ရုရှားအပေါ် ဖိအားပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို ယူကရိန်းသမ္မတတိုက်တွန်း

 424

Pika (NP News) မေလ ၂၆

ရုရှားအ‌‌ပေါ် ဖိအားပေးမှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ရုရှားက ယူကရိန်းအပေါ် လုပ်ဆောင်ခဲ့တဲ့ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီးနောက် ဇီလန်စကီးရဲ့ တိုက်တွန်းတောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇီလန်စကီးက”ရုရှားအ‌ပေါ် ပြင်းထန်တဲ့ဖိအားပေးမှုတွေ မလုပ်ဆောင်ဘူးဆိုရင် ဒီရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်လို့ရနိုင်မှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားကလုပ်ဆောင်နေတဲ့စစ်ပွဲကို ရပ်တန့်စေလိုတဲ့ ဆန္ဒတွေကိုပြသကြဖို့ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကို ဇီလန်စကီးက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားနဲ့ယူကရိန်းကြား ဆွေးနွေးပွဲတွေကို ဗာတီကန်စီးတီးနိုင်ငံမှာ လက်ခံကျင်းပပေးလိုတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယို XIV က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုတောင်းဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နိုင်တာမျိုး မရှိသေးတဲ့အပြင် သဘောတူညီချက်တစ်ခုခုကိုလည်း ရယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

zawgyi version
႐ုရွားအေပၚ ဖိအားေပးမႈေတြကို တိုးျမႇင့္လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာေခါင္းေဆာင္ေတြကို ယူကရိန္းသမၼတတိုက္တြန္း

Pika (NP News) ေမလ ၂၆

႐ုရွားအ‌‌ေပၚ ဖိအားေပးမႈေတြကို ဆက္လက္တိုးျမႇင့္လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာေခါင္းေဆာင္ေတြကို ယူကရိန္းသမၼတ ဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားက ယူကရိန္းအေပၚ လုပ္ေဆာင္ခဲ့တဲ့ ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁၂)ဦးေသဆုံးခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ တိုက္တြန္းေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဇီလန္စကီးက”႐ုရွားအ‌ေပၚ ျပင္းထန္တဲ့ဖိအားေပးမႈေတြ မလုပ္ေဆာင္ဘူးဆိုရင္ ဒီရက္စက္ၾကမ္းၾကဳတ္မႈေတြကို ရပ္တန႔္လို႔ရႏိုင္မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားကလုပ္ေဆာင္ေနတဲ့စစ္ပြဲကို ရပ္တန႔္ေစလိုတဲ့ ဆႏၵေတြကိုျပသၾကဖို႔ အေမရိကန္၊ ဥေရာပႏိုင္ငံေတြနဲ႔ အျခားႏိုင္ငံေတြကို ဇီလန္စကီးက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းၾကား ေဆြးေႏြးပြဲေတြကို ဗာတီကန္စီးတီးႏိုင္ငံမွာ လက္ခံက်င္းပေပးလိုတယ္လို႔ ပုပ္ရဟန္းမင္းႀကီး လီယို XIV က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးတဲ့အျပင္ သေဘာတူညီခ်က္တစ္ခုခုကိုလည္း ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.