မြန်မာနိုင်ငံဘက်သို့ အကူအညီပေးရေး လူသားချင်စာနာမှုဆိုင်ရာစင်္ကြံကို ဘင်္ဂလားဒေ့ရှ်တပ်ချုပ် ပယ်ချ

 387

Htay Oung (NP News) - မေ ၂၃

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရန် "လူသားချင်းစာနာမှု စင်္ကြံ" ဖွင့်လှစ်ရေး အဆိုအပေါ် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ အူးဇ် ဇမန်က ပြင်းထန်စွာ ပယ်ချလိုက်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားမှ စင်္ကြံလမ်း သတ်မှတ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အငတ် ဘေးဆိုက်နေသူများထံ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးမယ့် အကြံအစည်ဟာ မိုဟာမက် ယူနွတ် ဦး ဆောင်တဲ့ ယာယီအစိုးရက ကမကထပြုလုပ်နေခြင်းဖြစ်တယ်လို့ အိန္ဒိယ “North East News” ၂ဝ၂၅ ခုနှစ် မေလ ၂၁ ရက်က ရေးသားခဲ့ပါတယ်။
ယူနွတ်ကြားဖြတ်အစိုးရရဲ့လုပ်ရပ်အပေါ် ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့သဘောထားကို ဗိုလ်ချုပ်ကြီး ဇမန်က ဖော်ပြ ရာမှာ “သွေးစွန်းသောစင်္ကြံ ရှိမည် မဟုတ်”လို့ ပြင်းထန်တဲ့ စကားလုံးများကို သုံးနှုန်းထားပါတယ်။ ဒါ့အပြင် ယခုလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များနဲ့ပတ်သက်ပြီး တပ်မတော်ကို အသိပေးခြင်းမပြုခဲ့ဘူးလို့ ဝေဖန်ထား ပါတယ်။ ယခုလို ကိစ္စမျိုးဟာ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမျိုးရဲ့အလုပ်ဖြစ်ပြီး ယူနွတ်တို့အဖွဲ့ဟာ ယာယီသာဖြစ်ပြီး ရွေးချယ်တင်မြှောက်ခံထားရသူများ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးက သတိပေးလိုက်ပါတယ်။
(အသက် ၅၈ နှစ်အရွယ် စစ်ဦးစီးချုပ် ဝါကာအူးဇ်ဇမန်ကို ကြယ်လေးပွင့်အဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ၂၀၂၄-ခုနှစ် ဇွန်လမှာ ခန့်အပ်ခဲ့သူဟာ ယခင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဖြစ်ပါ တယ်။ ရာထူးသက်တမ်း တစ်လကျော်အကြာ ကျောင်းသားများဦးဆောင်တဲ့ လူထုအုံကြွမှုအတွင်း ရှိတ်ဟာစီနာ ပြည်ပကို တိမ်းရှောင်သွားရခြင်းမှာ လူစုလူဝေးများကို ဖြိုခွင်းရန် အဝါမီလိဂ်အစိုးရရဲ့အမိန့်ကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က မနာခံခဲ့ခြင်းလည်း ပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြီးဇမန်က နိုင်ငံရေးပါတီများ ဆန္ဒပြသူတို့ရဲ့ ထောက်ခံမှုဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဆန္ဒပြသူတို့အပေါ် တပ်မတော်ရဲ့အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ရှိတ်ဟာစီနာ နှုတ်ထွက်သွားပြီး ၃ ရက်အကြာမှာ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်အရာရှိကြီးများ ရှေ့ မှောက် မိုဟာမက်ယူနွတ်ရဲ့ ကြားဖြတ်အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဗိုလ်ချုပ်ကြီး ဇမန်ကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ချက်ရှိနေသည်များကို လိုက်လျောညီထွေဖြစ်စေရေး၊ အထွေထွေ ရွေးကောက်ပွဲကို ၁၈ လအတွင်း ကျင်းပရန် ကတိပြုခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ ဦးသာ ပါရှိတဲ့ ကြားဖြတ်အစိုး ရအဖွဲ့မှာ လူထုအုံကြွမှုအတွင်း မိမိတို့ သဘောဆန္ဒအလျောက် ဦးဆောင်ခဲ့သူများနဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ “ဝန်ကြီး” လို့ သုံးနှုန်းခြင်းထက် “အကြံပေးအရာရှိ” လို့ ခေါ်ဝေါ်သင့်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် လန်ဒန် ကင်းကောလိပ်ထွက် ဗိုလ်ချုပ်ကြီးဟာ ကြားဖြတ်အစိုးရ ရာထူးနေရာများအတွက် အမည်စာ ရင်း တင်သွင်းခြင်း မပြုခဲ့ပါဘူး)
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု စင်္ကြံကို ဖျတ်ဖျတ်လူး ထောက်ခံခဲ့သူ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံ ရေး အကြံပေး “ခါလီလူရ် ရာမန်” က သူတို့ဆိုလိုတဲ့ အစီအစဉ်ဟာ အစားအသောက်နဲ့ ဆေးဝါးများ ပေးပို့ ရန်သာ ဖြစ်တယ်လို့ လေသံပြောင်းလာပြီး ခုနောက်ပိုင်းမှာတော့ ဒီကိစ္စအတွက် အမေရိကန် သို့မဟုတ် တခြား ဘယ် နိုင်ငံနဲ့မျှ ဆွေးနွေးခြင်း မရှိသေးကြောင်း ပြောဆိုပြန်ပါတယ်။
နိုင်ငံအတွင်း အကြမ်းဖက်အရေးအခင်းများကို သည်းမခံနိုင်တော့ကြောင်း ဗိုလ်ချုပ်ကြီး ဇမန်က ပြောကြားပြီး “၁၉၇၁ ဘင်္ဂလားလွတ်မြောက်ရေးစစ်ပွဲ” ရဲ့ အမွေအနှစ်များကို ဘယ်လိုအခြေအနေမျိုးတွင်မျှ ဖျောက်ဖျက်ခွင့် မရှိဘူးလို့ ထပ်လာင်း သတိပေးပါတယ်။
ဒါကာမြိ့မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို တပ်မ တော် အကြီးတန်း အရာရှိ ၁၂၀၀ နီးပါးတက်ရောက်ကြခြင်းက ယူနွတ်အစိုးရက ကြံစည်နေတဲ့ “ရခိုင်ပြည်နယ် လူသားချင်းစာနာမှု စင်္ကြံ” ကို ဆန့်ကျင်ရာမှာ စစ်တပ်အများစုက ဗိုလ်ချုပ်ကြီး နဲ့အတူ ရပ်တည်ကြောင်း ပြသ နေတယ်လို့ North East News က ဆက်လက်ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာရ်-အူးဇ်ဇမန်ဟာ လာမယ့် ဇွန်လ နောက် ဆုံး ရက်သတ္တပတ်မှာ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ "လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံကိစ္စကို လူသိရှင်ကြား ကန့်ကွက်ပြီးနောက် ဗိုလ်ချုပ်ကြီးရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တယ်လို့ North East News ရဲ့ အခြားသတင်းတစ်ပုဒ် ၂ဝ၂၅ ခုနှစ် မေလ ၂၂ ရက်မှာ တွေ့ရှိရပါတယ်။
ခရီးစဉ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဖိတ်ကြားမှုအရဖြစ်ပြီး ကာကွယ်ရေး-ဆက်ဆံရေး ခိုင်မာစေရန်နဲ့ တရုတ်ထံမှ လက်နက်များ ထပ်မံဝယ်ယူရန် ရည်ရွယ်ကြောင်း၊ ပေကျင်းဟာ ဘင်္ဂလားဒေ့ရှ်ကို ယခုတိုင်အောင် လက်နက်အများအပြား ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
မကြာသေးမီက တရုတ်လုပ် ဒုံးကျည်များနဲ့ ရေဒါစနစ်များကို ဝယ်ယူရန် ဆွေးနွေးခဲ့ကြပြီး အမှန်တကယ် ဝယ် ယူဖြစ်-မဖြစ်ရန် မသေချာသေးပါဘူး၊ လွန်ခဲ့တဲ့နှစ် ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့က ပထမဆုံးသော ပူးပေါင်းစစ် ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပါတယ်။ တရုတ်ဘက်ကလည်း ရိုင်ဖယ်သေနတ်များ၊ ဒုံးပစ်လက်နက်များနဲ့ အပေါ့စား မော်တော်ယာဉ်များအပါအဝင် စစ်နည်းပညာများကို ဘင်္ဂလားဒေ့ရှ်ထံ မျှဝေပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ တရုတ်က ဘင်္ဂလားဒေ့ရှ်ကို အထူးချိုသာတဲ့ ဈေးနှုန်းနဲ့ ရေငုပ်သင်္ဘော ၂ စီးရောင်းချခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုက်ရဲ့ တရုတ်ခရီးစဉ်အတွင်း (ကြက် လည်ချောင်း စင်္ကြံအနီး) ခေတ်ဟောင်း လေယာဉ်ကွင်းတစ်ခုကို ပြန်လည်မွမ်းမံရန် အဆိုပြုခဲ့ခြင်းဟာ အိမ်နီး ချင်း အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ (မကြာသေးခင် ကက်ရှ်မီးယား အိန္ဒိယ-ပါကစ္စတန် ထိပ်တိုက်တွေ့မှုမှာ လူအများ စိတ်ဝင်စားကြတဲ့) တရုတ်လုပ် တိုက်လေယာဉ်များကိုလည်း ဝယ်ယူ ရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ျမန္မာႏိုင္ငံဘက္သို႔ အကူအညီေပးေရး လူသားခ်င္စာနာမႈဆိုင္ရာစႀကႍကို ဘဂၤလားေဒ့ရွ္တပ္ခ်ဳပ္ ပယ္ခ်
Htay Oung (NP News) - ေမ ၂၃
ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္အတြင္း အကူအညီေပးရန္ "လူသားခ်င္းစာနာမႈ စႀကႍ" ဖြင့္လွစ္ေရး အဆိုအေပၚ ဘဂၤလားေဒ့ရွ္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဝါကာ အူးဇ္ ဇမန္က ျပင္းထန္စြာ ပယ္ခ်လိုက္ပါ တယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ခ္ဘဇားမွ စႀကႍလမ္း သတ္မွတ္ၿပီး ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္အတြင္း အငတ္ ေဘးဆိုက္ေနသူမ်ားထံ ေထာက္ပံ့ေရးပစၥည္းမ်ား ပို႔ေဆာင္ေပးမယ့္ အႀကံအစည္ဟာ မိုဟာမက္ ယူႏြတ္ ဦး ေဆာင္တဲ့ ယာယီအစိုးရက ကမကထျပဳလုပ္ေနျခင္းျဖစ္တယ္လို႔ အိႏၵိယ “North East News” ၂ဝ၂၅ ခုႏွစ္ ေမလ ၂၁ ရက္က ေရးသားခဲ့ပါတယ္။
ယူႏြတ္ၾကားျဖတ္အစိုးရရဲ႕လုပ္ရပ္အေပၚ ဘဂၤလားေဒ့ရွ္တပ္မေတာ္ရဲ႕သေဘာထားကို ဗိုလ္ခ်ဳပ္ႀကီး ဇမန္က ေဖာ္ျပ ရာမွာ “ေသြးစြန္းေသာစႀကႍ ရွိမည္ မဟုတ္”လို႔ ျပင္းထန္တဲ့ စကားလုံးမ်ားကို သုံးႏႈန္းထားပါတယ္။ ဒါ့အျပင္ ယခုေလာက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္မ်ားနဲ႔ပတ္သက္ၿပီး တပ္မေတာ္ကို အသိေပးျခင္းမျပဳခဲ့ဘူးလို႔ ေဝဖန္ထား ပါတယ္။ ယခုလို ကိစၥမ်ိဳးဟာ နည္းလမ္းတက် ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အစိုးရမ်ိဳးရဲ႕အလုပ္ျဖစ္ၿပီး ယူႏြတ္တို႔အဖြဲ႕ဟာ ယာယီသာျဖစ္ၿပီး ေ႐ြးခ်ယ္တင္ေျမႇာက္ခံထားရသူမ်ား မဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးက သတိေပးလိုက္ပါတယ္။
(အသက္ ၅၈ ႏွစ္အ႐ြယ္ စစ္ဦးစီးခ်ဳပ္ ဝါကာအူးဇ္ဇမန္ကို ၾကယ္ေလးပြင့္အဆင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ ၂၀၂၄-ခုႏွစ္ ဇြန္လမွာ ခန႔္အပ္ခဲ့သူဟာ ယခင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာျဖစ္ပါ တယ္။ ရာထူးသက္တမ္း တစ္လေက်ာ္အၾကာ ေက်ာင္းသားမ်ားဦးေဆာင္တဲ့ လူထုအုံႂကြမႈအတြင္း ရွိတ္ဟာစီနာ ျပည္ပကို တိမ္းေရွာင္သြားရျခင္းမွာ လူစုလူေဝးမ်ားကို ၿဖိဳခြင္းရန္ အဝါမီလိဂ္အစိုးရရဲ႕အမိန႔္ကို ဘဂၤလားေဒ့ရွ္ တပ္မေတာ္က မနာခံခဲ့ျခင္းလည္း ပါဝင္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးဇမန္က ႏိုင္ငံေရးပါတီမ်ား ဆႏၵျပသူတို႔ရဲ႕ ေထာက္ခံမႈျဖင့္ ၾကားျဖတ္အစိုးရဖြဲ႕စည္းမည္ျဖစ္ေၾကာင္း၊ ဆႏၵျပသူတို႔အေပၚ တပ္မေတာ္ရဲ႕အၾကမ္းဖက္မႈမ်ားကို စုံစမ္းစစ္ေဆးၿပီး အေရးယူမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
ရွိတ္ဟာစီနာ ႏႈတ္ထြက္သြားၿပီး ၃ ရက္အၾကာမွာ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ စစ္ဘက္အရာရွိႀကီးမ်ား ေရွ႕ ေမွာက္ မိုဟာမက္ယူႏြတ္ရဲ႕ ၾကားျဖတ္အစိုးရ က်မ္းသစၥာက်ိန္ဆိုပြဲကို ဗိုလ္ခ်ဳပ္ႀကီး ဇမန္ကိုယ္တိုင္ႀကီးၾကပ္ခဲ့ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကန႔္သတ္ခ်က္ရွိေနသည္မ်ားကို လိုက္ေလ်ာညီေထြျဖစ္ေစေရး၊ အေထြေထြ ေ႐ြးေကာက္ပြဲကို ၁၈ လအတြင္း က်င္းပရန္ ကတိျပဳခဲ့ပါတယ္။ အဖြဲ႕ဝင္ ၁၅ ဦးသာ ပါရွိတဲ့ ၾကားျဖတ္အစိုး ရအဖြဲ႕မွာ လူထုအုံႂကြမႈအတြင္း မိမိတို႔ သေဘာဆႏၵအေလ်ာက္ ဦးေဆာင္ခဲ့သူမ်ားနဲ႔ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း၊ “ဝန္ႀကီး” လို႔ သုံးႏႈန္းျခင္းထက္ “အႀကံေပးအရာရွိ” လို႔ ေခၚေဝၚသင့္ေၾကာင္း အရိပ္အႁမြက္ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ လန္ဒန္ ကင္းေကာလိပ္ထြက္ ဗိုလ္ခ်ဳပ္ႀကီးဟာ ၾကားျဖတ္အစိုးရ ရာထူးေနရာမ်ားအတြက္ အမည္စာ ရင္း တင္သြင္းျခင္း မျပဳခဲ့ပါဘူး)
ရခိုင္ျပည္နယ္ လူသားခ်င္းစာနာမႈ စႀကႍကို ဖ်တ္ဖ်တ္လူး ေထာက္ခံခဲ့သူ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားလုံၿခဳံ ေရး အႀကံေပး “ခါလီလူရ္ ရာမန္” က သူတို႔ဆိုလိုတဲ့ အစီအစဥ္ဟာ အစားအေသာက္နဲ႔ ေဆးဝါးမ်ား ေပးပို႔ ရန္သာ ျဖစ္တယ္လို႔ ေလသံေျပာင္းလာၿပီး ခုေနာက္ပိုင္းမွာေတာ့ ဒီကိစၥအတြက္ အေမရိကန္ သို႔မဟုတ္ တျခား ဘယ္ ႏိုင္ငံနဲ႔မွ် ေဆြးေႏြးျခင္း မရွိေသးေၾကာင္း ေျပာဆိုျပန္ပါတယ္။
ႏိုင္ငံအတြင္း အၾကမ္းဖက္အေရးအခင္းမ်ားကို သည္းမခံႏိုင္ေတာ့ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ဇမန္က ေျပာၾကားၿပီး “၁၉၇၁ ဘဂၤလားလြတ္ေျမာက္ေရးစစ္ပြဲ” ရဲ႕ အေမြအႏွစ္မ်ားကို ဘယ္လိုအေျခအေနမ်ိဳးတြင္မွ် ေဖ်ာက္ဖ်က္ခြင့္ မရွိဘူးလို႔ ထပ္လာင္း သတိေပးပါတယ္။
ဒါကာၿမိ့မွာ က်င္းပတဲ့ ဘဂၤလားေဒ့ရွ္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ သတင္းစာရွင္းလင္းပြဲကို တပ္မ ေတာ္ အႀကီးတန္း အရာရွိ ၁၂၀၀ နီးပါးတက္ေရာက္ၾကျခင္းက ယူႏြတ္အစိုးရက ႀကံစည္ေနတဲ့ “ရခိုင္ျပည္နယ္ လူသားခ်င္းစာနာမႈ စႀကႍ” ကို ဆန႔္က်င္ရာမွာ စစ္တပ္အမ်ားစုက ဗိုလ္ခ်ဳပ္ႀကီး နဲ႔အတူ ရပ္တည္ေၾကာင္း ျပသ ေနတယ္လို႔ North East News က ဆက္လက္ေဖာ္ျပပါတယ္။
ဘဂၤလားေဒ့ရွ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဝါကာရ္-အူးဇ္ဇမန္ဟာ လာမယ့္ ဇြန္လ ေနာက္ ဆုံး ရက္သတၱပတ္မွာ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ "လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍကိစၥကို လူသိရွင္ၾကား ကန႔္ကြက္ၿပီးေနာက္ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ပထမဆုံး ႏိုင္ငံျခားခရီးစဥ္ျဖစ္တယ္လို႔ North East News ရဲ႕ အျခားသတင္းတစ္ပုဒ္ ၂ဝ၂၅ ခုႏွစ္ ေမလ ၂၂ ရက္မွာ ေတြ႕ရွိရပါတယ္။
ခရီးစဥ္ဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ရဲ႕ ဖိတ္ၾကားမႈအရျဖစ္ၿပီး ကာကြယ္ေရး-ဆက္ဆံေရး ခိုင္မာေစရန္နဲ႔ တ႐ုတ္ထံမွ လက္နက္မ်ား ထပ္မံဝယ္ယူရန္ ရည္႐ြယ္ေၾကာင္း၊ ေပက်င္းဟာ ဘဂၤလားေဒ့ရွ္ကို ယခုတိုင္ေအာင္ လက္နက္အမ်ားအျပား ေရာင္းခ်ေပးခဲ့ၿပီး ျဖစ္တယ္လို႔ဆိုပါတယ္။
မၾကာေသးမီက တ႐ုတ္လုပ္ ဒုံးက်ည္မ်ားနဲ႔ ေရဒါစနစ္မ်ားကို ဝယ္ယူရန္ ေဆြးေႏြးခဲ့ၾကၿပီး အမွန္တကယ္ ဝယ္ ယူျဖစ္-မျဖစ္ရန္ မေသခ်ာေသးပါဘူး၊ လြန္ခဲ့တဲ့ႏွစ္ ဘဂၤလားေဒ့ရွ္နဲ႔ တ႐ုတ္တို႔က ပထမဆုံးေသာ ပူးေပါင္းစစ္ ေရးေလ့က်င့္မႈမ်ားကို ျပဳလုပ္ခဲ့ပါတယ္။ တ႐ုတ္ဘက္ကလည္း ႐ိုင္ဖယ္ေသနတ္မ်ား၊ ဒုံးပစ္လက္နက္မ်ားနဲ႔ အေပါ့စား ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ စစ္နည္းပညာမ်ားကို ဘဂၤလားေဒ့ရွ္ထံ မွ်ေဝေပးခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္မွာ တ႐ုတ္က ဘဂၤလားေဒ့ရွ္ကို အထူးခ်ိဳသာတဲ့ ေဈးႏႈန္းနဲ႔ ေရငုပ္သေဘၤာ ၂ စီးေရာင္းခ်ခဲ့ပါတယ္။ ၂၀၂၅ ခုႏွစ္ မတ္လ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရ အႀကံေပးအရာရွိခ်ဳက္ရဲ႕ တ႐ုတ္ခရီးစဥ္အတြင္း (ၾကက္ လည္ေခ်ာင္း စႀကႍအနီး) ေခတ္ေဟာင္း ေလယာဥ္ကြင္းတစ္ခုကို ျပန္လည္မြမ္းမံရန္ အဆိုျပဳခဲ့ျခင္းဟာ အိမ္နီး ခ်င္း အိႏၵိယအတြက္ စိုးရိမ္စရာျဖစ္ရပါတယ္။ ဘဂၤလားေဒ့ရွ္ကေတာ့ (မၾကာေသးခင္ ကက္ရွ္မီးယား အိႏၵိယ-ပါကစၥတန္ ထိပ္တိုက္ေတြ႕မႈမွာ လူအမ်ား စိတ္ဝင္စားၾကတဲ့) တ႐ုတ္လုပ္ တိုက္ေလယာဥ္မ်ားကိုလည္း ဝယ္ယူ ရန္ ဆႏၵျပင္းျပေနေၾကာင္း သိရွိရပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.