ယူကရိန်းပဋိပက္ခကနေ လေ့လာသင်ယူနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 499

Pika (NP News) - မေလ ၂၆

ယူကရိန်းစစ်ပွဲမှာ ဒရုန်းစစ်ဆင်ရေးဆိုင်ရာတိုးတက်မှုတွေကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်ဟာ ရုရှားနဲ့ယူကရိန်းတို့အသုံးပြုနေတဲ့ နည်းဗျူဟာတွေကနေ လေ့လာသင်ယူမှုတွေလုပ်ဆောင်နေပြီး လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ စစ်ပွဲသဘောသဘာဝကြားမှာ ထိပ်တန်းမှာရှိနေဖို့က အရေးကြီးတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့ အဲ့ဒါတွေကို လေ့လာသင်ယူနေပါတယ်။မတူညီတဲ့စစ်ပွဲပုံစံတွေကို ကျွန်တော်တို့ တွေ့မြင်နေရတာပါ။ပြီးတော့ ထောင့်ပေါင်းစုံကနေ အရှိန်နဲ့တိကျစွာဆင်းသက်လာတဲ့ ဒရုန်းစစ်ပွဲကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။အဲ့ဒါမျိုးကို အရင်တုန်းက တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ယူကရိန်းပဋိပက္ခကို အနီးကပ်စောင့်ကြည့်လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် စစ်ဘက်ဆိုင်ရာနည်းဗျူဟာနဲ့ မဟာဗျူဟာမြောက်နယ်ပယ်တွေမှာ ခေတ်မီနေစေဖို့အတွက် ကွဲပြားခြားနားတဲ့အရာတွေကို စွန့်စားပြီး လုပ်ဆောင်ကြဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ဟာ West Pointစစ်တက္ကသိုလ်က ကျောင်းဆင်းတွေကို မိန့်ခွန်းပြောကြားစဉ်အချိန်အတွင်း ယခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းပဋိပကၡကေန ေလ့လာသင္ယူေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမလ ၂၆
ယူကရိန္းစစ္ပြဲမွာ ဒ႐ုန္းစစ္ဆင္ေရးဆိုင္ရာတိုးတက္မႈေတြကို အေမရိကန္က အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ဟာ ႐ုရွားနဲ႔ယူကရိန္းတို႔အသုံးျပဳေနတဲ့ နည္းဗ်ဴဟာေတြကေန ေလ့လာသင္ယူမႈေတြလုပ္ေဆာင္ေနၿပီး လ်င္ျမန္စြာတိုးတက္ေျပာင္းလဲေနတဲ့ စစ္ပြဲသေဘာသဘာဝၾကားမွာ ထိပ္တန္းမွာရွိေနဖို႔က အေရးႀကီးတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္တို႔ အဲ့ဒါေတြကို ေလ့လာသင္ယူေနပါတယ္။မတူညီတဲ့စစ္ပြဲပုံစံေတြကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ေနရတာပါ။ၿပီးေတာ့ ေထာင့္ေပါင္းစုံကေန အရွိန္နဲ႔တိက်စြာဆင္းသက္လာတဲ့ ဒ႐ုန္းစစ္ပြဲကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ေနရပါတယ္။အဲ့ဒါမ်ိဳးကို အရင္တုန္းက တစ္ခါမွမျမင္ခဲ့ဖူးပါဘူး။ယူကရိန္းပဋိပကၡကို အနီးကပ္ေစာင့္ၾကည့္ေလ့လာမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ စစ္ဘက္ဆိုင္ရာနည္းဗ်ဴဟာနဲ႔ မဟာဗ်ဴဟာေျမာက္နယ္ပယ္ေတြမွာ ေခတ္မီေနေစဖို႔အတြက္ ကြဲျပားျခားနားတဲ့အရာေတြကို စြန႔္စားၿပီး လုပ္ေဆာင္ၾကဖို႔ ေဒၚနယ္ထရမ့္က တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္ဟာ West Pointစစ္တကၠသိုလ္က ေက်ာင္းဆင္းေတြကို မိန႔္ခြန္းေျပာၾကားစဥ္အခ်ိန္အတြင္း ယခုလိုတိုက္တြန္းေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.