ကျောင်းတွင်း အနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကို သရုပ်ဆောင် ဂိုမင်စီ ငြင်းပယ်

 194

ရောင်နီ (NP News) - မေ ၂၈

တောင်ကိုရီးယားမင်းသမီး ဂိုမင်စီဟာ ကျောင်းတွင်း အနိုင်ကျင့်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း သူမရဲ့အေဂျင်စီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။
ဒီအကြောင်းကို Mystic Story (Mystic Actors) မှ ကိုယ်စားလှယ်တစ်ဦးက မေလ ၂၆ ရက်မှာ ငြင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။ သူက "လူပြောများနေတဲ့ ပို့စ်တွေကိုသိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သရုပ်ဆောင်ကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ သတင်းတွေက အခြေအမြစ် မရှိပါဘူး" လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာပိုစ့်တွေမှာ အမည်မဖော်လိုသူ စာရေးသူက မင်းသမီးနဲ့ တစ်တန်းတည်း အလယ်တန်း ကျောင်းတက်စဉ်က သူမဟာ ကြမ်းတမ်းတဲ့အပြုအမူနဲ့ ကျင့်ဝတ်သိက္ခာမဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။
ပို့စ်မှာ မင်းသမီးအမည်ကို အတိအလင်းဖော်ပြထားခြင်း မရှိပေမယ့် မင်းသမီး ဂိုမင်စီရဲ့ အမည်ဟောင်း၊ ယခင် ဓာတ်ပုံတွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပိုစ့်မှာ မင်းသမီးဟာ "အတန်းဖော်များစွာကို အနိုင်ကျင့်ခြင်း၊ ငွေကြေးနဲ့ ပစ္စည်းဥစ္စာများ လုယူခြင်း၊ နှုတ်နဲ့ အလွဲသုံးစား ပြောဆိုခြင်း၊ မသန်စွမ်းကျောင်းသားတွေကို လှောင်ပြောင်ခြင်း” စတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ပရိသတ်တွေကြား အငြင်းပွားမှုတွေ ရှိနေပေမယ့် ဂိုမင်စီရဲ့ အေဂျင်စီ Mystic Story က စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း အခိုင်အမာပြောဆိုပြီး ငြင်းထုတ်ထားပါတယ်။ ဂိုမင်စီဟာ "Youth of May" "The Frog" "The Witch" "Testefully Yours" ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Zawgyi Version:
ေက်ာင္းတြင္း အႏိုင္က်င့္မႈလုပ္ခဲ့တယ္ဆိုတဲ့သတင္းကို သ႐ုပ္ေဆာင္ ဂိုမင္စီ ျငင္းပယ္
ေရာင္နီ (NP News) - ေမ ၂၈

ေတာင္ကိုရီးယားမင္းသမီး ဂိုမင္စီဟာ ေက်ာင္းတြင္း အႏိုင္က်င့္မႈျပဳလုပ္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး မဟုတ္မွန္ေၾကာင္း သူမရဲ႕ေအဂ်င္စီက ျပတ္ျပတ္သားသား ျငင္းဆိုလိုက္ပါတယ္။
ဒီအေၾကာင္းကို Mystic Story (Mystic Actors) မွ ကိုယ္စားလွယ္တစ္ဦးက ေမလ ၂၆ ရက္မွာ ျငင္းဆိုလိုက္ျခင္း ျဖစ္ပါတယ္။ သူက "လူေျပာမ်ားေနတဲ့ ပို႔စ္ေတြကိုသိပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ကို ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ သတင္းေတြက အေျခအျမစ္ မရွိပါဘူး" လို႔ ဆိုပါတယ္။
ဆိုရွယ္မီဒီယာပိုစ့္ေတြမွာ အမည္မေဖာ္လိုသူ စာေရးသူက မင္းသမီးနဲ႔ တစ္တန္းတည္း အလယ္တန္း ေက်ာင္းတက္စဥ္က သူမဟာ ၾကမ္းတမ္းတဲ့အျပဳအမူနဲ႔ က်င့္ဝတ္သိကၡာမဲ့လုပ္ရပ္ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုထားတာ ျဖစ္ပါတယ္။
ပို႔စ္မွာ မင္းသမီးအမည္ကို အတိအလင္းေဖာ္ျပထားျခင္း မရွိေပမယ့္ မင္းသမီး ဂိုမင္စီရဲ႕ အမည္ေဟာင္း၊ ယခင္ ဓာတ္ပုံေတြနဲ႔ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ပိုစ့္မွာ မင္းသမီးဟာ "အတန္းေဖာ္မ်ားစြာကို အႏိုင္က်င့္ျခင္း၊ ေငြေၾကးနဲ႔ ပစၥည္းဥစၥာမ်ား လုယူျခင္း၊ ႏႈတ္နဲ႔ အလြဲသုံးစား ေျပာဆိုျခင္း၊ မသန္စြမ္းေက်ာင္းသားေတြကို ေလွာင္ေျပာင္ျခင္း” စတဲ့ လုပ္ရပ္ေတြ လုပ္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။
ပရိသတ္ေတြၾကား အျငင္းပြားမႈေတြ ရွိေနေပမယ့္ ဂိုမင္စီရဲ႕ ေအဂ်င္စီ Mystic Story က စြပ္စြဲခ်က္ေတြဟာ မွားယြင္းေၾကာင္း အခိုင္အမာေျပာဆိုၿပီး ျငင္းထုတ္ထားပါတယ္။ ဂိုမင္စီဟာ "Youth of May" "The Frog" "The Witch" "Testefully Yours" ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ၾကားတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.