ထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

881
Pika (NP News) မေလ ၂၆
ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး မီးလောင်ကျွမ်းသွားခဲ့ရာ လူ(၃)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Kanchanaburi Police Aviation Unit ပိုင် Bell 212 လေယာဉ်ဟာ Prachuap Khiri Khan ပြည်နယ်မှာရှိတဲ့ ရွာတစ်ရွာအနီးမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လေယာဉ်မှူးနှစ်ဦးနဲ့ စက်ပြင်ဆရာတစ်ဦးတို့ သေဆုံးသွားခဲ့တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားတွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ကာ မီးငြိမ်းသတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ရဟတ်ယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဆောင်ဖို့နဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေပေးအပ်ဖို့ ရဲချုပ် Kitrat Panphetက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
zawgyi version
ထိုင္းႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စီးပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံးေသဆုံး
Pika (NP News) ေမလ ၂၆
ထိုင္းႏိုင္ငံမွာ ရဲတပ္ဖြဲ႕ရဟတ္ယာဥ္တစ္စင္းပ်က္က်ၿပီး မီးေလာင္ကြၽမ္းသြားခဲ့ရာ လူ(၃)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ Kanchanaburi Police Aviation Unit ပိုင္ Bell 212 ေလယာဥ္ဟာ Prachuap Khiri Khan ျပည္နယ္မွာရွိတဲ့ ႐ြာတစ္႐ြာအနီးမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ေလယာဥ္မႉးႏွစ္ဦးနဲ႔ စက္ျပင္ဆရာတစ္ဦးတို႔ ေသဆုံးသြားခဲ့တယ္လို႔ ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။ ရဟတ္ယာဥ္ပ်က္က်မႈျဖစ္ပြားခဲ့ၿပီးေနာက္ မီးသတ္သမားေတြဟာ အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ကာ မီးၿငိမ္းသတ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြကေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့လည္း ရဟတ္ယာဥ္ပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ဖို႔နဲ႔ ေသဆုံးသြားသူေတြရဲ႕ မိသားစုဝင္ေတြကို ေလ်ာ္ေၾကးေငြေပးအပ္ဖို႔ ရဲခ်ဳပ္ Kitrat Panphetက အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။