လားရှိုးတွင် သိန္နီနှင့်ကွမ်းလုံမှ ဒေသခံများအတွက် လဝကလုပ်ငန်းစဉ်များ စတင် ပြုလုပ်ပေးနေ

794

Pearl (NP News)-မေ ၂၇
လားရှိုးမြို့တွင် သိန္နီမြို့နယ်နှင့်ကွမ်းလုံမြို့နယ်များမှ ဒေသခံပြည်သူများအတွက် လဝက လုပ်ငန်းစဉ်များကို ယနေ့ ( မေလ ၂၇ ရက်နေ့ ) မှစတင်ကာ ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ သိန္နီမြို့နယ် နှင့် ကွမ်းလုံမြို့နယ်ရုံး များကို လားရှိုးခရိုင်ဦးစီးမှူးရုံးတွင် ရုံးခွဲအနေဖြင့် ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း ၊ မှတ်ပုံတင်ကတ်ပျောက်ဆုံးသဖြင့် ပြန်လည် လျှောက်ထားခြင်း ၊ ပြန်လည် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု ပြုလုပ်ပေးခြင်း ၊မွေးတိုးပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
“ အရင်တုန်းက လားရှိုးမြို့နယ်ပဲ လုပ်ပေးတာလေ။ ဒီနေ့ကျတော့ လားရှိုးခရိုင်ထဲပါတဲ့ သိန္နီနဲ့ ကွမ်လုံက လားရှိုးမှာ ရုံးခွဲဖွင့်ပြီးတော့မှ လဝက လုပ်ငန်းစဉ်တွေကို လုပ်ပေးတာ” ဟု လားရှိုး မြို့ခံတစ်ဦးက NP News ကို ပြောသည်။
UID (စမတ်ကတ်) ပြုလုပ်ခြင်းလုပ်ငန်းများကိုမူ လတ်တလောတွင် လားရှိုး မြို့နယ်ရုံးသို့ သွားရောက်၍ ပြုလုပ်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းနေထိုင်သူများ၏ နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အခြား လဝကလုပ်ငန်းစဉ်များကိုမူ မေလ ၁၉ ရက်နေ့မှစတင်ကာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
လားရႈိးတြင္ သိႏၷီႏွင့္ကြမ္းလုံမွ ေဒသခံမ်ားအတြက္ လဝကလုပ္ငန္းစဥ္မ်ား စတင္ ျပဳလုပ္ေပးေန
Pearl (NP News)-ေမ ၂၇
လားရႈိးၿမိဳ႕တြင္ သိႏၷီၿမိဳ႕နယ္ႏွင့္ကြမ္းလုံၿမိဳ႕နယ္မ်ားမွ ေဒသခံျပည္သူမ်ားအတြက္ လဝက လုပ္ငန္းစဥ္မ်ားကို ယေန႔ ( ေမလ ၂၇ ရက္ေန႔ ) မွစတင္ကာ ျပဳလုပ္ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ၊ သိႏၷီၿမိဳ႕နယ္ ႏွင့္ ကြမ္းလုံၿမိဳ႕နယ္႐ုံး မ်ားကို လားရႈိးခ႐ိုင္ဦးစီးမႉး႐ုံးတြင္ ႐ုံးခြဲအေနျဖင့္ ပူးတြဲဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပား ေလွ်ာက္ထားျခင္း ၊ မွတ္ပုံတင္ကတ္ေပ်ာက္ဆုံးသျဖင့္ ျပန္လည္ ေလွ်ာက္ထားျခင္း ၊ ျပန္လည္ လဲလွယ္ေပးျခင္း၊ အိမ္ေထာင္စု ျပဳလုပ္ေပးျခင္း ၊ေမြးတိုးျပဳလုပ္ေပးျခင္းမ်ားကို ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္းသိရသည္။
“ အရင္တုန္းက လားရႈိးၿမိဳ႕နယ္ပဲ လုပ္ေပးတာေလ။ ဒီေန႔က်ေတာ့ လားရႈိးခ႐ိုင္ထဲပါတဲ့ သိႏၷီနဲ႔ ကြမ္လုံက လားရႈိးမွာ ႐ုံးခြဲဖြင့္ၿပီးေတာ့မွ လဝက လုပ္ငန္းစဥ္ေတြကို လုပ္ေပးတာ” ဟု လားရႈိး ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
UID (စမတ္ကတ္) ျပဳလုပ္ျခင္းလုပ္ငန္းမ်ားကိုမူ လတ္တေလာတြင္ လားရႈိး ၿမိဳ႕နယ္႐ုံးသို႔ သြားေရာက္၍ ျပဳလုပ္ၾကရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕နယ္အတြင္းေနထိုင္သူမ်ား၏ ႏိုင္ငံသားစိစစ္ ေရးကတ္ျပားႏွင့္ အျခား လဝကလုပ္ငန္းစဥ္မ်ားကိုမူ ေမလ ၁၉ ရက္ေန႔မွစတင္ကာ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။