ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဆန်ဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်ပြီး ထိုင်းဘတ် (၁၀)ဘီလျံပေးဆောင်ရန် ထိုင်းတရားရုံးအမိန့်ချမှတ်

 681

ဂျန်ဇက် (NP News) - မေ ၂၃

ထိုင်းတရားရုံးက လက်ရှိအချိန်တွင် ပြည်ပြေးဖြစ်သော ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝါထရာကို ဆန်ဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်ပြီး ထိုင်းဘတ်(၁၀)ဘီလျံလျော်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

ယင်လတ်သည် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်က ဆန်ဝယ်ရေးအစီအစဉ်ကို လုပ်ဆောင်ခဲ့ရာဈေးကွက်ပေါက်ဈေးထက် (၅၀)ရာခိုင်နှုန်း ဈေးပိုပေးပြီး လယ်သမားများထံမှ ဆန်စပါးဝယ်ယူခြင်းများရှိခဲ့ရာနိုင်ငံအတွက် ကြီးမားသောထိခိုက်နစ်နာဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။ ယင်လတ်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်းအကျင့်ပျက်လာဘ်စားမှုများရှိခဲ့သည်ဟု စွပ်စွဲခံရပြီး လက်ရှိအချိန်တွင် ထောင် ဒဏ်ကျခံရမှုကို ရှောင်ရှားရန်အတွက် ပြည်ပနိုင်ငံတွင်နေထိုင်လျက်ရှိနေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်၏ဆန်ဝယ်ယူရေးအစီအစဉ်အရ အမေရိကန်ဒေါ်လာ ဘီလျံချီ ဆုံးရှုံးနစ်နာခဲ့ပြီး ဆန်တန်ချိန်သန်းချီကိုမရောင်းရဘဲဖြစ်ခဲ့ရကြောင်းသိရသည်။

ထိုင်းတရားရုံးသည် လက်ရှိအချိန်တွင် ယင်လတ်၏ ဆန်ဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်ပြီး ထိုင်းဘတ် (၃၅)ဘီလျံပေးရန်အမိန့်ကိုပြန်လည်စစ်ဆေးပြီးနောက် ထိုင်းဘတ်(၁၀)ဘီလျံပေးရန် ပြောင်းလဲအမိန့်ချ မှတ်ခဲ့ခြင်းမျိုးဖြစ်သည်။ ထိုင်းတရားရုံးချုပ်က "ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ နိုင်ငံကို နစ်နာဆုံးရှုံးအောင်လုပ်ကိုင်ခဲ့တယ်။ အဲဒီအတွက် လျော်ကြေးပြန်ပေးရမယ်။" ဟုပြောသည်။ ယင်လတ်သည် ၂၀၁၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရပြီး ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းခြင်းကို ရင်ဆိုင်ခဲ့ရ ကြောင်းသိရသည်။ ၎င်းသည် လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေသူ ပေတုံတန်ရှင်နာဝါထရာ၏အဒေါ်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ညီမဖြစ်ကြောင်း သိရသည်။

zawgyi version
ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လတ္ကို ဆန္ဝယ္ယူေရးအစီအစဥ္ႏွင့္ပတ္သက္ၿပီး ထိုင္းဘတ္ (၁၀)ဘီလ်ံေပးေဆာင္ရန္ ထိုင္းတရား႐ုံးအမိန႔္ခ်မွတ္
ဂ်န္ဇက္ (NP News) - ေမ ၂၃

ထိုင္းတရား႐ုံးက လက္ရွိအခ်ိန္တြင္ ျပည္ေျပးျဖစ္ေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လတ္ရွင္နာဝါထရာကို ဆန္ဝယ္ယူေရးအစီအစဥ္ႏွင့္ပတ္သက္ၿပီး ထိုင္းဘတ္(၁၀)ဘီလ်ံေလ်ာ္ေပးရန္ အမိန႔္ခ်မွတ္လိုက္ေၾကာင္းသိရသည္။

ယင္လတ္သည္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္က ဆန္ဝယ္ေရးအစီအစဥ္ကို လုပ္ေဆာင္ခဲ့ရာေဈးကြက္ေပါက္ေဈးထက္ (၅၀)ရာခိုင္ႏႈန္း ေဈးပိုေပးၿပီး လယ္သမားမ်ားထံမွ ဆန္စပါးဝယ္ယူျခင္းမ်ားရွိခဲ့ရာႏိုင္ငံအတြက္ ႀကီးမားေသာထိခိုက္နစ္နာဆုံးရႈံးမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ယင္လတ္သည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္းအက်င့္ပ်က္လာဘ္စားမႈမ်ားရွိခဲ့သည္ဟု စြပ္စြဲခံရၿပီး လက္ရွိအခ်ိန္တြင္ ေထာင္ ဒဏ္က်ခံရမႈကို ေရွာင္ရွားရန္အတြက္ ျပည္ပႏိုင္ငံတြင္ေနထိုင္လ်က္ရွိေနေၾကာင္းသိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လတ္၏ဆန္ဝယ္ယူေရးအစီအစဥ္အရ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ဆုံးရႈံးနစ္နာခဲ့ၿပီး ဆန္တန္ခ်ိန္သန္းခ်ီကိုမေရာင္းရဘဲျဖစ္ခဲ့ရေၾကာင္းသိရသည္။

ထိုင္းတရား႐ုံးသည္ လက္ရွိအခ်ိန္တြင္ ယင္လတ္၏ ဆန္ဝယ္ယူေရးအစီအစဥ္ႏွင့္ပတ္သက္ၿပီး ထိုင္းဘတ္ (၃၅)ဘီလ်ံေပးရန္အမိန႔္ကိုျပန္လည္စစ္ေဆးၿပီးေနာက္ ထိုင္းဘတ္(၁၀)ဘီလ်ံေပးရန္ ေျပာင္းလဲအမိန႔္ခ် မွတ္ခဲ့ျခင္းမ်ိဳးျဖစ္သည္။ ထိုင္းတရား႐ုံးခ်ဳပ္က "ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လတ္ဟာ ႏိုင္ငံကို နစ္နာဆုံးရႈံးေအာင္လုပ္ကိုင္ခဲ့တယ္။ အဲဒီအတြက္ ေလ်ာ္ေၾကးျပန္ေပးရမယ္။" ဟုေျပာသည္။ ယင္လတ္သည္ ၂၀၁၁ ခုႏွစ္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံရၿပီး ၂၀၁၄ ခုႏွစ္တြင္ စစ္အာဏာသိမ္းျခင္းကို ရင္ဆိုင္ခဲ့ရ ေၾကာင္းသိရသည္။ ၎သည္ လက္ရွိအခ်ိန္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနသူ ေပတုံတန္ရွင္နာဝါထရာ၏အေဒၚျဖစ္ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၏ညီမျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.