လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျ ရေးဆွဲ ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌ ပြောကြား

 575

သက်ပိုင် (NP News) - ဇွန် ၁

လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျ ရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မေလ ၃၁ ရက်က ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံအတွင်းရှိ ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ညွှန်ကြားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခဲ့မှုများကို စနစ်တကျဖြင့် မှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိက ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့သာယာလှပရေးအတွက် ရေနုတ်မြောင်းများအတွင်း ရေစီးရေလာများ ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ နေထိုင်ကြသူများအနေဖြင့်လည်း စည်းကမ်းတကျနေထိုင်ခြင်း နှင့် အမှိုက်စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ရေစီးရေလာကောင်းမွန်မှုမရှိခြင်းကြောင်း ရေဆိုးရေညစ်များနှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတမှုမရှိသည့် ပတ်ဝန်းကျင်ဖြစ်လာစေနိုင်ကြောင်း၊ ရေမြောင်းများ တည်ဆောက်ရာတွင် ရေစီးဆင်းမှုပမာဏကိုတွက်ချက်၍ စနစ်တကျတည်ဆောက်သွားရန်လိုကြောင်း၊ ရန်ကုန် - ပုသိမ်လမ်း နှင့် ညောင်တုန်းလမ်းတို့သည် လမ်းမကြီးများ ဖြစ်သဖြင့် ပြည်သူများစနစ်တကျသွားရောက်နိုင်ရေး လူသွားစင်္ကြံများကို အဆင့်မီမီဆောင်ရွက်သွားရန်လိုကြောင်း၊ လူကူးတံတားများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီသာ ဆောက်လုပ်သွားရန် လိုကြောင်းနှင့် လူသွားစင်္ကြံများပေါ်၌ တည်ရှိနေသည့် လျှပ်စစ်ဓာတ်အားတိုင်များအား စနစ်တကျဖြင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့စိုက်ထူသွားရန်လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင်မြို့နယ်သာယာလှပရေးအတွက် အမှိုက်သရိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရေး သက်ဆိုင်ရာ စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း၊ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လူနေထိုင်မှုများပြားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် လူဦးရေနှင့်ကိုက်ညီသည့် ဈေး၊ ကျောင်း၊ အုပ်ချုပ်မှုဌာနများ၊ အပန်းဖြေ အားကစားကွင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရမည်ဖြစ်ကြောင်းတို့ကိုပါပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အထက်ပါအချက်များကြောင့် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွက် Town Plan နှင့် Developing Plan တို့ကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်၍လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်မှုစီမံချက်များကို ရေးဆွဲထားရှိရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများသည် ယခုအခါတွင် တိုးတက်မှုများစွာရှိလာပြီဖြစ်ပြီး အားလုံးစနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း ကို ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့နောက် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် နယ်မြေဒေသပေါင်းစုံမှ လာရောက်အလုပ်လုပ်ကိုင်ကြသူများ၏ နေထိုင်မှုလုံခြုံရေး၊ စားရေးအတွက် လိုအပ်သည့်အစားအသောက်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြာင်း၊ နေထိုင်သွားလာမှုများ စည်းကမ်းတကျဖြစ်စေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ Social Security နှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် ယင်းတို့ကို မြို့နယ်နှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြပ်မတ်ကွပ်ကဲ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

Zawgyi Version:
လႈိင္သာယာၿမိဳ႕နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၿမိဳ႕ျပစီမံကိန္းတစ္ရပ္ကို စနစ္တက် ေရးဆြဲ ေဆာင္႐ြက္သြားရန္ နစကဥကၠ႒ ေျပာၾကား
သက္ပိုင္ (NP News) - ဇြန္ ၁

လႈိင္သာယာၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၿမိဳ႕ျပစီမံကိန္းတစ္ရပ္ကို စနစ္တက် ေရးဆြဲ ေဆာင္႐ြက္သြားရန္လိုေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္က ေမလ ၃၁ ရက္က ေျပာဆိုလိုက္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ ဘုရင့္ေနာင္ပန္းၿခံအတြင္းရွိ ပန္းၿခံရွင္းလင္းေဆာင္ခန္းမတြင္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ ၿမိဳ႕ေတာ္ဝန္တို႔ႏွင့္ေတြ႕ဆုံစဥ္ ယခုကဲ့သို႔ ၫႊန္ၾကားေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔အျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က လႈိင္သာယာၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ သန႔္ရွင္းသာယာလွပေရး၊ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ားကို ၂၀၂၃ ခုႏွစ္မွစတင္၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပဳျပင္ေျပာင္းလဲမႈေဆာင္႐ြက္ခဲ့မႈမ်ားကို စနစ္တက်ျဖင့္ မွတ္တမ္းတင္ထားရွိရန္လိုေၾကာင္း၊ လႈိင္သာယာတြင္ ေရစီးေရလာေကာင္းမြန္ေရးသည္ အဓိက ေျဖရွင္းေဆာင္႐ြက္ေပးရမည့္ကိစၥတစ္ခုျဖစ္သျဖင့္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ၿမိဳ႕သာယာလွပေရးအတြက္ ေရႏုတ္ေျမာင္းမ်ားအတြင္း ေရစီးေရလာမ်ား ေကာင္းမြန္ရမည္ျဖစ္သကဲ့သို႔ ေနထိုင္ၾကသူမ်ားအေနျဖင့္လည္း စည္းကမ္းတက်ေနထိုင္ျခင္း ႏွင့္ အမႈိက္စြန႔္ပစ္ျခင္းတို႔ကို ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ယင္းအျပင္ ေရစီးေရလာေကာင္းမြန္မႈမရွိျခင္းေၾကာင္း ေရဆိုးေရညစ္မ်ားႏွင့္ က်န္းမာေရးႏွင့္ ညီၫြတ္မွ်တမႈမရွိသည့္ ပတ္ဝန္းက်င္ျဖစ္လာေစႏိုင္ေၾကာင္း၊ ေရေျမာင္းမ်ား တည္ေဆာက္ရာတြင္ ေရစီးဆင္းမႈပမာဏကိုတြက္ခ်က္၍ စနစ္တက်တည္ေဆာက္သြားရန္လိုေၾကာင္း၊ ရန္ကုန္ - ပုသိမ္လမ္း ႏွင့္ ေညာင္တုန္းလမ္းတို႔သည္ လမ္းမႀကီးမ်ား ျဖစ္သျဖင့္ ျပည္သူမ်ားစနစ္တက်သြားေရာက္ႏိုင္ေရး လူသြားစႀကႍမ်ားကို အဆင့္မီမီေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ လူကူးတံတားမ်ား တည္ေဆာက္ရာတြင္လည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီသာ ေဆာက္လုပ္သြားရန္ လိုေၾကာင္းႏွင့္ လူသြားစႀကႍမ်ားေပၚ၌ တည္ရွိေနသည့္ လွ်ပ္စစ္ဓာတ္အားတိုင္မ်ားအား စနစ္တက်ျဖင့္ ကင္းလြတ္ရာသို႔ ေျပာင္းေ႐ႊ႕စိုက္ထူသြားရန္လိုေၾကာင္းတို႔ကို ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ၿမိဳ႕နယ္သာယာလွပေရးအတြက္ အမႈိက္သ႐ိုက္စြန႔္ပစ္မႈမ်ား စနစ္တက်ရွိေစေရး သက္ဆိုင္ရာ စည္ပင္သာယာေရးဦးစီးဌာနအေနျဖင့္ ဥပေဒႏွင့္အညီ ထိန္းသိမ္းၾကပ္မတ္ ေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ လႈိင္သာယာၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၿမိဳ႕ျပစီမံကိန္းတစ္ရပ္ကို စနစ္တက်ေရးဆြဲေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ လူေနထိုင္မႈမ်ားျပားသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္သျဖင့္ လူဦးေရႏွင့္ကိုက္ညီသည့္ ေဈး၊ ေက်ာင္း၊ အုပ္ခ်ဳပ္မႈဌာနမ်ား၊ အပန္းေျဖ အားကစားကြင္းမ်ားကို စနစ္တက်ထည့္သြင္း တည္ေဆာက္သြားရမည္ျဖစ္ေၾကာင္းတို႔ကိုပါေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အထက္ပါအခ်က္မ်ားေၾကာင့္ မိမိတို႔အေနျဖင့္ လႈိင္သာယာၿမိဳ႕နယ္အတြက္ Town Plan ႏွင့္ Developing Plan တို႔ကို စနစ္တက်ေရးဆြဲ အေကာင္အထည္ေဖာ္သြားရန္လိုေၾကာင္း၊ လွ်ပ္စစ္မီးႏွင့္ပတ္သက္၍လည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ အစီအစဥ္ျဖင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္မီးထုတ္လုပ္မႈစီမံခ်က္မ်ားကို ေရးဆြဲထားရွိရန္လိုေၾကာင္း၊ လႈိင္သာယာၿမိဳ႕နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့မႈမ်ားသည္ ယခုအခါတြင္ တိုးတက္မႈမ်ားစြာရွိလာၿပီျဖစ္ၿပီး အားလုံးစနစ္တက်ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ကို ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာဆိုခဲ့ေၾကာင္း ထုန္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔ေနာက္ လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ စက္႐ုံအလုပ္႐ုံမ်ားတြင္ နယ္ေျမေဒသေပါင္းစုံမွ လာေရာက္အလုပ္လုပ္ကိုင္ၾကသူမ်ား၏ ေနထိုင္မႈလုံၿခဳံေရး၊ စားေရးအတြက္ လိုအပ္သည့္အစားအေသာက္မ်ားကို သက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူရရွိေရးတို႔ကိုလည္း ထည့္သြင္းစဥ္းစား၍ တတ္ႏိုင္သမွ်ျဖည့္ဆည္း ေဆာင္႐ြက္ေပးရန္လိုၾကာင္း၊ ေနထိုင္သြားလာမႈမ်ား စည္းကမ္းတက်ျဖစ္ေစေရးအတြက္လည္း ထိန္းသိမ္းေဆာင္႐ြက္ေပးၾကရန္လိုေၾကာင္း၊ Social Security ႏွင့္ပတ္သက္၍လည္း ထည့္သြင္းစဥ္းစားေဆာင္႐ြက္ေပးၾကရန္လိုေၾကာင္းႏွင့္ ယင္းတို႔ကို ၿမိဳ႕နယ္ႏွင့္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ အနီးကပ္ၾကပ္မတ္ကြပ္ကဲ၍ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားခဲ့သည္ဟု သိရသည္။

Related news

© 2021. All rights reserved.