ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့တဲ့ အကူအညီတွေက နည်းလွန်းတယ်လို့ ဂျာမနီအစိုးရပြော

 114

Pika (NP News) - မေ ၂၅

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့တဲ့ အကူအညီပေးရေး ထရပ်ကားတွေဟာ နည်းလွန်းပြီး အချိန်နောက်ကျခဲ့တယ်လို့ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါတယ်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ဝင်ရောက်ခွင့်ပြုခဲ့တဲ့အကူအညီပေးရေးထရပ်ကားတွေဟာ အလွန်နည်းပြီး အချိန်လည်းနောက်ကျခဲ့ပါတယ်။ လက်ရှိအချိန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသတ်သွားစေဖို့အတွက် ဒီအကူအညီတွေက ပါလက်စတိုင်းပြည်သူတွေဆီကို ရောက်ရှိသွားတယ်ဆိုတာ သေချာအောင်လုပ်ဆောင်ဖို့ပဲ လိုအပ်ပါတော့တယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ပတ်သက်ပြီး အစ္စရေးကို နိုင်ငံတကာက ဖိအားပေးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုအကူအညီဝင်ရောက်ခွင့်ပြုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသမှာလုပ်ဆောင်ခဲ့တဲ့ ထိုးစစ်ဆင်မှုအသစ် တွေကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
နိုင်ငံတကာက ဖိအားပေးမှုတွေ ရှိနေပေမယ့်လည်း အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ် သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဂါဇာကိုဝင္ေရာက္ခြင့္ျပဳခဲ့တဲ့ အကူအညီေတြက နည္းလြန္းတယ္လို႔ ဂ်ာမနီအစိုးရေျပာ
Pika (NP News) - ေမ ၂၅
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသအတြင္းကို ယခုသီတင္းပတ္အတြင္း ဝင္ေရာက္ခြင့္ျပဳခဲ့တဲ့ အကူအညီေပးေရး ထရပ္ကားေတြဟာ နည္းလြန္းၿပီး အခ်ိန္ေနာက္က်ခဲ့တယ္လို႔ ဂ်ာမနီအစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကား ခဲ့ပါတယ္။ ဂ်ာမနီအစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “အစၥေရးက ဂါဇာကမ္းေျမာင္ေဒသအတြင္းကို ဝင္ေရာက္ခြင့္ျပဳခဲ့တဲ့အကူအညီေပးေရးထရပ္ကားေတြဟာ အလြန္နည္းၿပီး အခ်ိန္လည္းေနာက္က်ခဲ့ပါတယ္။ လက္ရွိအခ်ိန္ကေတာ့ ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ ဆင္းရဲဒုကၡေတြ အဆုံးသတ္သြားေစဖို႔အတြက္ ဒီအကူအညီေတြက ပါလက္စတိုင္းျပည္သူေတြဆီကို ေရာက္ရွိသြားတယ္ဆိုတာ ေသခ်ာေအာင္လုပ္ေဆာင္ဖို႔ပဲ လိုအပ္ပါေတာ့တယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ ငတ္မြတ္ေခါင္းပါးမႈေတြနဲ႔ပတ္သက္ၿပီး အစၥေရးကို ႏိုင္ငံတကာက ဖိအားေပးမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုအကူအညီဝင္ေရာက္ခြင့္ျပဳမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစၥေရးအစိုးရက ဂါဇာကမ္းေျမာင္ေဒသမွာလုပ္ေဆာင္ခဲ့တဲ့ ထိုးစစ္ဆင္မႈအသစ္ ေတြကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ႏိုင္ငံတကာက ဖိအားေပးမႈေတြ ရွိေနေပမယ့္လည္း အစၥေရးက ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို ထိန္းခ်ဳပ္ သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.