ဖျက်သင်္ဘောမတော်တဆမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မြောက်ကိုရီးယားအစိုးရဖမ်းဆီး

 1153

Pika (NP News) မေလ ၂၆

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဖျက်သင်္ဘောမတော်တဆမှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သင်္ဘောကျင်းအရာရှိတွေကို မြောက်ကိုရီးယားအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

အလေးချိန်တန်ချိန်(၅၀၀၀)ရှိတဲ့ ဖျက်သင်္ဘောကို ရေချမှုအခမ်းအနားအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ယခုလိုဖမ်းဆီးမှုတွေ ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေပြီး တာဝန်ရှိသူတွေကို အပြစ်ပေးသွားမယ်လို့ ကင်ဂျုံအန်းက ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ မြင့်တက်လာတာနဲ့အမျှ ဥပဒေစိုးမိုးရေးအာဏာပိုင်တွေဟာ Chongjinသင်္ဘောကျင်း အင်ဂျင်နီယာချုပ်နဲ့ အခြားတာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNAက ရေးသားဖော်ပြခဲ့ပါတယ်။

ဂြိုလ်တုဓါတ်ပုံတွေမှာ ဖျက်သင်္ဘောကို အပြာရောင်အစတွေနဲ့ ဖုံးအုပ်ထားပြီး ဘေးနားမှာ အခြားသင်္ဘောငယ်(၄)စီးက ရှိနေတာကို တွေ့မြင်ခဲ့ရတယ်လို့ အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

zawgyi version

Related news

© 2021. All rights reserved.