ငွေပေးချေကတ်လေးခု လုပ်ကိုင်ခွင့်ရပ်နားခံရ

 8332

NP News မေလ (၂၃) ရက်
အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂ အရ ကိစ္စရပ်တစ်မျိုးတည်း (Single Purpose) အတွက် အသုံးပြုနိုင်ရေးခွင့်ပြုထားသည့် ကုမ္ပဏီ ၄ ခုရဲ့ ကတ်လုပ်ငန်းဆောင်ရွက်ခွင့်အား ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှစ၍ ဖျက်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်မှ မေ ၂၂ ရက် တွင် ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါ ကတ်များမှာ Kispa Nadi Express Ltd ၏ ipay Card ၊ San Yaung Ni Road Transport Co.,Ltd ၏ K Card ၊ Active Business Consolidation Co.,Ltd ၏ ABC Gift Card နှင့် Integrated Smart Solution Co.,Ltd ၏ AnyPay Prepaid Card တို့ ဖြစ်သည်။
ယင်းကတ်လုပ်ငန်းများသည် ဗဟိုဘဏ်ကထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာမှုမရှိသဖြင့် ကတ်လုပ်ငန်းဆောင်ရွက်ခွင့်အား ယခုကဲ့သို့ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ငွေပေးချေကဒ်လေးခု လုပ်ကိုင်ခွင့်ရပ်နားခံရ
NP News မေလ (၂၃) ရက်

Related news

© 2021. All rights reserved.