ဒေါ်နယ်ထရမ့်ရဲ့ဒုံးကျည်အကာအကွယ်အစီအစဉ်က အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်တယ်လို့ မြောက်ကိုရီးယားဝေဖန်

271

Pika (NP News) - မေ ၂၈
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ “Golden Dome”ဒုံးကျည်အကာအကွယ်အစီအစဉ်ကို အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေမယ့် အန္တရာယ်များတဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒုံးကျည်အကာအကွယ်အစီအစဉ်အတွက် အသေးစိတ်အချက်အလက်တွေနဲ့ ကနဦးရန်ပုံငွေအသစ်ကို ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်က အမေရိကန်နိုင်ငံရဲ့ အောင်မြင်မှုနဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအစီ အစဉ်ဟာ သိသာထင်ရှားတဲ့နည်းပညာနဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး ကြီးမားတဲ့ကုန်ကျမှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို နျူကလီးယားလက်နက်နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက်လုံခြုံရေးကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတဲ့ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို တည်ဆောက်ဖို့ အမေရိကန်ရဲ့ အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစစ်ပွဲနဲ့ အာကာသလက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်လာစေနိုင်တဲ့ မူလဇစ်မြစ်တစ်ခုပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
ေဒၚနယ္ထရမ့္ရဲ႕ဒုံးက်ည္အကာအကြယ္အစီအစဥ္က အာကာသမွာ န်ဴကလီးယားစစ္ပြဲကို ေပၚေပါက္လာေစႏိုင္တယ္လို႔ ေျမာက္ကိုရီးယားေဝဖန္
Pika (NP News) - ေမ ၂၈
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ “Golden Dome”ဒုံးက်ည္အကာအကြယ္အစီအစဥ္ကို အာကာသမွာ န်ဴကလီးယားစစ္ပြဲကို ေပၚေပါက္လာေစမယ့္ အႏၲရာယ္မ်ားတဲ့ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ေျမာက္ကိုရီးယားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ဒုံးက်ည္အကာအကြယ္အစီအစဥ္အတြက္ အေသးစိတ္အခ်က္အလက္ေတြနဲ႔ ကနဦးရန္ပုံေငြအသစ္ကို ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး အဲဒီအစီအစဥ္က အေမရိကန္ႏိုင္ငံရဲ႕ ေအာင္ျမင္မႈနဲ႔ ရွင္သန္ရပ္တည္ႏိုင္ေရးအတြက္ အလြန္အေရးႀကီးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီအစီ အစဥ္ဟာ သိသာထင္ရွားတဲ့နည္းပညာနဲ႔ ႏိုင္ငံေရးစိန္ေခၚမႈေတြကို ရင္ဆိုင္ေနရၿပီး ႀကီးမားတဲ့ကုန္က်မႈေတြ ရွိလာႏိုင္တယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္ကို န်ဴကလီးယားလက္နက္ႏိုင္ငံေတြရဲ႕ မဟာဗ်ဴဟာေျမာက္လုံၿခဳံေရးကို ၿခိမ္းေျခာက္ဖို႔ ရည္႐ြယ္ထားတဲ့ အႏၲရာယ္မ်ားတဲ့ အစီအစဥ္တစ္ခုအျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ဒုံးက်ည္ကာကြယ္ေရးစနစ္သစ္ကို တည္ေဆာက္ဖို႔ အေမရိကန္ရဲ႕ အစီအစဥ္ဟာ ကမာၻလုံးဆိုင္ရာန်ဴကလီးယားစစ္ပြဲနဲ႔ အာကာသလက္နက္ၿပိဳင္ဆိုင္မႈကို ျဖစ္ေပၚလာေစႏိုင္တဲ့ မူလဇစ္ျမစ္တစ္ခုပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။