စင်ကာပူမှာ ဆွံ့အ နားမကြား အသိုက်အဝန်းအတွက် ဒေါ်လာ ၃၂၀,၀၀၀ ကျော် ရန်ပုံငွေရှာဖွေရေး လမ်းလျှောက်ပွဲ မှာ ပါဝင်သူ ၁,၅၀၀ ခန့်ရှိ

 138

ရောင်နီ (NP News) - မေ ၂၆

စင်ကာပူနိုင်ငံ၊ SADeaf က နားမကြားသူ အသိုက်အဝန်းအတွက် ဒေါ်လာ ၃၂၀,၀၀၀ ကျော် ရန်ပုံငွေ ရှာဖွေရေးအနေနဲ့ Marina Bay မှ Gardens by the Bay ထိ ၃ကီလိုမီတာ နဲ့ ၅ ကီလိုမီတာ လမ်းလျှောက်ပွဲမှာ ပါဝင်သူ ၁,၅၀၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
SADeaf ဟာ နားမကြားသူတွေအတွက် ပညာပေး သင်တန်းတွေအပြင်၊ အကြားအာရုံ ဆုံးရှုံးနေသူတွေ အတွက် လက်ဟန်ပြဘာသာပြန်နဲ့ အလုပ်အကိုင်ဆိုင်ရာ ပံ့ပိုးကူညီမှုတွေလည်း ပေးနေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာရေးနှစ်က ဆွံ့အ နားမကြား ကျောင်းသား ၂,၇၀၀ ခန့်ရှိခဲ့ရာမှ အဖွဲ့ရဲ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာတော့ ကျောင်းသား ၃,၀၀၀ ကျော်ထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ အနှစ် ၇၀ ပြည့်ပြီဖြစ်တဲ့ SADeaf အဖွဲ့အစည်းက စင်ကာပူမှာ အကြားအာရုံ ချို့ယွင်းမှုရှိသူ လူသန်းဝက်ခန့် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ အိမ်ခြံမြေအေဂျင်စီ ERA Singapore မှ ပံ့ပိုးကူညီထားတဲ့ SADeaf ရဲ့ယခုပြုလုပ်တဲ့ ရန်ပုံငွေ လမ်းလျှောက်ပွဲဟာလည်း SgSL တီရှပ်နဲ့ပြုလုပ်တဲ့ လမ်းလျှောက်ပွဲမှာ ပါဝင်သူ အများဆုံးအဖြစ် Singapore Book of Records မှာ စံချိန်သစ်တင်ခဲ့ပါတယ်။
SADeaf ကို စင်္ကာပူရှိ ဆွံ့အနားမကြားသူတွေအတွက် ကောင်းကျိုး ဆောင်ရွက်ပေးဖို့ ၁၉၅၅ ခုနှစ်မှာ အစိုးရက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ အသက်ခြောက်နှစ်မှ ၁၆ နှစ်ကြား ကလေးတွေအတွက် စင်ကာပူ နားမကြားကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ အသက် ၁၆ နှစ်မှ ၂၁ နှစ်ကြား ဆွံ့အ နားမကြားသူ တွေအတွက် အခြေခံနည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေကို သင်ယူဖို့ အသက်မွေးဝမ်းကြောင်း သင်ကြားရေး ဌာနကို စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ ဆြံ႕အ နားမၾကား အသိုက္အဝန္းအတြက္ ေဒၚလာ ၃၂၀,၀၀၀ ေက်ာ္ ရန္ပုံေငြရွာေဖြေရး လမ္းေလွ်ာက္ပြဲ မွာ ပါဝင္သူ ၁,၅၀၀ ခန႔္ရွိ
ေရာင္နီ (NP News) - ေမ ၂၆
စင္ကာပူႏိုင္ငံ၊ SADeaf က နားမၾကားသူ အသိုက္အဝန္းအတြက္ ေဒၚလာ ၃၂၀,၀၀၀ ေက်ာ္ ရန္ပုံေငြ ရွာေဖြေရးအေနနဲ႔ Marina Bay မွ Gardens by the Bay ထိ ၃ကီလိုမီတာ နဲ႔ ၅ ကီလိုမီတာ လမ္းေလွ်ာက္ပြဲမွာ ပါဝင္သူ ၁,၅၀၀ ခန႔္ ရွိခဲ့တယ္လို႔ သိရပါတယ္။
SADeaf ဟာ နားမၾကားသူေတြအတြက္ ပညာေပး သင္တန္းေတြအျပင္၊ အၾကားအာ႐ုံ ဆုံးရႈံးေနသူေတြ အတြက္ လက္ဟန္ျပဘာသာျပန္နဲ႔ အလုပ္အကိုင္ဆိုင္ရာ ပံ့ပိုးကူညီမႈေတြလည္း ေပးေနတဲ့အဖြဲ႕အစည္း ျဖစ္ပါတယ္။ ယခင္ဘ႑ာေရးႏွစ္က ဆြံ႕အ နားမၾကား ေက်ာင္းသား ၂,၇၀၀ ခန႔္ရွိခဲ့ရာမွ အဖြဲ႕ရဲ႕ ၂၀၂၃ - ၂၀၂၄ ဘ႑ာေရးႏွစ္မွာေတာ့ ေက်ာင္းသား ၃,၀၀၀ ေက်ာ္ထိ တိုးတက္လာတယ္လို႔ ဆိုပါတယ္။ ၂၀၂၅ ခုႏွစ္မွာ အႏွစ္ ၇၀ ျပည့္ၿပီျဖစ္တဲ့ SADeaf အဖြဲ႕အစည္းက စင္ကာပူမွာ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းမႈရွိသူ လူသန္းဝက္ခန႔္ ရွိမယ္လို႔ ခန႔္မွန္း ထားပါတယ္။ အိမ္ၿခံေျမေအဂ်င္စီ ERA Singapore မွ ပံ့ပိုးကူညီထားတဲ့ SADeaf ရဲ႕ယခုျပဳလုပ္တဲ့ ရန္ပုံေငြ လမ္းေလွ်ာက္ပြဲဟာလည္း SgSL တီရွပ္နဲ႔ျပဳလုပ္တဲ့ လမ္းေလွ်ာက္ပြဲမွာ ပါဝင္သူ အမ်ားဆုံးအျဖစ္ Singapore Book of Records မွာ စံခ်ိန္သစ္တင္ခဲ့ပါတယ္။
SADeaf ကို စကၤာပူရွိ ဆြံ႕အနားမၾကားသူေတြအတြက္ ေကာင္းက်ိဳး ေဆာင္႐ြက္ေပးဖို႔ ၁၉၅၅ ခုႏွစ္မွာ အစိုးရက တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ၁၉၆၃ ခုႏွစ္မွာ အသက္ေျခာက္ႏွစ္မွ ၁၆ ႏွစ္ၾကား ကေလးေတြအတြက္ စင္ကာပူ နားမၾကားေက်ာင္း စတင္ဖြင့္လွစ္ခဲ့ၿပီး ၁၉၇၅ ခုႏွစ္မွာ အသက္ ၁၆ ႏွစ္မွ ၂၁ ႏွစ္ၾကား ဆြံ႕အ နားမၾကားသူ ေတြအတြက္ အေျခခံနည္းပညာဆိုင္ရာကြၽမ္းက်င္မႈေတြကို သင္ယူဖို႔ အသက္ေမြးဝမ္းေၾကာင္း သင္ၾကားေရး ဌာနကို စတင္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.