တစ်ကိုယ်တော် comeback သီချင်း ထွက်ရှိလာဦးမယ့် တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် T.O.P

 67

ရောင်နီ (NP News) - ဇွန် ၁၅
တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင်ဟောင်း T.O.P ဟာ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ဂီတလောကကို ပြန်လည်ဝင်ရောက်လာမယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာသတင်းပလက်ဖောင်း Awards Buzz ရဲ့မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ T.O.P က သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိမယ့်အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်း ပရိသတ်တွေကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးမှာ Squid Game Season 2 တုန်းက T.O.P ရဲ့ ကာရိုက်တာ Thanos ကို mention ပြီး "Thanos က ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ခဲ့ရင် လူတွေကို ဘယ်လို ကိုင်တွယ်မလဲ” လို့ မေးတဲ့အခါ၊ T.O.P က "အရင်ဆုံး ကျွန်တော် Piggy Bank(Squid Game ထဲက ဧရာမဝက်စုဗူး) ကို ယူလိုက်ပါ့မယ်၊ Thanos ပြောခဲ့သလိုပဲ လူသား တစ်ဝက်ကို ကျွန်တော့်ရက်ပ်နဲ့ ရှင်းပစ်လိုက်မယ်" "ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်က မကြာခင်ထွက်တော့မှာဖြစ်လို့ပါပဲ" လို့ဆိုကာ တိုက်ရိုက် အတည်ပြု ပြောကြားခဲ့ တာဖြစ်ပါတယ်။ T.O.P ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက 'Squid Game Season 2' မှာ Thanos ကာရိုက်တာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Zawgyi Version:
တစ္ကိုယ္ေတာ္ comeback သီခ်င္း ထြက္ရွိလာဦးမယ့္ ေတာင္ကိုရီးယား အဆိုေတာ္၊ သ႐ုပ္ေဆာင္ T.O.P
ေရာင္နီ (NP News) - ဇြန္ ၁၅
ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ Big Bang ရဲ႕ အဖြဲ႕ဝင္ေဟာင္း T.O.P ဟာ တစ္ကိုယ္ေတာ္ အႏုပညာရွင္အျဖစ္ ဂီတေလာကကို ျပန္လည္ဝင္ေရာက္လာမယ္လို႔ တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။
ကမာၻလုံးဆိုင္ရာသတင္းပလက္ေဖာင္း Awards Buzz ရဲ႕မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး တစ္ခုမွာ T.O.P က သူ႔ရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္ ထြက္ရွိမယ့္အစီအစဥ္ကို ကမာၻတစ္ဝွမ္း ပရိသတ္ေတြကို အသိေပး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အင္တာဗ်ဴးမွာ Squid Game Season 2 တုန္းက T.O.P ရဲ႕ ကာ႐ိုက္တာ Thanos ကို mention ၿပီး "Thanos က ကမာၻႀကီးကို သိမ္းပိုက္ႏိုင္ခဲ့ရင္ လူေတြကို ဘယ္လို ကိုင္တြယ္မလဲ” လို႔ ေမးတဲ့အခါ၊ T.O.P က "အရင္ဆုံး ကြၽန္ေတာ္ Piggy Bank(Squid Game ထဲက ဧရာမဝက္စုဗူး) ကို ယူလိုက္ပါ့မယ္၊ Thanos ေျပာခဲ့သလိုပဲ လူသား တစ္ဝက္ကို ကြၽန္ေတာ့္ရက္ပ္နဲ႔ ရွင္းပစ္လိုက္မယ္" "ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ တစ္ကိုယ္ေတာ္အယ္လ္ဘမ္က မၾကာခင္ထြက္ေတာ့မွာျဖစ္လို႔ပါပဲ" လို႔ဆိုကာ တိုက္႐ိုက္ အတည္ျပဳ ေျပာၾကားခဲ့ တာျဖစ္ပါတယ္။ T.O.P ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက 'Squid Game Season 2' မွာ Thanos ကာ႐ိုက္တာမွ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး သ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.