နိုင်ငံတကာအဆင့်မီ အာမခံအမျိုးအစားများ တီထွင်ဖန်တီးရန် လိုအပ်ဟုဆို

 139

Pearl (NP News) - မေ ၂၂

နိုင်ငံတကာအဆင့်မီ အာမခံအမျိုးအစားများကို တီထွင်ဖန်တီးရန် လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ (မေလ ၂၁)ရက် က မြန်မာ့အာမခံလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဦးမင်းထွဋ်က မြန်မာနိုင်ငံတွင် ပြည်သူများကြုံတွေ့နေရသည့် မီးဘေး၊ ရေဘေး၊ လေဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့ နိုင်ရေးအတွက် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ လိုအပ်သည့် အာမခံအမျိုးအစားများကို တီထွင်ဖန်တီးပြီး လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် ကိုက်ညီသည့် အာမခံအမျိုး အစားများကို လက်တွေ့ကျကျဆောင်ရွက်ပေးရန် ဦးမင်းထွဋ်က တိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် အရာထမ်း/ အမှုထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များ ကြိုးပမ်းထမ်းဆောင်ကြရာတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကြရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ အများပြည်သူနှင့် နေ့စဉ်ထိတွေ့ ဆက်ဆံကြရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံခြားသားပိုင် အာမခံလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်အာမခံလုပ်ငန်းများနှင့် တန်းတူယှဉ်ပြိုင်၍ လုပ်ကိုင်နေရသည့်အချိန် ဖြစ်၍ မိမိတို့၏ဝန်ဆောင်မှုများကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနိုင်မှ ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

zawgyi version
ႏိုင္ငံတကာအဆင့္မီ အာမခံအမ်ိဳးအစားမ်ား တီထြင္ဖန္တီးရန္ လိုအပ္ဟုဆို
Pearl (NP News) - ေမ ၂၂

ႏိုင္ငံတကာအဆင့္မီ အာမခံအမ်ိဳးအစားမ်ားကို တီထြင္ဖန္တီးရန္ လိုအပ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမင္းထြဋ္က စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျမန္မာ့အာမခံလုပ္ငန္း၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျမန္မာ့အာမခံလုပ္ငန္း၏ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးႏွင့္ လုပ္ငန္းစြမ္းေဆာင္ရည္ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို ယမန္ေန႔ (ေမလ ၂၁)ရက္ က ျမန္မာ့အာမခံလုပ္ငန္း အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ ဦးမင္းထြဋ္က ျမန္မာႏိုင္ငံတြင္ ျပည္သူမ်ားႀကဳံေတြ႕ေနရသည့္ မီးေဘး၊ ေရေဘး၊ ေလေဘးအစရွိသည့္ သဘာဝေဘးအႏၲရာယ္မ်ားကို အာမခံစနစ္ျဖင့္ ကာကြယ္ေထာက္ပံ့ ႏိုင္ေရးအတြက္ ႏိုင္ငံတကာအဆင့္အတန္းႏွင့္အညီ လိုအပ္သည့္ အာမခံအမ်ိဳးအစားမ်ားကို တီထြင္ဖန္တီးၿပီး လုပ္ေဆာင္ေပးရန္ လိုအပ္ပါေၾကာင္းေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ စီးပြားေရး၊ လူမႈေရးအေျခအေနမ်ားႏွင့္ ကိုက္ညီသည့္ အာမခံအမ်ိဳး အစားမ်ားကို လက္ေတြ႕က်က်ေဆာင္႐ြက္ေပးရန္ ဦးမင္းထြဋ္က တိုက္တြန္းမွာၾကားခဲ့သည္။

ထို႔ျပင္ အရာထမ္း/ အမႈထမ္းမ်ားအေနျဖင့္ မိမိတို႔လုပ္ငန္းတာဝန္မ်ား ႀကိဳးပမ္းထမ္းေဆာင္ၾကရာတြင္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းျဖစ္သည့္အတြက္ ႏိုင္ငံ့ဝန္ထမ္းဥပေဒ၊ နည္းဥပေဒ၊ ႏိုင္ငံ့ဝန္ထမ္း က်င့္ဝတ္မ်ားကို လိုက္နာေစာင့္ထိန္းၾကရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

အလားတူ အမ်ားျပည္သူႏွင့္ ေန႔စဥ္ထိေတြ႕ ဆက္ဆံၾကရာတြင္ ေကာင္းမြန္ေသာ ဝန္ေဆာင္မႈေပးႏိုင္ရန္လည္း လိုအပ္ေၾကာင္း၊ ႏိုင္ငံျခားသားပိုင္ အာမခံလုပ္ငန္းမ်ား၊ ပုဂၢလိကပိုင္အာမခံလုပ္ငန္းမ်ားႏွင့္ တန္းတူယွဥ္ၿပိဳင္၍ လုပ္ကိုင္ေနရသည့္အခ်ိန္ ျဖစ္၍ မိမိတို႔၏ဝန္ေဆာင္မႈမ်ားကို ေကာင္းသည္ထက္ေကာင္းေအာင္ ႀကိဳးစားႏိုင္မွ ယွဥ္ၿပိဳင္ႏိုင္မည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)

Related news

© 2021. All rights reserved.