အမျိုးသမီး(၅၀)ဝန်းကျင်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု သံသယရှိသူအမျိုးသားကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

774

Pika (NP News) - မေ ၂၅
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခရီးသည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုလုပ်ဆောင်ခဲ့သည်ဟု သံသယရှိသော အငှားယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ အမျိုးသား၏ သားကောင်မှာ နောက်ထပ်ဒါဇင်ချီရှိနိုင်သေးကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။
Yomiuri Shimbun daily နှင့် Jiji Press သတင်းအေဂျင်စီတို့၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် အဆိုပါ အမျိုးသားက အမျိုးသမီး(၅၀)ဝန်းကျင်ကို ၎င်း၏ နေအိမ် (သို့မဟုတ်) တက္ကစီပေါ်တွင် လိင်ပိုင်း ဆိုင်ရာစော်ကားမှု ပြုလုပ်သည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံပေါင်း(၃၀ဝဝ)ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် အဆိုပါအမျိုးသားသည် အသက်(၂၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို သတိလက်လွတ်ဖြစ်စေသည့် အိပ်ဆေးများ တိုက်ခဲ့ကာ နေအိမ်သို့ခေါ်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုကို လုပ်ဆောင်ခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဂျပန်ရဲတပ်ဖွဲ့သည် အသက်(၅၄)နှစ် အရွယ်အမျိုးသားကို အလိုမတူဘဲလိင်ဆက်ဆံမှုအတွက် သံသယရှိမှု၊ လိင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများကို ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုတို့အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်သည့်နောက် ထပ်အသေးစိတ်အချက်အလက်များကို ဂျပန်ရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ထုတ်ပြန်ပြောကြားခြင်း မျိုးမရှိသေးကြောင်းသိရသည်။
မီဒီယာများ၏ဖော်ပြချက်အရ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံခဲ့ရသည့်အမျိုးသမီး၏ ဆံပင်အတွင်းတွင် အိပ်ဆေးများ၏ အကြွင်းအကျန် များကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန် အမျိုးသား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်ရပ်များကို ၎င်း၏ဖုန်းနှင့် အခြားစက်ပစ္စည်းများတွင် ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး (၂၀ဝ၈)ခုနှစ်မှစတင်ကာ ယင်းလုပ်ရပ်များကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Zawgyi Version:
အမ်ိဳးသမီး(၅၀)ဝန္းက်င္ကို အဓမၼျပဳက်င့္ခဲ့သည္ဟု သံသယရွိသူအမ်ိဳးသားကို ဂ်ပန္ရဲတပ္ဖြဲ႕ ဖမ္းဆီး
Pika (NP News) - ေမ ၂၅
မူးယစ္ေဆးဝါးသုံးစြဲမႈႏွင့္ ခရီးသည္အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္မႈလုပ္ေဆာင္ခဲ့သည္ဟု သံသယရွိေသာ အငွားယာဥ္ေမာင္းတစ္ဦးကို ဖမ္းဆီးခဲ့ေၾကာင္း ဂ်ပန္ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါ အမ်ိဳးသား၏ သားေကာင္မွာ ေနာက္ထပ္ဒါဇင္ခ်ီရွိႏိုင္ေသးေၾကာင္း မီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည္။
Yomiuri Shimbun daily ႏွင့္ Jiji Press သတင္းေအဂ်င္စီတို႔၏ ေဖာ္ျပခ်က္အရ ရဲတပ္ဖြဲ႕သည္ အဆိုပါ အမ်ိဳးသားက အမ်ိဳးသမီး(၅၀)ဝန္းက်င္ကို ၎၏ ေနအိမ္ (သို႔မဟုတ္) တကၠစီေပၚတြင္ လိင္ပိုင္း ဆိုင္ရာေစာ္ကားမႈ ျပဳလုပ္သည့္ ဗီဒီယိုဖိုင္ႏွင့္ ဓာတ္ပုံေပါင္း(၃၀ဝဝ)ခန႔္ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ အဆိုပါအမ်ိဳးသားသည္ အသက္(၂၀)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးကို သတိလက္လြတ္ျဖစ္ေစသည့္ အိပ္ေဆးမ်ား တိုက္ခဲ့ကာ ေနအိမ္သို႔ေခၚသြားခဲ့ၿပီး လိင္ပိုင္းဆိုင္ရာေစာ္ကားမႈကို လုပ္ေဆာင္ခဲ့ေၾကာင္း တိုက်ိဳရဲတပ္ဖြဲ႕ေျပာေရး ဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
ဂ်ပန္ရဲတပ္ဖြဲ႕သည္ အသက္(၅၄)ႏွစ္ အ႐ြယ္အမ်ိဳးသားကို အလိုမတူဘဲလိင္ဆက္ဆံမႈအတြက္ သံသယရွိမႈ၊ လိင္ပိုင္းဆိုင္ရာအစိတ္အပိုင္းမ်ားကို ႐ိုက္ကူးမႈႏွင့္ပတ္သက္ၿပီး ဥပေဒခ်ိဳးေဖာက္မႈတို႔အတြက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္သည့္ေနာက္ ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ဂ်ပန္ရဲတပ္ဖြဲ႕က လက္ရွိအခ်ိန္အထိ ထုတ္ျပန္ေျပာၾကားျခင္း မ်ိဳးမရွိေသးေၾကာင္းသိရသည္။
မီဒီယာမ်ား၏ေဖာ္ျပခ်က္အရ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈခံခဲ့ရသည့္အမ်ိဳးသမီး၏ ဆံပင္အတြင္းတြင္ အိပ္ေဆးမ်ား၏ အႂကြင္းအက်န္ မ်ားကို ရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဂ်ပန္ အမ်ိဳးသား၏ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈလုပ္ရပ္မ်ားကို ၎၏ဖုန္းႏွင့္ အျခားစက္ပစၥည္းမ်ားတြင္ ရွာေဖြေတြ႕ရွိခဲ့ ျခင္းျဖစ္ၿပီး (၂၀ဝ၈)ခုႏွစ္မွစတင္ကာ ယင္းလုပ္ရပ္မ်ားကို က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ သည္။