ကင်ဆေရွန်းရဲ့နောက်ဆုံး ရိုက်ကူးခဲ့တဲ့ဇာတ်ကား 'Guitar Man' ပထမဆုံးအကြိမ် ရုံတင်ပြသမည်

 326

ရောင်နီ (NP News) - မေ ၂၂

ကွယ်လွန်သူ မင်းသမီး ကင်ဆေရွန်းရဲ့နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကား 'Guitar Man' ကို သူမကွယ်လွန်ပြီး ၃ လအကြာ၊ မေလ ၂၁ ရက်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြလာခဲ့ပြီး မကြာခင် ရုံတင်ပြသမယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့(မေလ ၂၁ ရက်) က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆွမ်ပါဂူ ရှိ Lotte Cinema World Tower မှာ ဇာတ်ကားအတွက် စာနယ်ဇင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ ကင်ဆေရွန်းရဲ့ မိသားစုကိုလည်း ဖိတ်ကြားခဲ့ပေမယ့် မိခင်ဖြစ်သူက ကျန်းမာရေးပြဿနာကြောင့် မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။
'Guitar Man' ဇာတ်ကားဟာ ခက်ခဲကြမ်းတမ်းတဲ့ ဂီတခရီးလမ်းမှာ အရှုံးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခဲ့ရတဲ့ ဥာဏ်ကြီးရှင် ဂစ်တာသမားတစ်ဦးရဲ့ ဇာတ်လမ်းကို နောက်ခံထား ဖန်တီးထားတဲ့ ဂီတဒရာမာတစ်ခုဖြစ်ပါတယ်။
ဒီဇာတ်ကားကို အဆိုတော်နဲ့ ရုပ်ရှင်ရိုက်ကူးသူ လီဆန်ဂျောင်က ထုတ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ လီဆန်ဂျောင်က ငွေရေးကြေးရေး အခက်အခဲရှိနေသူ ဂစ်တာသမားလေး ကီချူအဖြစ် သရုပ်ဆောင်ထားပြီး ကင်ဆေရွန်းကတော့ ကီးဘုတ်သမား ယိုးဂျင် အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
မေလ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်နဲ့ အထူးအမေးအဖြေ အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီး 'Guitar Man' ရုပ်ရှင်ကိုတော့ မေလ ၃၀ ရက်မှာ တရားဝင်ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ကင္ေဆ႐ြန္းရဲ႕ေနာက္ဆုံး ႐ိုက္ကူးခဲ့တဲ့ဇာတ္ကား 'Guitar Man' ပထမဆုံးအႀကိမ္ ႐ုံတင္ျပသမည္
ေရာင္နီ (NP News) - ေမ ၂၂

ကြယ္လြန္သူ မင္းသမီး ကင္ေဆ႐ြန္းရဲ႕ေနာက္ဆုံး႐ိုက္ခဲ့တဲ့ ဇာတ္ကား 'Guitar Man' ကို သူမကြယ္လြန္ၿပီး ၃ လအၾကာ၊ ေမလ ၂၁ ရက္မွာ ပထမဆုံးအႀကိမ္ လူသိရွင္ၾကား ထုတ္ျပလာခဲ့ၿပီး မၾကာခင္ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။
ဗုဒၶဟူးေန႔(ေမလ ၂၁ ရက္) က ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ဆြမ္ပါဂူ ရွိ Lotte Cinema World Tower မွာ ဇာတ္ကားအတြက္ စာနယ္ဇင္းပြဲျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲကို တက္ေရာက္ဖို႔ ကင္ေဆ႐ြန္းရဲ႕ မိသားစုကိုလည္း ဖိတ္ၾကားခဲ့ေပမယ့္ မိခင္ျဖစ္သူက က်န္းမာေရးျပႆနာေၾကာင့္ မတက္ေရာက္ႏိုင္ဘူးလို႔ သိရပါတယ္။
'Guitar Man' ဇာတ္ကားဟာ ခက္ခဲၾကမ္းတမ္းတဲ့ ဂီတခရီးလမ္းမွာ အရႈံးနဲ႔ အခ်စ္ကို ရွာေဖြေတြ႕ရွိခဲ့ရတဲ့ ဥာဏ္ႀကီးရွင္ ဂစ္တာသမားတစ္ဦးရဲ႕ ဇာတ္လမ္းကို ေနာက္ခံထား ဖန္တီးထားတဲ့ ဂီတဒရာမာတစ္ခုျဖစ္ပါတယ္။
ဒီဇာတ္ကားကို အဆိုေတာ္နဲ႔ ႐ုပ္ရွင္႐ိုက္ကူးသူ လီဆန္ေဂ်ာင္က ထုတ္လုပ္ဖန္တီးထားတာျဖစ္ပါတယ္။
ဇာတ္ကားထဲမွာ လီဆန္ေဂ်ာင္က ေငြေရးေၾကးေရး အခက္အခဲရွိေနသူ ဂစ္တာသမားေလး ကီခ်ဴအျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ကင္ေဆ႐ြန္းကေတာ့ ကီးဘုတ္သမား ယိုးဂ်င္ အျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။
ေမလ ၂၁ ရက္ သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္နဲ႔ အထူးအေမးအေျဖ အစီအစဥ္ေတြ ျပဳလုပ္ခဲ့ၿပီး 'Guitar Man' ႐ုပ္ရွင္ကိုေတာ့ ေမလ ၃၀ ရက္မွာ တရားဝင္ျဖန႔္ခ်ိဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.