ရုရှားနဲ့ ယူကရိန်းကြား ကြီးမားတဲ့အကျဉ်းသားလဲလှယ်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတပြော

 57

Pika (NP News) - မေ ၂၄

ရုရှားနဲ့ယူကရိန်းကြား ကြီးမားတဲ့အကျဉ်းသားလဲလှယ်မှုတစ်ခု အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မေလ(၂၃)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေကို လုပ်ဆောင်လိုတယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ တိုက်ပွဲတွေအတွင်းကျဆုံးသွားတဲ့စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို အပြန်အလှန်လဲလှယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်က ကြားဝင် စေ့စပ်ပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့်လည်း ရုရှားနဲ့ ယူကရိန်းတို့ဟာ လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ သဘောတူညီချက်မျိုးကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်စလုံးရဲ့ခေါင်းဆောင်တွေက မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးတာမျိုးတွေကို လက်ရှိအချိန်အထိ မလုပ်ဆောင်နိုင်သေးသလို အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ဆွေးနွေးပွဲတွေကလည်း သိသာထင်ရှားတဲ့ရလဒ်တွေ ထွက်ပေါ်လာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ရုရှားကလည်း ၎င်းလိုချင်တဲ့အချက်တွေရမှ သဘောတူညီချက်ရယူနိုင်မယ်လို့ ပြောဆိုထားသလို ယူကရိန်းဘက်ကလည်း ၎င်းတို့လိုချင်တဲ့အခြေခံအချက်တွေရှိမှပဲ သဘောတူညီမှုတွေ လုပ်ဆောင်နိုင်မယ်လို့ ပြောဆိုထားကြတာလည်းဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ ယူကရိန္းၾကား ႀကီးမားတဲ့အက်ဥ္းသားလဲလွယ္မႈတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေျပာ
Pika (NP News) - ေမ ၂၄

႐ုရွားနဲ႔ယူကရိန္းၾကား ႀကီးမားတဲ့အက်ဥ္းသားလဲလွယ္မႈတစ္ခု ေအာင္ျမင္စြာၿပီးဆုံးသြားခဲ့တယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ေမလ(၂၃)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္လိုတယ္လို႔ ယူကရိန္းအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တိုက္ပြဲေတြအတြင္းက်ဆုံးသြားတဲ့စစ္သားေတြရဲ႕ ႐ုပ္အေလာင္းေတြကို အျပန္အလွန္လဲလွယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္က ၾကားဝင္ ေစ့စပ္ေပးမႈေတြ လုပ္ေဆာင္ေပးေနေပမယ့္လည္း ႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့ သေဘာတူညီခ်က္မ်ိဳးကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ၿပီး ႏွစ္ဘက္စလုံးရဲ႕ေခါင္းေဆာင္ေတြက မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးတာမ်ိဳးေတြကို လက္ရွိအခ်ိန္အထိ မလုပ္ေဆာင္ႏိုင္ေသးသလို အေမရိကန္ ၾကားဝင္ေစ့စပ္ေပးတဲ့ေဆြးေႏြးပြဲေတြကလည္း သိသာထင္ရွားတဲ့ရလဒ္ေတြ ထြက္ေပၚလာတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ႐ုရွားကလည္း ၎လိုခ်င္တဲ့အခ်က္ေတြရမွ သေဘာတူညီခ်က္ရယူႏိုင္မယ္လို႔ ေျပာဆိုထားသလို ယူကရိန္းဘက္ကလည္း ၎တို႔လိုခ်င္တဲ့အေျခခံအခ်က္ေတြရွိမွပဲ သေဘာတူညီမႈေတြ လုပ္ေဆာင္ႏိုင္မယ္လို႔ ေျပာဆိုထားၾကတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.