ပေါ့ပ်စတား ဒူအာလင်ပါ နဲ့ သရုပ်ဆောင် ကော်လန်တာနာ စေ့စပ်

 72

ရောင်နီ (NP News) - ဇွန် ၁၅

ဗြိတိန်-အယ်လ်ဘေးနီးယား ပေါ့ပ်အဆိုတော် ဒူအာလင်ပါနဲ့ ဗြိတိန်သရုပ်ဆောင် ကော်လန်တာနာ တို့ စေ့စပ်လိုက်ပြီဖြစ်ပြီး မကြာခင် လက်ထပ်တော့မယ်လို့ သိရပါတယ်။
British Vogue မဂ္ဂဇင်းရဲ့ဇူလိုင်လထုတ် အင်တာဗျူးတစ်ခုမှာ ဒူအာလင်ပါက “မယုံကြည်နိုင်လောက်စရာ အခိုက်အတန့်ဖြစ်ပြီး အလွန်စိတ်လှုပ်ရှားခဲ့ပါတယ်" လို့ ဆိုပါတယ်။ဒူအာလင်ပါ - ၂၉ နှစ်နဲ့ တာနာ - ၃၅ နှစ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စတင် Date ခဲ့ကြတာဖြစ်ပါတယ်။ "ဘဝတစ်လျှောက်လုံးအတွက် အတူတူဖြတ်သန်း မယ့်လူကို သိရတာ ဝမ်းသာပါတယ်" လို့ လင်ပါ က British Vogue ကို ပြောပါတယ်။
လင်ပါဟာ သူမရဲ့ Radical Optimism ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ် ရှိနေတာကြောင့် မင်္ဂလာပွဲ အစီအစဉ်တွေ တော့ ချက်ချင်းမပြုလုပ်နိုင်သေးပါဘူး။ သူမရဲ့ဖျော်ဖြေရေးခရီးစဉ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စင်ကာပူနိုင်ငံမှာ စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာမှ မက္ကဆီကိုစီးတီးမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
သရုပ်ဆောင် တာနာ ကတော့ ၂ဝ၁၆ မှ ၂ဝ၂၂ ခုနှစ်အတွင်း ထွက်ရှိတဲ့ စိတ်ကူးယဉ် ရုပ်ရှင် Fantastic Beasts မှာ သီးဆီးယက်စကာမန်ဒါ အဖြစ် လူသိများပါတယ်။

Zawgyi Version:
ေပါ့ပ္စတား ဒူအာလင္ပါ နဲ႔ သ႐ုပ္ေဆာင္ ေကာ္လန္တာနာ ေစ့စပ္
ေရာင္နီ (NP News) - ဇြန္ ၁၅

ၿဗိတိန္-အယ္လ္ေဘးနီးယား ေပါ့ပ္အဆိုေတာ္ ဒူအာလင္ပါနဲ႔ ၿဗိတိန္သ႐ုပ္ေဆာင္ ေကာ္လန္တာနာ တို႔ ေစ့စပ္လိုက္ၿပီျဖစ္ၿပီး မၾကာခင္ လက္ထပ္ေတာ့မယ္လို႔ သိရပါတယ္။
British Vogue မဂၢဇင္းရဲ႕ဇူလိုင္လထုတ္ အင္တာဗ်ဴးတစ္ခုမွာ ဒူအာလင္ပါက “မယုံၾကည္ႏိုင္ေလာက္စရာ အခိုက္အတန႔္ျဖစ္ၿပီး အလြန္စိတ္လႈပ္ရွားခဲ့ပါတယ္" လို႔ ဆိုပါတယ္။ဒူအာလင္ပါ - ၂၉ ႏွစ္နဲ႔ တာနာ - ၃၅ ႏွစ္ဟာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလက စတင္ Date ခဲ့ၾကတာျဖစ္ပါတယ္။ "ဘဝတစ္ေလွ်ာက္လုံးအတြက္ အတူတူျဖတ္သန္း မယ့္လူကို သိရတာ ဝမ္းသာပါတယ္" လို႔ လင္ပါ က British Vogue ကို ေျပာပါတယ္။
လင္ပါဟာ သူမရဲ႕ Radical Optimism ကမာၻလွည့္ ေဖ်ာ္ေျဖေရး ခရီးစဥ္ ရွိေနတာေၾကာင့္ မဂၤလာပြဲ အစီအစဥ္ေတြ ေတာ့ ခ်က္ခ်င္းမျပဳလုပ္ႏိုင္ေသးပါဘူး။ သူမရဲ႕ေဖ်ာ္ေျဖေရးခရီးစဥ္ဟာ ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလက စင္ကာပူႏိုင္ငံမွာ စတင္ခဲ့ၿပီး ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလမွာမွ မကၠဆီကိုစီးတီးမွာ အဆုံးသတ္မွာ ျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ တာနာ ကေတာ့ ၂ဝ၁၆ မွ ၂ဝ၂၂ ခုႏွစ္အတြင္း ထြက္ရွိတဲ့ စိတ္ကူးယဥ္ ႐ုပ္ရွင္ Fantastic Beasts မွာ သီးဆီးယက္စကာမန္ဒါ အျဖစ္ လူသိမ်ားပါတယ္။

Related news

© 2021. All rights reserved.