ရေတွင်း အတွင်း အမှိုက်ဆင်းဆယ်သူ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး သေဆုံး

 485

အိန္ဒြေ (NP News) – မေ ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် ၁၂ ရပ်ကွက်တွင် ရေတွင်း အတွင်း အမှိုက်ဆင်းဆယ်သူ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး သေဆုံးသည့် ဖြစ်စဉ်တစ်ခု ယနေ့ (မေလ ၃၁ ရက်)
နံနက်ပိုင်း က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံက သိရသည်။

ဖြစ်စဉ်မှာ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွင်းအတွင်းသို့ ဆင်းစဉ်အောက်ဆီဂျင် ပြတ်တောက် ကာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

" အလောင်းတွေ့လို့ လာဆယ်ပေးပါဦးဆိုလို့ သွားဆယ်တာ ဒဏ်ရာတွေ ဘာတွေတော့ မတွေ့ဘူးဗျ။ သေဆုံးသူက အသက်ကတော့ ၃၃ နှစ်ရှိပါပြီ" ဟု ပခုက္ကူမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ဂရုဏာရှင် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ေရတြင္း အတြင္း အမႈိက္ဆင္းဆယ္သူ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံး
အိေျႏၵ (NP News) – ေမ ၃၁

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ အမွတ္ ၁၂ ရပ္ကြက္တြင္ ေရတြင္း အတြင္း အမႈိက္ဆင္းဆယ္သူ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးသည့္ ျဖစ္စဥ္တစ္ခု ယေန႔ (ေမလ ၃၁ ရက္) နံနက္ပိုင္း က ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ ထံက သိရသည္။
ျဖစ္စဥ္မွာ နံနက္ ၈ နာရီ ၁၀ မိနစ္ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တြင္းအတြင္းသို႔ ဆင္းစဥ္ေအာက္ဆီဂ်င္ ျပတ္ေတာက္ ကာ ေသဆုံးခဲ့ျခင္း ျဖစ္ၿပီး ပခုကၠဴၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ကာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
" အေလာင္းေတြ႕လို႔ လာဆယ္ေပးပါဦးဆိုလို႔ သြားဆယ္တာ ဒဏ္ရာေတြ ဘာေတြေတာ့ မေတြ႕ဘူးဗ်။ ေသဆုံးသူက အသက္ကေတာ့ ၃၃ ႏွစ္ရွိပါၿပီ" ဟု ပခုကၠဴၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ေသဆုံးသူ အမ်ိဳးသား၏ ႐ုပ္အေလာင္းကို ဂ႐ုဏာရွင္ လူမႈကူညီေရးအသင္းယာဥ္ျဖင့္ ပခုကၠဴျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.