BLACKPINK အဖွဲ့ဝင် ရိုစ့်နဲ့ မော်ဒယ်အီဗန်မော့ခ် dating သတင်း ကောလဟာလများ ထွက်ရှိနေ

63

ရောင်နီ (NP News) - မေ ၂၄
BLACKPINK ရဲ့အဖွဲ့ဝင် ရိုစ့် ဟာ မကြာသေးခင်က ထွက်ရှိတဲ့ သူမရဲ့တစ်ကိုယ်တော်သီချင်း “Toxic Till the End” music video ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် သရုပ်ဆောင် အီဗန်မော့ခ် နဲ့ Date နေကြတယ်လို့ ကိုရီးယား အင်တာနက် အသုံးပြုသူတွေက ထင်ကြေးပေးနေပါတယ်။
အကြောင်းကတော့ မော်ဒယ်လ် အိုင်ဗန်မော့ခ် နေထိုင်တဲ့ အမေရိကန်နိုင်ငံ၊ နယူးယောင်ကို ရိုစ့်က မကြာခဏ ကိုယ်ရေးကိုယ်တာကိစ္စနဲ့သွားရောက်နေပြီး သူမရောက်ရှိတဲ့ နိုင်ငံတွေမှာလည်း အိုင်ဗန်ရော့ခ် ရှိနေတတ်တယ်လို့ ပရိသတ်တွေက သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။ မကြာသေးခင်က ရိုစ့်က နယူးယောက်သို့ တစ်ဖန်ပြန်လည်ရောက်ရှိခဲ့တယ်လို့ဖော်ပြတဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကနေ ဒီလို သံသယ ကြီးထွားလာတာဖြစ်ပါတယ်။ ရိုစ့်ရဲ့အေဂျင်စီက သူမရဲ့ခရီးစဉ်အတွက် သီးခြား အချိန်ဇယား အတည်ပြုထားခြင်း မရှိတာကြောင့်လည်း အချို့ အင်တာနက် အသုံးပြုသူတွေက သူမရဲ့ခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာခရီးဖြစ်မယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။ အချို့ အင်တာနက်အသုံးပြုသူတွေကလည်း ဒါဟာ သူမက အီဗန်မောခ့် နဲ့ သွားရောက်တွေ့ဆုံခြင်းဖြစ်မယ်လို့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
နယူးယောက် တစ်ခုတည်းတင် မဟုတ်ဘဲ အခြားနိုင်ငံနဲ့ နေရာအချို့မှာလည်း ရိုစ့်ရှ်တဲ့ အချိန်နဲ့ အီဗန်မော့ခ် ရှိနေတဲ့ အချိန်တွေနဲ့ကိုက်ညီနေတယ်လို့ ဆိုပါတယ်။
ရိုစ့်နဲ့ အီဗန်မော့ခ်ရဲ့ dating ကောလဟာလ သတင်းတွေ ထွက်ပေါ်လာတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပရိသတ်တွေကြားမှာ အရင်ကတည်းက ကောလဟာလတွေ ဆက်တိုက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္နဲ႔ ေမာ္ဒယ္အီဗန္ေမာ့ခ္ dating သတင္း ေကာလဟာလ မ်ား ထြက္ရွိေန
ေရာင္နီ (NP News) - ေမ ၂၄
BLACKPINK ရဲ႕အဖြဲ႕ဝင္ ႐ိုစ့္ ဟာ မၾကာေသးခင္က ထြက္ရွိတဲ့ သူမရဲ႕တစ္ကိုယ္ေတာ္သီခ်င္း “Toxic Till the End” music video ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ အီဗန္ေမာ့ခ္ နဲ႔ Date ေနၾကတယ္လို႔ ကိုရီးယား အင္တာနက္ အသုံးျပဳသူေတြက ထင္ေၾကးေပးေနပါတယ္။
အေၾကာင္းကေတာ့ ေမာ္ဒယ္လ္ အိုင္ဗန္ေမာ့ခ္ ေနထိုင္တဲ့ အေမရိကန္ႏိုင္ငံ၊ နယူးေယာင္ကို ႐ိုစ့္က မၾကာခဏ ကိုယ္ေရးကိုယ္တာကိစၥနဲ႔သြားေရာက္ေနၿပီး သူမေရာက္ရွိတဲ့ ႏိုင္ငံေတြမွာလည္း အိုင္ဗန္ေရာ့ခ္ ရွိေနတတ္တယ္လို႔ ပရိသတ္ေတြက သတိျပဳမိခဲ့ၾကတာျဖစ္ပါတယ္။ မၾကာေသးခင္က ႐ိုစ့္က နယူးေယာက္သို႔ တစ္ဖန္ျပန္လည္ေရာက္ရွိခဲ့တယ္လို႔ေဖာ္ျပတဲ့ ဆိုရွယ္မီဒီယာပို႔စ္တစ္ခုကေန ဒီလို သံသယ ႀကီးထြားလာတာျဖစ္ပါတယ္။ ႐ိုစ့္ရဲ႕ေအဂ်င္စီက သူမရဲ႕ခရီးစဥ္အတြက္ သီးျခား အခ်ိန္ဇယား အတည္ျပဳထားျခင္း မရွိတာေၾကာင့္လည္း အခ်ိဳ႕ အင္တာနက္ အသုံးျပဳသူေတြက သူမရဲ႕ခရီးစဥ္ဟာ ကိုယ္ေရးကိုယ္တာခရီးျဖစ္မယ္လို႔ ယုံၾကည္ၾကတာျဖစ္ပါတယ္။ အခ်ိဳ႕ အင္တာနက္အသုံးျပဳသူေတြကလည္း ဒါဟာ သူမက အီဗန္ေမာခ့္ နဲ႔ သြားေရာက္ေတြ႕ဆုံျခင္းျဖစ္မယ္လို႔ ထင္ေၾကးေပးေနၾကတာျဖစ္ပါတယ္။
နယူးေယာက္ တစ္ခုတည္းတင္ မဟုတ္ဘဲ အျခားႏိုင္ငံနဲ႔ ေနရာအခ်ိဳ႕မွာလည္း ႐ိုစ့္ရွ္တဲ့ အခ်ိန္နဲ႔ အီဗန္ေမာ့ခ္ ရွိေနတဲ့ အခ်ိန္ေတြနဲ႔ကိုက္ညီေနတယ္လို႔ ဆိုပါတယ္။
႐ိုစ့္နဲ႔ အီဗန္ေမာ့ခ္ရဲ႕ dating ေကာလဟာလ သတင္းေတြ ထြက္ေပၚလာတာဟာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ သူတို႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ပရိသတ္ေတြၾကားမွာ အရင္ကတည္းက ေကာလဟာလေတြ ဆက္တိုက္ထြက္ေပၚေနတာျဖစ္ပါတယ္။