ရုရှားနဲ့ယူကရိန်းကြား အကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုကို အောင်မြင်စွာပြုလုပ်

 349

Pika (NP News) - မေ ၂၇

ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသား(၁၀၀၀)ဦးစီ အပြန်အလှန်လဲလှယ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ် လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့က ပြောကြားခဲ့ပါတယ်။ အဲဒီလဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၃)ရက်က စတင်ခဲ့တဲ့ ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားအပြန်အလှန်လဲလှယ်မှုမှာ အရပ်သား (၁၂ဝ) ဦးစီနဲ့အတူ စစ်သုံ့ပန်းအများစု ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းတို့ဟာ မေလ (၂၅)ရက်မှာ အကျဉ်းသား(၃၀၃)ဦးစီ အပြန်အလှန်လဲလှယ်မှု လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “ယူကရိန်းစစ်တပ်၊ အမျိုးသားတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ယူကရိန်း အထူးသယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုအဖွဲ့က စစ်သားတွေဟာ အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။ အဲဒီအကျဉ်းသားအပြန်အလှန်လဲလှယ်မှုဟာ ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ခိုင်မာတဲ့ ခြေလှမ်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား အႀကီးမားဆုံးအက်ဥ္းသားလဲလွယ္မႈကို ေအာင္ျမင္စြာျပဳလုပ္
Pika (NP News) - ေမ ၂၇
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသား(၁၀၀၀)ဦးစီ အျပန္အလွန္လဲလွယ္မႈကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ခဲ့တယ္ လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔က ေျပာၾကားခဲ့ပါတယ္။ အဲဒီလဲလွယ္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့တဲ့ သုံးႏွစ္ေက်ာ္ကာလအတြင္း အႀကီးမားဆုံး အက်ဥ္းသားလဲလွယ္မႈတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ေမလ(၂၃)ရက္က စတင္ခဲ့တဲ့ ႐ုရွားနဲ႔ယူကရိန္းၾကား အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈမွာ အရပ္သား (၁၂ဝ) ဦးစီနဲ႔အတူ စစ္သုံ႔ပန္းအမ်ားစု ပါဝင္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေမလ (၂၅)ရက္မွာ အက်ဥ္းသား(၃၀၃)ဦးစီ အျပန္အလွန္လဲလွယ္မႈ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “ယူကရိန္းစစ္တပ္၊ အမ်ိဳးသားတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြနဲ႔ ယူကရိန္း အထူးသယ္ယူ ပို႔ေဆာင္ေရးဝန္ေဆာင္မႈအဖြဲ႕က စစ္သားေတြဟာ အိမ္ကို ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ အဲဒီအက်ဥ္းသားအျပန္အလွန္လဲလွယ္မႈဟာ ႐ုရွားနဲ႔ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ ခိုင္မာတဲ့ ေျခလွမ္းတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သုံးသပ္မႈေတြရွိေနပါတယ္။

Related news

© 2021. All rights reserved.