အပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းမျဉ်းများကို ရုရှားကို ပေးပို့ခဲ့ကြောင်း ယူကရိန်းအစိုးရပြော

81

Pika (NP News) - မေ ၃၁
ယူကရိန်းနိုင်ငံသည် ၎င်း၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းမျဉ်းများကို ရုရှားအစိုးရထံ တရားဝင်အဆိုပြု တင်သွင်းခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ရူမာရော့ဗ်က ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလ(၁၆)ရက်တွင် ရုရှားနှင့်ယူကရိန်းတို့သည် အချိန်(၃)နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှု များကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာအမြင်များကို ဖော်ပြသည့်စာတမ်းကို ရေးဆွဲရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ရူမာရော့ဗ်က “ယူကရိန်းရဲ့ရပ်တည်ချက်ကိုဖော်ပြထားတဲ့စာရွက်စာတမ်းတစ်ခုကို ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့အကြီးအကဲဆီကို ပေးအပ်ခဲ့ပါတယ်။ အဲဒီစာရွက်စာတမ်းကို သူတို့လက်ခံရရှိခဲ့ပါတယ်။ ပြီးတော့ ရုရှားနဲ့နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ဘက်က ဆန့်ကျင်တာမျိုးမရှိဘဲ သူတို့ဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။ လာမယ့်တွေ့ဆုံဆွေးနွေးမှုဟာ အချည်းအနှီးမဖြစ်ဘဲ ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ကျွန်တော်တို့ကို ပိုမိုနီးကပ်လာစေနိုင်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ကြိုတင်သတ်မှတ်ထားခြင်းမျိုးမရှိသော အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်း၏ အဆင်သင့်ဖြစ်မှုများကို ရူစတန်ရူမာရော့ဗ်က ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရုရှားဘက်က တုံ့ပြန်မှုများကို လက်ခံရရှိခြင်းမျိုး မရှိသေးကြောင်း နှင့် ဆွေးနွေးပွဲများ နှောင့်နှေးစေရန် ရုရှားဘက်က ကြိုးပမ်းနေကြောင်း ရူစတန်ရူမာရော့ဗ်က စွပ်စွဲပြောဆိုခဲ့သည်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးဆိုင္ရာစည္းမ်ဥ္းမ်ားကို ႐ုရွားကို ေပးပို႔ခဲ့ေၾကာင္း ယူကရိန္းအစိုးရေျပာ
Pika (NP News) - ေမ ၃၁
ယူကရိန္းႏိုင္ငံသည္ ၎၏အပစ္အခတ္ရပ္စဲေရးဆိုင္ရာစည္းမ်ဥ္းမ်ားကို ႐ုရွားအစိုးရထံ တရားဝင္အဆိုျပဳ တင္သြင္းခဲ့ေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီး ႐ူစတန္႐ူမာေရာ့ဗ္က ထုတ္ျပန္ေၾကညာခဲ့သည္။ ၿပီးခဲ့သည့္ ေမလ(၁၆)ရက္တြင္ ႐ုရွားႏွင့္ယူကရိန္းတို႔သည္ အခ်ိန္(၃)ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေဆြးေႏြးမႈ မ်ားကို တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲအတြင္း အပစ္အခတ္ရပ္စဲေရးဆိုင္ရာအျမင္မ်ားကို ေဖာ္ျပသည့္စာတမ္းကို ေရးဆြဲရန္ ႏွစ္ဖက္စလုံးက သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။ ယူကရိန္းကာကြယ္ေရးဝန္ႀကီး ႐ူစတန္႐ူမာေရာ့ဗ္က “ယူကရိန္းရဲ႕ရပ္တည္ခ်က္ကိုေဖာ္ျပထားတဲ့စာ႐ြက္စာတမ္းတစ္ခုကို ႐ုရွားကိုယ္စားလွယ္အဖြဲ႕ရဲ႕အႀကီးအကဲဆီကို ေပးအပ္ခဲ့ပါတယ္။ အဲဒီစာ႐ြက္စာတမ္းကို သူတို႔လက္ခံရရွိခဲ့ပါတယ္။ ၿပီးေတာ့ ႐ုရွားနဲ႔ေနာက္ထပ္ ေတြ႕ဆုံ ေဆြးေႏြးမႈေတြကို ကြၽန္ေတာ္တို႔ဘက္က ဆန႔္က်င္တာမ်ိဳးမရွိဘဲ သူတို႔ဘက္က တုံ႔ျပန္မႈကို ေစာင့္ဆိုင္းေနပါတယ္။ လာမယ့္ေတြ႕ဆုံေဆြးေႏြးမႈဟာ အခ်ည္းအႏွီးမျဖစ္ဘဲ ဒီစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ကို ပိုမိုနီးကပ္လာေစႏိုင္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ႀကိဳတင္သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာ အပစ္အခတ္ရပ္စဲေရးအတြက္ ယူကရိန္း၏ အဆင္သင့္ျဖစ္မႈမ်ားကို ႐ူစတန္႐ူမာေရာ့ဗ္က ထပ္မံေျပာၾကားခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္အထိ ႐ုရွားဘက္က တုံ႔ျပန္မႈမ်ားကို လက္ခံရရွိျခင္းမ်ိဳး မရွိေသးေၾကာင္း ႏွင့္ ေဆြးေႏြးပြဲမ်ား ေႏွာင့္ေႏွးေစရန္ ႐ုရွားဘက္က ႀကိဳးပမ္းေနေၾကာင္း ႐ူစတန္႐ူမာေရာ့ဗ္က စြပ္စြဲေျပာဆိုခဲ့သည္။