ဇီလန်စကီးပါးစပ်က ထွက်လာသမျှက ပြဿနာတွေကိုပဲဖြစ်စေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 959

Pika (NP News) - မေ ၂၈

ယူကရိန်းသမ္မတဇီလန်စကီးရဲ့ လူသိရှင်ကြားမှတ်ချက်တွေဟာ ၎င်းရဲ့နိုင်ငံအတွက် ပိုမိုဆိုးရွားတဲ့အရာတွေကိုပဲဖြစ်စေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားကို အကျိုးဖြစ်ထွန်းစေတဲ့ ထောက်ခံမှုကင်းမဲ့မှုတွေရှိနေတယ်လို့ ဇီလန်စကီးက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က 'ဇီလန်စကီးဟာ သူရဲ့နိုင်ငံကို မျက်နှာသာမပေးဘဲ ပြောချင်တာကိုပြောနေတာပါ။ ဇီလန်စကီးရဲ့ပါးစပ်ကထွက်လာသမျှအရာအားလုံးက ပြဿနာတွေကိုပဲဖြစ်ပေါ်စေပါတယ်။ အဲဒါကို ကျွန်တော်မကြိုက်ပါဘူး။အဲဒါကို ရပ်တန့်လိုက်တာကောင်းပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ၎င်းကသာ အမေရိကန်သမ္မတအဖြစ်ဆက်ရှိနေမယ်ဆိုရင် ယူကရိန်းပဋိပက္ခက ပေါ်ပေါက်လာခဲ့မှာမဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ဒါက ဇီလန်စကီး၊ ပူတင်နဲ့ ဂျိုးဘိုင်ဒန်တို့ရဲ့ စစ်ပွဲပါ။ ကျွန်တော်ရဲ့စစ်ပွဲမဟုတ်ပါဘူး။ ဒီအကျည်းတန်တဲ့စစ်ပွဲ အဆုံးသတ်သွားအောင်လို့ပဲ ကျွန်တော်ကကူညီနေတာပါ။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ဇီလန္စကီးပါးစပ္က ထြက္လာသမွ်က ျပႆနာေတြကိုပဲျဖစ္ေစတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၂၈

ယူကရိန္းသမၼတဇီလန္စကီးရဲ႕ လူသိရွင္ၾကားမွတ္ခ်က္ေတြဟာ ၎ရဲ႕ႏိုင္ငံအတြက္ ပိုမိုဆိုး႐ြားတဲ့အရာေတြကိုပဲျဖစ္ေစတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ဟာ ႐ုရွားကို အက်ိဳးျဖစ္ထြန္းေစတဲ့ ေထာက္ခံမႈကင္းမဲ့မႈေတြရွိေနတယ္လို႔ ဇီလန္စကီးက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က 'ဇီလန္စကီးဟာ သူရဲ႕ႏိုင္ငံကို မ်က္ႏွာသာမေပးဘဲ ေျပာခ်င္တာကိုေျပာေနတာပါ။ ဇီလန္စကီးရဲ႕ပါးစပ္ကထြက္လာသမွ်အရာအားလုံးက ျပႆနာေတြကိုပဲျဖစ္ေပၚေစပါတယ္။ အဲဒါကို ကြၽန္ေတာ္မႀကိဳက္ပါဘူး။အဲဒါကို ရပ္တန႔္လိုက္တာေကာင္းပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ၎ကသာ အေမရိကန္သမၼတအျဖစ္ဆက္ရွိေနမယ္ဆိုရင္ ယူကရိန္းပဋိပကၡက ေပၚေပါက္လာခဲ့မွာမဟုတ္ဘူးလို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ဒါက ဇီလန္စကီး၊ ပူတင္နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ရဲ႕ စစ္ပြဲပါ။ ကြၽန္ေတာ္ရဲ႕စစ္ပြဲမဟုတ္ပါဘူး။ ဒီအက်ည္းတန္တဲ့စစ္ပြဲ အဆုံးသတ္သြားေအာင္လို႔ပဲ ကြၽန္ေတာ္ကကူညီေနတာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.