RM၊ ဂျီမင်း၊ V နှင့် ဂျောင်ကွတ်တို့၏ စစ်မှုထမ်းတာဝန်ပြီးဆုံးမည့်နေရာများသို့ မသွားရောက်ကြရန် ပရိသတ်များကို တိုက်တွန်း

 215

Pika (NP News) - ဇွန် ၁၆
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်များဖြစ်သော RM ၊ ဂျီမင်း ၊ V နှင့် ဂျောင်ကွတ်တို့၏ စစ်မှုထမ်းတာဝန်ပြီးဆုံးမည့်နေ့တွင် ၎င်းတို့ထွက်ရှိလာမည့်နေရာများသို့ သွားရောက်လည်ပတ် ခြင်းမျိုး မလုပ်ဆောင်ကြရန် ပရိသတ်များကို တာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။
RM နှင့် V တို့သည် ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို ဇွန်လ(၁၀)ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဂျောင်ကွတ်နှင့် ဂျီမင်း တို့သည် ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို ဇွန်လ(၁၁)ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးအကြောင်းပြချက်များကြောင့် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော Suga သည် လာမည့်ဇွန်လ(၂၁)ရက်တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။ နောက် ထပ် အဖွဲ့ဝင်များဖြစ်သော ဂျင်နှင့် ဂျေဟုပ်တို့သည် ၎င်းတို့၏စစ်မှုထမ်းတာဝန်ကို ပြီးခဲ့သည့်နှစ်ကတည်းက အောင်မြင်စွာ ထမ်းဆောင်ပြီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထုတ်ပြန်ချက်တစ်ခုတွင် “RM၊ ဂျီမင်း၊ V နဲ့ ဂျောင်ကွတ်တို့ရဲ့စစ်မှုထမ်း တာဝန်ပြီးဆုံးမယ့်နေ့မှာ ၎င်းတို့ထွက်ရှိ လာမယ့်နေရာတွေကို သွားရောက်လည်ပတ် တာမျိုး မလုပ်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အဲဒီနေ့မှာ ဘာအထူးပွဲစဉ်ကိုမှ စီစဉ်ထားတာမျိုးလည်း မရှိပါဘူး။ နေရာတစ်ခုစီတိုင်းမှာ နေရာအကန့်အသတ်တွေ ရှိပြီး လူအုပ်ကြီးရှိနေတာက ဘေးကင်းလုံခြုံရေး အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။

Zawgyi Version:
RM၊ ဂ်ီမင္း၊ V ႏွင့္ ေဂ်ာင္ကြတ္တို႔၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည့္ေနရာမ်ားသို႔ မသြားေရာက္ၾကရန္ ပရိသတ္မ်ားကို တိုက္တြန္း
Pika (NP News) - ဇြန္ ၁၆
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္မ်ားျဖစ္ေသာ RM ၊ ဂ်ီမင္း ၊ V ႏွင့္ ေဂ်ာင္ကြတ္တို႔၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည့္ေန႔တြင္ ၎တို႔ထြက္ရွိလာမည့္ေနရာမ်ားသို႔ သြားေရာက္လည္ပတ္ ျခင္းမ်ိဳး မလုပ္ေဆာင္ၾကရန္ ပရိသတ္မ်ားကို တာဝန္ရွိသူမ်ားက ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
RM ႏွင့္ V တို႔သည္ ၎တို႔၏ စစ္မႈထမ္းတာဝန္ကို ဇြန္လ(၁၀)ရက္တြင္ ၿပီးဆုံးမည္ျဖစ္ၿပီး ေဂ်ာင္ကြတ္ႏွင့္ ဂ်ီမင္း တို႔သည္ ၎တို႔၏ စစ္မႈထမ္းတာဝန္ကို ဇြန္လ(၁၁)ရက္တြင္ ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္းမာေရးအေၾကာင္းျပခ်က္မ်ားေၾကာင့္ ျပည္သူ႔ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ Suga သည္ လာမည့္ဇြန္လ(၂၁)ရက္တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ေအာင္ျမင္စြာၿပီးဆုံးမည္ျဖစ္ေၾကာင္းသိရသည္။ ေနာက္ ထပ္ အဖြဲ႕ဝင္မ်ားျဖစ္ေသာ ဂ်င္ႏွင့္ ေဂ်ဟုပ္တို႔သည္ ၎တို႔၏စစ္မႈထမ္းတာဝန္ကို ၿပီးခဲ့သည့္ႏွစ္ကတည္းက ေအာင္ျမင္စြာ ထမ္းေဆာင္ၿပီးခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။ ထုတ္ျပန္ခ်က္တစ္ခုတြင္ “RM၊ ဂ်ီမင္း၊ V နဲ႔ ေဂ်ာင္ကြတ္တို႔ရဲ႕စစ္မႈထမ္း တာဝန္ၿပီးဆုံးမယ့္ေန႔မွာ ၎တို႔ထြက္ရွိ လာမယ့္ေနရာေတြကို သြားေရာက္လည္ပတ္ တာမ်ိဳး မလုပ္ၾကဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္။ အဲဒီေန႔မွာ ဘာအထူးပြဲစဥ္ကိုမွ စီစဥ္ထားတာမ်ိဳးလည္း မရွိပါဘူး။ ေနရာတစ္ခုစီတိုင္းမွာ ေနရာအကန႔္အသတ္ေတြ ရွိၿပီး လူအုပ္ႀကီးရွိေနတာက ေဘးကင္းလုံၿခဳံေရး အတြက္ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္” ဟု ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.