ရုရှားအပေါ် အမြင့်ဆုံးဖိအားပေးမှုများလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်ပြော

104

Pika (NP News) - မေ ၃၁
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ရလဒ်များ ထွက်ပေါ်လာခြင်းမရှိပါက ရုရှားအပေါ် အမြင့်ဆုံး ဖိအားပေးမှုများကို လုပ်ဆောင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်ဆင်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ စိတ်ရှည်သည်းခံမှုများမှာ ကုန်ဆုံးနေပြီဖြစ်ကြောင်းနှင့် ၎င်း၏ စိတ်ပျက်မှုများကို မကြာသေးမီကာလအတွင်း ထုတ်ပြန်ပြသခဲ့ကြောင်း တမ်မီဘရုစ်က ပြောကြားခဲ့သည်။ ရုရှားဘက်က ယူကရိန်းအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားသမ္မတပူတင်သည် ရူးသွပ်နေပြီ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ပူတင်သည် မီးနှင့်ကစားနေကြောင်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ရုရှားအရပ်သားများအပေါ် ယူကရိန်း၏ ကြီးမားသောတိုက်ခိုက်မှုများကို ထုတ်ဖော် ပြောဆိုခြင်းမျိုးမရှိကြောင်း ရုရှားဘက်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ တမ်မီဘရုစ်က “ရုရှားအပေါ် အမြင့်ဆုံး ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က အဆင်သင့်ဖြစ်နေပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကို ရယူပေးဖို့ ကတိပြုခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ကတိတွေကို ရုရှားက မကြာခင် နားလည်လာပါလိ့မ်မယ်” ဟု သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
႐ုရွားအေပၚ အျမင့္ဆုံးဖိအားေပးမႈမ်ားလုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း အေမရိကန္ေျပာ
Pika (NP News) - ေမ ၃၁
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားသည္ ရလဒ္မ်ား ထြက္ေပၚလာျခင္းမရွိပါက ႐ုရွားအေပၚ အျမင့္ဆုံး ဖိအားေပးမႈမ်ားကို လုပ္ေဆာင္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပင္ဆင္ထားေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ တမ္မီဘ႐ုစ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္၏ စိတ္ရွည္သည္းခံမႈမ်ားမွာ ကုန္ဆုံးေနၿပီျဖစ္ေၾကာင္းႏွင့္ ၎၏ စိတ္ပ်က္မႈမ်ားကို မၾကာေသးမီကာလအတြင္း ထုတ္ျပန္ျပသခဲ့ေၾကာင္း တမ္မီဘ႐ုစ္က ေျပာၾကားခဲ့သည္။
႐ုရွားဘက္က ယူကရိန္းအေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ားကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားသမၼတပူတင္သည္ ႐ူးသြပ္ေနၿပီ ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ယခုသီတင္းပတ္အေစာပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ပူတင္သည္ မီးႏွင့္ကစားေနေၾကာင္း ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္သည္ ႐ုရွားအရပ္သားမ်ားအေပၚ ယူကရိန္း၏ ႀကီးမားေသာတိုက္ခိုက္မႈမ်ားကို ထုတ္ေဖာ္ ေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္း ႐ုရွားဘက္က ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့သည္။ တမ္မီဘ႐ုစ္က “႐ုရွားအေပၚ အျမင့္ဆုံး ဖိအားေပးမႈေတြ လုပ္ေဆာင္ဖို႔ အေမရိကန္က အဆင္သင့္ျဖစ္ေနပါၿပီ။ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးကို ရယူေပးဖို႔ ကတိျပဳခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕ကတိေတြကို ႐ုရွားက မၾကာခင္ နားလည္လာပါလိ့မ္မယ္” ဟု သတိေပးေျပာဆိုခဲ့သည္။