ငလျင်ဒဏ်သင့် လွတ်တော်အဆောက်အဦများ စနစ်တကျအမြန်ဆုံးပြန်လည်တည်ဆောက်ရန် နစကဥက္ကဋ္ဌကမှာကြား

334

သန့်ဇင်(NP News)-မေ ၂၆
နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်သင့်ခဲ့သော လွတ်တော်အဆောက်အဦများအား စနစ်တကျအမြန်ဆုံးပြန်လည် တည်ဆောက် ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(မေလ ၂၅ရက်)မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ လွှတ်တော်အဆောက်အဦများတွင် မန္တလေးငလျင်ကြီးဘေး ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား စနစ်တကျဖြင့် ဖြစ်နိုင်သမျှ အမြန် ဆုံးပြန်လည်ပြုပြင်တည်ဆောက်သွားရန်နှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက် သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် သွားရန်နှင့် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုသွားရန်လိုကြောင်းလည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်ကို (၆)လအတွင်း ပြန်လည် ပြင်ဆင်မည်ဖြစ် ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက NP Newsကိုပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား(၇ ဒသမ ၇)ရှိသည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ များလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် က ဧပြီလ(၁)ရက်တွင် သွားရောက်ကြည့် ရှုခဲ့ပြီး လွှတ်တော်အဆောက်အအုံများကို စနစ်တကျ ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်သွားရန် မှာကြားခဲ့ဖူးသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ လြတ္ေတာ္အေဆာက္အဦမ်ား စနစ္တက်အျမန္ဆုံးျပန္လည္တည္ေဆာက္ရန္ နစကဥကၠ႒ကမွာၾကား
သန႔္ဇင္(NP News)-ေမ ၂၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ငလ်င္ဒဏ္သင့္ခဲ့ေသာ လြတ္ေတာ္အေဆာက္အဦမ်ားအား စနစ္တက်အျမန္ဆုံးျပန္လည္ တည္ေဆာက္ ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ေမလ ၂၅ရက္)မြန္းလြဲပိုင္းက ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ လႊတ္ေတာ္အေဆာက္အဦမ်ားတြင္ မႏၲေလးငလ်င္ႀကီးေဘး ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့မႈမ်ားကို ျပန္လည္ျပဳျပင္ေရးလုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ လႊတ္ေတာ္အေဆာက္အဦမ်ားအား စနစ္တက်ျဖင့္ ျဖစ္ႏိုင္သမွ် အျမန္ ဆုံးျပန္လည္ျပဳျပင္တည္ေဆာက္သြားရန္ႏွင့္ ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို သတ္မွတ္ကာလအတြင္း အခ်ိန္မီၿပီးစီးေအာင္ေဆာင္႐ြက္ သြားရန္လိုေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေရရွည္ခိုင္ခံ့တည္တံ့ေစေရးႏွင့္ ခိုင္ခိုင္မာမာျဖစ္ေစေရးအတြက္ နည္းပညာကြၽမ္းက်င္သူမ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ သြားရန္ႏွင့္ အရည္အေသြးျပည့္မီသည့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားအား အသုံးျပဳသြားရန္လိုေၾကာင္းလည္း ထည့္သြင္းမွာၾကားခဲ့ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္ကို (၆)လအတြင္း ျပန္လည္ ျပင္ဆင္မည္ျဖစ္ ေၾကာင္း ေဆာက္လုပ္ ေရးလုပ္ငန္းအသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ဦးက NP Newsကိုေျပာဆိုခဲ့ဖူးသည္။
ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ ျပင္းအား(၇ ဒသမ ၇)ရွိသည့္ အင္အားျပင္း မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္ အအုံ မ်ားလည္း ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ က ဧၿပီလ(၁)ရက္တြင္ သြားေရာက္ၾကည့္ ရႈခဲ့ၿပီး လႊတ္ေတာ္အေဆာက္အအုံမ်ားကို စနစ္တက် ျဖင့္ ျပန္လည္ျပဳျပင္ တည္ေဆာက္သြားရန္ မွာၾကားခဲ့ဖူးသည္။