ကလောအနည်ကျချိုင့်ဝှမ်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ များနှင့်ပတ်သတ်၍ ကွင်းဆင်းလေ့လာခြင်းများ စတင်ဆောင်ရွက်မည်

1313

ချယ်ရီ (NP News) - မေ ၂၇
ကလောအနည်ကျချိုင့်ဝှမ်းအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့်ပတ်သတ်၍ ကွင်းဆင်းလေ့လာခြင်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။
အဆိုပါပြောစကားကို ယမန်နေ့ (မေလ ၂၅ ရက်)က စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည့် ကလောအနည်ကျချိုင့်ဝှမ်းအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ်ပဏာမ စူးစမ်းလေ့လာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့နိုင်ငံအတွင်း ကုန်းတွင်းအနည်ကျချိုင့်ဝှမ်း (၁၄) ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာရှာဖွေ တူးဖော်ထုတ်လုပ်ခြင်း မပြုလုပ် ရသေးသည့် အနည်ကျချိုင့်ဝှမ်း ကိုးခုရှိသည့်အနက်မှ ကလောအနည်ကျချိုင့်ဝှမ်းတွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University - Industry - Research & Development Tripartite Collaboration” ပုံစံ ဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ပြီး ယခင် ကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် ဘူမိဗေဒသွင်ပြင်လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံများကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများဖြင့် Satellite Image များကို အသုံးပြုလာနိုင်ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်၍ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်းအဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပြီး ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကာ အခက်အခဲများကြားမှရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချ၍ နိုင်ငံတော်အတွက် အဖိုးထိုက်တန်သော ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်းတစ်ခုရရှိအောင် အတူတကွ ပူးပေါင်းဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တိုက်တွန်းပြောကြားသည်။

Zawgyi Version:
ကေလာအနည္က်ခ်ိဳင့္ဝွမ္းတြင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ မ်ားႏွင့္ပတ္သတ္၍ ကြင္းဆင္းေလ့လာျခင္းမ်ား စတင္ေဆာင္႐ြက္မည္
ခ်ယ္ရီ (NP News) - ေမ ၂၇
ကေလာအနည္က်ခ်ိဳင့္ဝွမ္းအတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ေနရာမ်ား ရွာေဖြေဖာ္ထုတ္ႏိုင္ေရးႏွင့္ပတ္သတ္၍ ကြင္းဆင္းေလ့လာျခင္းမ်ား စတင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာသည္။
အဆိုပါေျပာစကားကို ယမန္ေန႔ (ေမလ ၂၅ ရက္)က စြမ္းအင္ ဝန္ႀကီးဌာန ရတနာခန္းမ၌ က်င္းပသည့္ ကေလာအနည္က်ခ်ိဳင့္ဝွမ္းအတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ေနရာမ်ား ရွာေဖြေဖာ္ထုတ္ႏိုင္ေရး ပထမအႀကိမ္ပဏာမ စူးစမ္းေလ့လာျခင္းလုပ္ငန္း ကြင္းဆင္းေဆာင္႐ြက္ၾကမည့္ ပူးေပါင္းအဖြဲ႕မ်ားအား ေတြ႕ဆုံအားေပးျခင္းႏွင့္ စခန္းခ်ေအာင္ႏိုင္ေရး အလံေပးအပ္ျခင္းအခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိတို႔ႏိုင္ငံအတြင္း ကုန္းတြင္းအနည္က်ခ်ိဳင့္ဝွမ္း (၁၄) ခုရွိၿပီး ေရနံႏွင့္သဘာဝဓာတ္ေငြ႕ေကာင္းစြာရွာေဖြ တူးေဖာ္ထုတ္လုပ္ျခင္း မျပဳလုပ္ ရေသးသည့္ အနည္က်ခ်ိဳင့္ဝွမ္း ကိုးခုရွိသည့္အနက္မွ ကေလာအနည္က်ခ်ိဳင့္ဝွမ္းတြင္ ယခုကြင္းဆင္းေလ့လာျခင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္မည္ျဖစ္ၿပီး ယခုကဲ့သို႔ ကြင္းဆင္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ႏိုင္ေစရန္အတြက္ ရန္ကုန္တကၠသိုလ္ႏွင့္ ရန္ကုန္နည္းပညာတကၠသိုလ္တို႔မွ ဘာသာရပ္ဆိုင္ရာ ဆရာ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္လည္းေကာင္း၊ ဝန္ႀကီးဌာနမွ အၿငိမ္းစားအရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီႏွင့္ မိတ္ဖက္ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္လည္းေကာင္း ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
၎ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ နယ္ပယ္စုံမွပါဝင္သည့္ “စြမ္းအင္က႑ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ” ကို ဖြဲ႕စည္းခဲ့ၿပီး ယခုကဲ့သို႔ “University - Industry - Research & Development Tripartite Collaboration” ပုံစံ ျဖင့္ ပူးေပါင္းေဆာင္႐ြက္ေစခဲ့ျခင္းျဖစ္ၿပီး ယခင္ ကုန္းတြင္းေရနံေျမမ်ား ရွာေဖြေဖာ္ထုတ္ရာတြင္ ဘူမိေဗဒသြင္ျပင္ေလ့လာရန္အတြက္ ေကာင္းကင္ဓာတ္ပုံမ်ားကိုသာ အသုံးျပဳခဲ့ရၿပီး ယခုအခါ တိုးတက္လာသည့္ Remote Sensing နည္းပညာမ်ားျဖင့္ Satellite Image မ်ားကို အသုံးျပဳလာႏိုင္ကာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား ရွာေဖြရာတြင္ အေထာက္အကူျပဳလာႏိုင္၍ ပိုမိုလြယ္ကူစြာ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ယခုကြင္းဆင္းေလ့လာျခင္းသည္ ပဏာမစူးစမ္း ေလ့လာျခင္းအဆင့္သာျဖစ္ၿပီး ဆက္လက္၍ အေသးစိတ္ ထပ္မံေလ့လာဆန္းစစ္ျခင္းမ်ား ေဆာင္႐ြက္သြားရန္လိုအပ္ၿပီး ဝန္ႀကီးဌာနအေနျဖင့္ ကြင္းဆင္းေလ့လာမႈမ်ားအတြက္ လိုအပ္သည္မ်ားကို ပံ့ပိုးကူညီေပးသြားမည္ျဖစ္ကာ အခက္အခဲမ်ားၾကားမွရရွိလာသည့္ အခြင့္အေရးကို အက်ိဳးရွိရွိအသုံးခ်၍ ႏိုင္ငံေတာ္အတြက္ အဖိုးထိုက္တန္ေသာ ေရနံေျမသစ္တစ္ခု ရွာေဖြေဖာ္ထုတ္ႏိုင္မည့္ ကြင္းဆင္းေလ့လာမႈမွတ္တမ္းတစ္ခုရရွိေအာင္ အတူတကြ ပူးေပါင္းဝိုင္းဝန္း ႀကိဳးစားေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က တိုက္တြန္းေျပာၾကားသည္။