ဗာတီကန်စီးတီးမှာ ယူကရိန်းနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ သဘောတူထားတာမျိုးမရှိသေးဘူးလို့ ရုရှားအစိုးရ ပြော

 152

Pika (NP News) - မေ ၂၄

ဗာတီကန်စီးတီးနိုင်ငံမှာ ရုရှားနဲ့ယူကရိန်းကြား ဆွေးနွေးပွဲတွေကျင်းပဖို့ တရားဝင်သဘောတူညီချက်တွေ မရှိသေးဘူးလို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ် က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လာမယ့် နောက်ထပ်ဆွေးနွေးပွဲတွေအတွက် တည်နေရာကိုလည်း သတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ ဒီမစ်ထရီပက် စကော့ဗ်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ဇွန်လအလယ်လောက်မှာ ဗာတီကန်စီးတီးနိုင်ငံမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Wall Street Journal က ရေးသားဖော်ပြခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှားနဲ့ယူကရိန်းကြား ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးလိုတဲ့ ၎င်းရဲ့ဆန္ဒတွေကို ပုပ်ရဟန်း မင်းကြီးလီယို XIV က အတည်ပြုခဲ့တယ်လို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ပြောကြားခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကို ပါဝင်ပတ်သက်နေသူတွေအားလုံးက လုပ်ဆောင်သွားရမှာဖြစ်ပြီး လက်ရှိအချိန်အထိ နောက်ထပ်ဆွေးနွေးမှုတွေလုပ်ဆောင်မယ့်နေရာကို သတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ ဒီမစ်ထရီပက်စကော့ဗ် က အလေးပေးပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ (၂၀၂၂)ခုနှစ်တုန်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စွန့်လွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗာတီကန္စီးတီးမွာ ယူကရိန္းနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ သေဘာတူထားတာမ်ိဳးမရွိေသးဘူးလို႔ ႐ုရွားအစိုးရ ေျပာ
Pika (NP News) - ေမ ၂၄

ဗာတီကန္စီးတီးႏိုင္ငံမွာ ႐ုရွားနဲ႔ယူကရိန္းၾကား ေဆြးေႏြးပြဲေတြက်င္းပဖို႔ တရားဝင္သေဘာတူညီခ်က္ေတြ မရွိေသးဘူးလို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ လာမယ့္ ေနာက္ထပ္ေဆြးေႏြးပြဲေတြအတြက္ တည္ေနရာကိုလည္း သတ္မွတ္ထားတာမ်ိဳးမရွိေသးဘူးလို႔ ဒီမစ္ထရီပက္ စေကာ့ဗ္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ဇြန္လအလယ္ေလာက္မွာ ဗာတီကန္စီးတီးႏိုင္ငံမွာ ေတြ႕ဆုံဖို႔ စီစဥ္ထားတယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Wall Street Journal က ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားနဲ႔ယူကရိန္းၾကား ေဆြးေႏြးပြဲေတြကို လက္ခံက်င္းပေပးလိုတဲ့ ၎ရဲ႕ဆႏၵေတြကို ပုပ္ရဟန္း မင္းႀကီးလီယို XIV က အတည္ျပဳခဲ့တယ္လို႔ အီတလီဝန္ႀကီးခ်ဳပ္ Giorgia Meloni က ေျပာၾကားခဲ့ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ေတြကို ပါဝင္ပတ္သက္ေနသူေတြအားလုံးက လုပ္ေဆာင္သြားရမွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ေနာက္ထပ္ေဆြးေႏြးမႈေတြလုပ္ေဆာင္မယ့္ေနရာကို သတ္မွတ္ထားတာမ်ိဳးမရွိေသးဘူးလို႔ ဒီမစ္ထရီပက္စေကာ့ဗ္ က အေလးေပးေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ (၂၀၂၂)ခုႏွစ္တုန္းက တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို စြန႔္လႊတ္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ညႇိႏႈိင္းေဆြးေႏြးမႈေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.