အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံဖို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ သဘောတူ

 137

Pika (NP News) - မေ ၃၁

အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ဟာ အမေရိကန်က နောက်ဆုံးတင်သွင်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံဖို့ သဘောတူညီခဲ့တယ်လို့ သတင်းမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ် တင်ပြခဲ့တဲ့ လမ်းပြမြေပုံကို လက်ခံဖို့ ၎င်းရဲ့အဆင်သင့်ဖြစ်မှုတွေကို အချက်ပြခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ကလည်း ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပြန်အလှန်အနေနဲ့ ၎င်းတို့ ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကို လွှတ်ပေးဖို့ သဘောတူညီချက်ကို လက်ခံခဲ့တယ်လို့ အာရပ်မီဒီယာတွေက နောက်ပိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ အစ္စရေးအစိုးရက ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရက်ပေါင်း(၆၀)ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမြဲတမ်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဖြစ်လာစေဖို့အတွက် သက်တမ်းတိုးပေးဖို့ အမေရိကန်က အာမမခံနိုင်ဘူးဆိုတဲ့အချက်ကို ဟားမက်လက်နက်ကိုင်အဖွဲ့က သတိထားနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို လက္ခံဖို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ သေဘာတူ
Pika (NP News) - ေမ ၃၁
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ဟာ အေမရိကန္က ေနာက္ဆုံးတင္သြင္းခဲ့တဲ့ အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္ကို လက္ခံဖို႔ သေဘာတူညီခဲ့တယ္လို႔ သတင္းမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ တင္ျပခဲ့တဲ့ လမ္းျပေျမပုံကို လက္ခံဖို႔ ၎ရဲ႕အဆင္သင့္ျဖစ္မႈေတြကို အခ်က္ျပခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကလည္း ယာယီအပစ္အခတ္ရပ္စဲေရးအတြက္ အျပန္အလွန္အေနနဲ႔ ၎တို႔ ဖမ္းဆီးထားတဲ့ အစၥေရးဓါးစာခံေတြကို လႊတ္ေပးဖို႔ သေဘာတူညီခ်က္ကို လက္ခံခဲ့တယ္လို႔ အာရပ္မီဒီယာေတြက ေနာက္ပိုင္းမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
အျပန္အလွန္အေနနဲ႔ အစၥေရးအစိုးရက ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ရက္ေပါင္း(၆၀)ၾကာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို အၿမဲတမ္းအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ျဖစ္လာေစဖို႔အတြက္ သက္တမ္းတိုးေပးဖို႔ အေမရိကန္က အာမမခံႏိုင္ဘူးဆိုတဲ့အခ်က္ကို ဟားမက္လက္နက္ကိုင္အဖြဲ႕က သတိထားေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.