ပြင်သစ်၊ ဗြိတိန် နဲ့ ကနေဒါနိုင်ငံတို့က ဟားမက်လက်နက်ကိုင်အဖွဲ့ကို ကူညီပေးလိုနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် စွပ်စွဲပြောဆို

 66

Pika (NP News) - မေ ၂၄

ပြင်သစ်၊ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ကူညီပေးလိုနေတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက စွပ်စွဲပြောဆိုခဲ့ပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ လုပ်ဆောင်နေ တဲ့ ၎င်းရဲ့နောက်ဆုံးထိုးစစ်ဆင်မှုတွေကို မရပ်တန့်ဘူးဆိုရင် ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်၊ ဗြိတိန် နဲ့ ကနေဒါနိုင်ငံတို့ရဲ့ခေါင်းဆောင်တွေက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် နေတန်ရာဟုရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီစွပ်စွဲပြောဆိုမှုဟာ ဂါဇာအပေါ်လုပ်ဆောင်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကို ဆန့်ကျင်တဲ့အစ္စရေးအစိုးရရဲ့တုံ့ပြန်ချက်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုက ”သူတို့တွေဟာ မှားယွင်းတဲ့ဘက်ခြမ်းကို ရောက်နေတာပါ။ ပြင်သစ်၊ ဗြိတိန် နဲ့ ကနေဒါနိုင်ငံတို့ဟာ ဟားမက် လက်နက်ကိုင်အဖွဲ့ကို ကူညီပေးလိုနေတာပါ” စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖျက်ဆီးမှုတွေနဲ့ ဆာလောင်မွတ်သိပ်မှုတွေ မြင့်တက်လာမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ အစ္စရေးဘက်က ထိုးစစ်ဆင်မှုအသစ်‌တွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ နေတန်ရာဟုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version:
ျပင္သစ္၊ ၿဗိတိန္ နဲ႔ ကေနဒါႏိုင္ငံတို႔က ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ကူညီေပးလိုေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ စြပ္စြဲေျပာဆို
Pika (NP News) - ေမ ၂၄

ျပင္သစ္၊ၿဗိတိန္နဲ႔ ကေနဒါႏိုင္ငံတို႔ရဲ႕ ေခါင္းေဆာင္ေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ကူညီေပးလိုေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသမွာ လုပ္ေဆာင္ေန တဲ့ ၎ရဲ႕ေနာက္ဆုံးထိုးစစ္ဆင္မႈေတြကို မရပ္တန႔္ဘူးဆိုရင္ ျပင္းထန္တဲ့အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ျပင္သစ္၊ ၿဗိတိန္ နဲ႔ ကေနဒါႏိုင္ငံတို႔ရဲ႕ေခါင္းေဆာင္ေတြက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အဲဒီစြပ္စြဲေျပာဆိုမႈဟာ ဂါဇာအေပၚလုပ္ေဆာင္ေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ဖိအားေပးမႈေတြကို ဆန႔္က်င္တဲ့အစၥေရးအစိုးရရဲ႕တုံ႔ျပန္ခ်က္တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ ေနတန္ရာဟုက ”သူတို႔ေတြဟာ မွားယြင္းတဲ့ဘက္ျခမ္းကို ေရာက္ေနတာပါ။ ျပင္သစ္၊ ၿဗိတိန္ နဲ႔ ကေနဒါႏိုင္ငံတို႔ဟာ ဟားမက္ လက္နက္ကိုင္အဖြဲ႕ကို ကူညီေပးလိုေနတာပါ” စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ဖ်က္ဆီးမႈေတြနဲ႔ ဆာေလာင္မြတ္သိပ္မႈေတြ ျမင့္တက္လာမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာက စိုးရိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အစၥေရးဘက္က ထိုးစစ္ဆင္မႈအသစ္‌ေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို ထိန္းခ်ဳပ္သြားမယ္လို႔ ေနတန္ရာဟုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.