ့္ ကိစၥရပ္ေတြအတြက္ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ တ႐ုတ္ဘက္က အဆင္သင့္ရွိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။တ႐ုတ္အစိုးရဟာ လိုင္ခ်န္ေတးကို ခြဲထြက္ေရးသမားတစ္ဦးအျဖစ္ သတ္မွတ္ထားၿပီး ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ လိုင္ခ်န္ေတးရဲ႕ ကမ္းလွမ္းမႈေတြကို အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားေပမယ့္လည္း တ႐ုတ္(တိုင္ေပ)အစိုးရကေတာ့ ၎ရဲ႕ျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ အခိုင္အမာျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။