ဆိပ်ဖြူ - တညောင် - ဆင်ဖြူကျွန်း လမ်း (သို့) မမျှော်မှန်းနိုင်သော ခရီး

 301

သုတကျော် (NP News) - ဇွန် ၂

“မိဘပြည်သူများအနေဖြင့် လေးစားလိုက်နာ ခြင်းမရှိပါဘဲဖောက်ဖျက်ခဲ့ပါက နောက်ဆက်တွဲ ဆိုး ကျိုးတွေအပေါ် မိမိတို့ဘက်မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ပါကြောင်း”ဆိုသောစာသားမှာ ဆိပ်ဖြူ တညောင်-ဆင်ဖြူကျွန်း လမ်းပိုင်းအပါအဝင် လမ်းပိုင်းသုံးခုအတွက် လိုက်နာရမည့်စည်းကမ်းများကိုPDF များကထုတ်ပြန်ရာတွင် ထည့်သွင်းရေးသား ထားခြင်းဖြစ်သည်။
မိဘပြည်သူဟုခေါ်ကာ ဝေါ်ဟာရဖြင့် မြှောက် ထားသော်လည်း အမှန်စင်စစ်အားဖြင့် နောက် ဆက် တွဲဆိုးကျိုးကို တာဝန်မယူဟုဆိုသောစကားမှာ ဆိပ် ဖြူ-တညောင်-ဆင်ဖြူကျွန်းလမ်းပိုင်း၏ လက်ရှိ မြေပြင်အခြေအနေမှန်လည်းဖြစ်နေသည်။ စကားနားမထောင်၍ တစ်ခုခုလုပ်မိလျှင် အချိန်မရွေး သေနိုင်သည့်အပြင် ထို့အတွက် လျော်ကြေးရလိမ့်မည်မဟုတ်ပါ။
မြန်မာနိုင်ငံအလယ်ပိုင်းမှ ဧရာဝတီမြစ်ကမ်းဘေး မြို့နှစ်မြို့ဖြစ်သော ဆိပ်ဖြူနှင့်ဆင်ဖြူကျွန်းတို့ သည် သမိုင်းတစ်လျှောက်တွင် အေးအေးချမ်းချမ်းရှိခဲ့ သည်။ နယ်မြေအနေအထားအရ ငြိမ်းချမ်းစွာလုပ် ကိုင်စားသောက်သူတို့၏မှီတည်ရာအရပ်များဖြစ်ခဲ့သည်ဆိုခြင်းမှာမူ ငြင်းမရသော အချက်တစ်ချက်ဖြစ် သည်။
မြို့နှစ်မြို့ကိုယှဉ်ကြည့်မည်ဆိုပါကလည်း ဆင် ဖြူကျွန်းမြို့နယ်သည် စိုက်ပျိုးရေးမြို့နယ် ဖြစ် သည်။ စပါးနှင့်ပဲမျိုးစုံထွက်သည်။ ပဲမျိုးစုံနှင့်ငရုတ်တို့ကို ကိုင်းကျွန်းများတွင်စိုက်သည်။ ဆင်ဖြူကျွန်း ထွက် အာလူး၊ ငရုတ်၊ ကြက်သွန်နှင့် ရှားစေးတို့မှာ နာမည် ကြီး၏။ အခြားနာမည်ကျော် ဒေသထွက် အစားအစာ များလည်းရှိသေးသည်။
ရှေးဘုရင်များလက်ထက်ကပင် စစ်ရေးအရ အရေးပါသောမြို့ဖြစ်ကာ မြန်မာ့သမိုင်းတွင် နာမည် ကျော် သမိုင်းဝင် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော စစ်သူကြီး ဗဟာဗန္ဓုလလည်း ယင်းမြို့တွင် တပ်တည် စခန်းချဖူးသည်။
ဆိပ်ဖြူမြို့သည်လည်း အလားတူပင် စစ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် မြို့ သည် သမိုင်းတွင်ချမ်းသာခဲ့ကြောင်းကို သူကောင်း မျိုးများနေထိုင်ခဲ့ခြင်းအားဖြင့်သိနိုင်သည်။ မြို့ချမ်း သာခဲ့ကြောင်း သင်္ကေတအဖြစ် ပေါများသော ဘုရား၊ စေတီများကို မြင်နိုင်သည်။ ထင်ရှားသည့် အချက် က မြို့နှစ်မြို့စလုံးတွင် ရဟန်းနှင့်လူပုဂ္ဂိုလ် ထင်ရှားသူ အများအပြားပေါ်ပေါက်ခဲ့သည်။ ယခု ထက်တိုင် သက်ရှိထင်ရှားပုဂ္ဂိုလ်များရှိသကဲ့သို့ ကွယ်လွန်သူများလည်းရှိခဲ့ပြီ။
မြို့နှစ်မြို့သည် သမိုင်းတစ်လျှောက် ကျောချင်း ကပ်ရှိခဲ့ကြသည်။ ကူးသန်းဆက်သွယ်ရေး များပြားခဲ့သည်။ ရေလမ်းကြောင်းမှသွားသည်။ ကုန်းလမ်းကြောင်း မှလည်းသွားသည်။ လှည်း၊ လှေ ခေတ်မှ မော်တော် ကား၊ ဆိုင်ကယ်၊ စက်တပ်ရေယာဉ်များခေတ်သို့ ရောက်သည့်တိုင် နှစ်မြို့ကြား ကူးသန်းမှုက ယုတ်လျော့ခြင်းမရှိခဲ့ပါ။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် အခြားဒေသမှ မြို့များသို့ ယင်းနှစ်မြို့မှ မြို့ ခံများအနေဖြင့် ကုန်သွယ်၊ စီးပွားရေးအတွက် ပိုမို လက်တံရှည် သွားလာနိုင်ကြပြီဖြစ်သော်လည်း (၂၄) မိုင် ကျော်ကျော်ခန့်သာ ကွာဝေးသည့် ဆိပ်ဖြူ - တ ညောင်-ဆင်ဖြူကျွန်း လမ်းပိုင်းကလည်း အသွား အလာမပြတ်ခဲ့ပေ။
ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စိုက်ခင်း စိမ်းစိမ်းစိုစိုများဘေးမှဖြတ်သွားသော ယင်းလမ်း သည် ဒေသတွင်း ကုန်သွယ်ရေးအတွက် အရေးပါ သောနေရာဖြစ်ပြီး တိုးတက်သော လမ်းပန်းဆက် သွယ်ရေးက မြို့နှစ်မြို့ကို ပိုမိုကျောချင်းကပ်စေခဲ့သည်။ သို့သော် ယင်းကား နောက်တွင်ကျန်ရစ်ခဲ့ လေ ပြီ။
အဆိုပါဒေသသို့ လက်နက်ကိုင်များ ရောက်လာ သည့်အချိန်သည် အခြားဒေသများထက် နောက်ကျသည်ဟု ဆိုနိုင်သည်။ ထို့ပြင် တဖြည်းဖြည်း စိမ့်ဝင်ခဲ့ ခြင်းဖြစ်သည်။ ယင်းနောက် လမ်းပိုင်း တွင် သွားလာရန်အတွက် လုံးဝ လုံခြုံမှုမရှိတော့ပေ။
“အရင်တုန်းကတော့ လမ်းက ကောင်းတယ်လေ။ ဘာမှ မဖြစ်ဘူး။ စိတ်အေး လက်အေး သွားလို့ ရတယ်။ ညဘက်တွေဆိုရင်လည်း အေးအေးဆေးဆေးသွားနိုင်တယ်” ဟု ဒေသခံတစ်ဦးက ယခင် အချိန် များကို တမ်းတရင်း ပြောသည်။
ဆိပ်ဖြူ-တညောင်-ဆင်ဖြူကျွန်း လမ်းဘေး ဝဲယာတွင် တိုက်ပွဲများရောက်လာသည်။ ဒေသခံများ ပင် မသိသော လက်နက်ကိုင်များက ယင်းဒေသတွင် တိုက်ပွဲများဖော်ဆောင်လာခဲ့သည်။
“ဒေသခံတွေလည်း မသိဘဲ လက်နက်ကိုင်တွေ ရောက်လာတယ်။ ထောက်တော့ မထောက်ခံ ကြဘူးပေါ့။ ဒါပေမဲ့ လက်နက်ပါတော့ ကြောက်ရတယ်လေ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာပြီးနောက် ယင်းလမ်းပိုင်းသို့ PDF တို့၏ အမိန့်များ ရောက်လာသည်။ ၎င်းတို့ မီးနီ၊ မီးစိမ်းပြမှ သွားလာနိုင်သော အခြေအနေသို့ ဆိုက်ရောက် လာခဲ့သည်။ ထို့ပြင် လမ်းပိုင်းတွင် ရှောင် တခင် လမ်းပေါ် တက်လာသော PDF များ၏စစ်ဆေးမှုကို ခံရနိုင်သည်။ မသင်္ကာလျှင် အသတ်ခံရ နိုင်သည်။
“တိုက်ပွဲ ဖြစ်တယ် မသုံးရင်ဘူးဆိုရင် လမ်းတွေကို PDF တွေက ပိတ်လိုက်ရော။ ပိတ်ပြီးရင် သွား ခွင့် မပေးတော့ဘူး။ ဒီလထဲဆိုရင် မေလ (၁၉) ရက်က ပိတ်လိုက်တာ။ မေ (၂၀)၊ (၂၁) လောက်မှာ ပြန် ဖွင့်တယ်။ ဒါပေမဲ့ သွားတဲ့သူတွေကလည်း သတိထားနေရတာပေါ့”ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသော ဒေသခံ တစ်ဦးက ဆိုသည်။
ယင်းလမ်းပိုင်းသည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်များကြီးစိုးရာ လမ်းပိုင်းများအနက် ထူးထူးခြားခြား မကြာခဏပိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေခဲ့သော လမ်းတစ်လမ်းလည်းဖြစ်သည်။ ထို့ပြင် စည်းကမ်းလည်း ထူပြောသည်။ ဘာမလုပ်ရ၊ ညာမလုပ်ရ ဆိုသော စည်းကမ်းများစွာ ရှိသည်။
လမ်းတစ်လျှောက်လုံးတွင် ကားများက မှန်ချ၍ မောင်းရသည်၊ မိုးရွာသောအချိန်ကလွဲ၍ မိုးကာအုပ် မမောင်းရ၊ ညဘက်အချိန်များတွင် မှန်လုံကားများက မှန်ချပြီး အတွင်းခန်း မီးဖွင့်မောင်း ရမည် စသည်ဖြင့် စည်းကမ်းချက်များ ရှိသည်။ မထင်လျှင် မထင်သည့်အတိုင်း ထုတ်ပြန်သော အတိုး၊ အလျှော့ စည်းကမ်းများလည်း ရှိသေးသည်။
ယင်းက (၂၄) မိုင်သာရှည်သော လမ်းပိုင်းအ တွက် (၂၄) မိုင်ထက်ပိုသော စိုးရိမ်စိတ်များ ရစေ သည်။ ယင်းလမ်းပိုင်းတွင် အရေးကြီးဆုံး လိုအပ်ချက်က စိတ်လုံခြုံမှု ဖြစ်သည်။ လမ်းပိုင်း အဖွင့်၊ အပိတ် က မှန်းမရသောကြောင့် ၎င်းတို့ပါးစပ်အတွင်းသာ အာဏာတည်နေသည်။ “ဒီနှစ်ထဲမှာကိုပဲ အဲဒီလမ်းကို ပိတ်တာက သုံးကြိမ်လောက်ရှိပြီ။ ကြာတာက မှန်းမရဘူး။ ရက်ပိုင်းပဲ ကြာသလို လပိုင်းလောက် ကြာ တာလည်း ရှိတယ်။ လမ်းက မှန်းလို့ မရဘူးလေ” ဟု ၎င်းကဆိုသည်။ လမ်းပိတ်သည့်အခါ ဒေသခံများ အတွက် အခက်အခဲရှိသည်။ အချိန်တိုလျှင် ကိစ္စမရှိသော်လည်း အချိန်ကြာလာသောအခါ အခက်အခဲ ကြုံကြရသည်။ စီးပွားရေး၊ လူမှုရေး အခက်အခဲများကား ရင်းနှီးကျွမ်းဝင်သူ အချင်းချင်း မိတ်မပျက် လိုသောအခါ တောင်းပန်၍ရသည်။ ကျန်းမာရေး ကိစ္စ ကိုကား တောင်းပန်၍မရ။ မည်သည့်အချိန်တွင် ဖြစ်မည်ဟုလည်း မပြောနိုင်။ မြို့နှစ်မြို့မှ ပြည်သူများက ကိစ္စမရှိသော်လည်း မြို့နယ်များတွင် နေထိုင် သူများအတွက် အခက်အခဲက ပိုမိုကြီးမားသည်။ မြို့ပေါ် နေသူများက နီးစပ်ရာမြို့များသို့ သွားလာနိုင် သော်လည်း ယင်းလမ်းနှင့် ဆက်စပ်ရာကျေးရွာများမှ ပြည်သူများမှာမူ လိုရာခရီးအတွက် ကွေ့ပတ်သွား ရတော့သည်။
ယင်းလမ်းကိုအသုံးပြုသည့်အတွက် ရင်တထိတ်ထိတ် ခံစားချက်မှာမူ မြို့ပေါ် နှင့် ကျေးလက်နေ ပြည်သူအားလုံး အတူတူပင် ခံစားရသည်။
“ပိတ်တယ်ဆိုရင် ကျန်းမာရေးကိစ္စတွေက အစ ခက်ကုန်တာလေ။ ဘယ်သူမှ သွားလို့မရဘူး။ ဥပမာဗျာ တစ်နာရီကြာတဲ့ခရီးကို မြစ်ကနေ ဖြတ်သွား၊ ဟို ကဖြတ်၊ ဒီက ဖြတ်နဲ့ငါးနာရီလောက် ကြာသွားကော” ဟု ၎င်းက ရှင်းပြသည်။
လမ်းပိတ်သည့်အတွက် အရေးကြုံလျှင် စွန့်စားသွားလာ၍ မရပြီလောဆိုသော မေးခွန်းတစ်ရပ် လည်း ပေါ်ပေါက်လာသည်။ ထိုသို့ သွားစမ်းလျှင်တော့ ဆောင်းပါးအစတွင် ရေးသားထားသော စာ အတိုင်း ဖြစ်သွားပါလိမ့်မည်။ လက်နက်ကိုင်များ ပစ်ခတ်သတ်ဖြတ်လိုက်သည့်အတွက် အကြောင်းပြ ချက် ပေါင်းစုံပေးနိုင်သည်။
“ဥပမာ ဆိုရင် သူလျှိုမို့လို့ သတ်တယ်။ ဒလန်မို့ လို့ သတ်တယ်။ ထွက်ပြေးလို့သတ်တယ်ဆိုပြီး သူတို့ ထင်တာ ခေါင်းစဉ်တပ်လိုက်မှာပဲ။ အဲဒီတော့ အကောင်းဆုံးက သူတို့မကြိုက်တာ မလုပ်တာပဲလို့ ပြည်သူက နားလည်ထားတယ်။ ဒါကြောင့် တားရင် တားတဲ့နေရာနေကြတယ်။ ပိုပြီးတော့လည်း မသွား ရဲကြဘူး။ သူတို့က သွားလို့ရပြီ ဆိုရင်တောင်မှ စပြီး စမ်းသွားမယ့်သူကို မျှော်နေကြသေးတာလေ။ တ ကယ်ကော သွားလို့ရပြီလားလို့ စမ်းသွားပြမယ့် သူရဲ ကောင်းကို စောင့်ကြသေးတာ။ ဒါက တကယ့် မြေပြင် အခြေအနေပါ” ဟု ယင်းကဆိုသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် လမ်းပိုင်း အခြေအနေကို နားစွင့်နေရုံက လွဲ၍ ရွေးစရာ မရှိ တော့ပေ။ ပြည်သူများမှာ လက်နက်မရှိလေရာ လက်နက်ရှိ သော ယင်းပုဂ္ဂိုလ်များအလိုကျ လိုက်နာ ရတော့သည်။
ထို့ပြင် လက်ရှိမြေပြင်အနေအထားအရ ယင်းဒေသတွင် တိုက်ပွဲများ ရောက်ရှိနေရာ ဒေသခံ များအတွက် အခက်အခဲတွေ့နေကြရသည်။
စစ်ကိုလည်း ကြောက်ရသည်။ လမ်းပိုင်း ဆက်သွယ်ရေးကလည်း မှန်းမရသောအခြေအနေဖြစ် သည်။ ပြေးစရာ မြေဆိုသည်မှာလည်း ငွေကြေး ချမ်းသာသူများအတွက် အခြားမြို့သို့ လွယ်လွယ်ရှောင် နိုင်သော်လည်း ကျေးလက်နေ တောင်သူလယ်သမားတို့ မှာမူ မြို့ကြီးပြကြီးသို့သွားရန် မလွယ်ပါ။
“မြို့ကို ခွာမယ့်သူတွေကတော့ ခွာကြတာပေါ့။ ဆင်းရဲတဲ့သူတွေကတော့ အိမ်တွေမရှိတော့ရင် တောတွေ တောင်တွေထဲ ရှောင်နေကြရတာပဲ။ တောထဲမှာပဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပေါ့။ ဒီလိုပဲ အ ဆင်ပြေအောင် နေထိုင်နေကြရတာ” ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု အခြေအနေက ဒေသခံများကို ဘေးဒုက္ခ၏အဆုံးစွန်အထိ တွန်း ပေးနေသည်။ ခေါင်းပြားအောင် မအိပ်နိုင်။ လမ်းသွား လျှင် ရင်တထိတ်ထိတ်။ လမ်းပန်းဆက်သွယ်ရေး က အရေးကြီးသည် မှန်သော်လည်း တိုက်ပွဲများရှိနေ သော ယင်းဒေသတွင် ခေတ်က နောက်ပြန်ဆွဲ သွားခဲ့ပြီ ဖြစ်သည်။
“အခုကတော့ ကိုယ့်ဒေသမှာရှိတဲ့ ကုန်ပစ္စည်းကို ကိုယ့်ဘာသာသုံးပေါ့။ ဆိုင်ဆိုတာမျိုးကလည်း အမည်စုံဖို့ဆိုတာက မလွယ်တော့ဘူးလေ။ အကုန် လုံးက အဆင်ပြေသလို နေကြရတာ။ အိမ်မှာ နေနိုင် တယ် ဆိုတာကလည်း ဒီ ခေတ်မှာ အခြေအနေကောင်း တယ်လို့ ပြောနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်းဒေသမှ PDF များသည် ထုံးစံအတိုင်း ဒေသခံများထံမှ ငွေကောက်သည်။ စာရှုသူ အနေဖြင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖော်မည့် ပရောဂျက်များအတွက်ဟုဆိုကာ အွန်လိုင်းတွင် အလှူခံခြင်းမျိုးကို တွေ့ပါလိမ့်မည်။ အွန်လိုင်းပေါ်က အလှူခံခြင်းအတွက်က လှူလိုက လှူနိုင်သည်။ မလှူလိုက နေနိုင်သည်။ သို့သော် မြေပြင်တွင် နေထိုင်သူများအတွက်မူ စေတနာ ရှိရှိ၊ မရှိရှိ တောင်း သရွေ့ ပေးရသည်သာ။ မိဘပြည်သူများကို အထက် ပါ လက်နက်ကိုင်များက ထောက်ထားပါ၏။ သေနတ် ပြောင်းဝနှင့်ဖြစ်သည်။
“မြေပြင်မှာတော့ ဒေသခံတွေက မျိုးစုံအ ကောက်ခံနေရတာပဲ။ သူတို့တိုက်ပွဲဖော်ဖို့ ပရောဂျက် ရှိတယ်ဆိုရင်လည်း ပေးရတာပဲ။ မပေးဘဲ မနေရဘူး။ ပြည်သူတွေကလည်း ကျပ်တည်းနေတာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်း PDF လက်နက်ကိုင်များအနက် အချို့က ဗုဒ္ဓဘာသာကို စော်ကားသူများလည်း ပါလာ သည်။ ဘာသာရေး ဘုရားကျောင်းကန်များတွင် အ ရက်သောက်သူလည်း ရှိသည်။
“PDF ခေါင်းဆောင်တစ်ယောက်ပေါ့။ သူက ဘုရားကို ဖိနပ်စီးပြီး တက်တယ်။ ဘုရားမှာ အရက် သောက်တယ်။ အဲဒါလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။ ဆိပ်ဖြူ-တညောင်-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်တစ္ဆေက ၎င်း၏ဝတ်ရုံလွှာကြီး လွှမ်းခြုံ ထားလိုက်ပြီဖြစ်သည်။ ယင်းလမ်းပိုင်းနှင့်အတူ ဒေသကား အမှောင်ထုအတွင်း တဖြည်းဖြည်းတိုးဝင်နေ လေပြီ။ ငြိမ်းချမ်းရေး ရောင်နီသည် ဒေသခံတို့ အပြင်း အထန် လိုချင်နေသောအရာ ဖြစ်ပေလိမ့်မည်။ သို့သော် ယင်းအရာကား ဒေသခံတို့အတွက် မမျှော်မှန်း နိုင်သေးပေ။

Zawgyi Version:
ဆိပ္ျဖဴ - တေညာင္ - ဆင္ျဖဴကြၽန္း လမ္း (သို႔) မေမွ်ာ္မွန္းႏိုင္ေသာ ခရီး
သုတေက်ာ္ (NP News) - ဇြန္ ၂

“မိဘျပည္သူမ်ားအေနျဖင့္ ေလးစားလိုက္နာ ျခင္းမရွိပါဘဲေဖာက္ဖ်က္ခဲ့ပါက ေနာက္ဆက္တြဲ ဆိုး က်ိဳးေတြအေပၚ မိမိတို႔ဘက္မွ တာဝန္ယူေျဖရွင္းမည္ မဟုတ္ပါေၾကာင္း”ဆိုေသာစာသားမွာ ဆိပ္ျဖဴ တေညာင္-ဆင္ျဖဴကြၽန္း လမ္းပိုင္းအပါအဝင္ လမ္းပိုင္းသုံးခုအတြက္ လိုက္နာရမည့္စည္းကမ္းမ်ားကိုPDF မ်ားကထုတ္ျပန္ရာတြင္ ထည့္သြင္းေရးသား ထားျခင္းျဖစ္သည္။
မိဘျပည္သူဟုေခၚကာ ေဝၚဟာရျဖင့္ ေျမႇာက္ ထားေသာ္လည္း အမွန္စင္စစ္အားျဖင့္ ေနာက္ ဆက္ တြဲဆိုးက်ိဳးကို တာဝန္မယူဟုဆိုေသာစကားမွာ ဆိပ္ ျဖဴ-တေညာင္-ဆင္ျဖဴကြၽန္းလမ္းပိုင္း၏ လက္ရွိ ေျမျပင္အေျခအေနမွန္လည္းျဖစ္ေနသည္။ စကားနားမေထာင္၍ တစ္ခုခုလုပ္မိလွ်င္ အခ်ိန္မေ႐ြး ေသႏိုင္သည့္အျပင္ ထို႔အတြက္ ေလ်ာ္ေၾကးရလိမ့္မည္မဟုတ္ပါ။
ျမန္မာႏိုင္ငံအလယ္ပိုင္းမွ ဧရာဝတီျမစ္ကမ္းေဘး ၿမိဳ႕ႏွစ္ၿမိဳ႕ျဖစ္ေသာ ဆိပ္ျဖဴႏွင့္ဆင္ျဖဴကြၽန္းတို႔ သည္ သမိုင္းတစ္ေလွ်ာက္တြင္ ေအးေအးခ်မ္းခ်မ္းရွိခဲ့ သည္။ နယ္ေျမအေနအထားအရ ၿငိမ္းခ်မ္းစြာလုပ္ ကိုင္စားေသာက္သူတို႔၏မွီတည္ရာအရပ္မ်ားျဖစ္ခဲ့သည္ဆိုျခင္းမွာမူ ျငင္းမရေသာ အခ်က္တစ္ခ်က္ျဖစ္ သည္။
ၿမိဳ႕ႏွစ္ၿမိဳ႕ကိုယွဥ္ၾကည့္မည္ဆိုပါကလည္း ဆင္ ျဖဴကြၽန္းၿမိဳ႕နယ္သည္ စိုက္ပ်ိဳးေရးၿမိဳ႕နယ္ ျဖစ္ သည္။ စပါးႏွင့္ပဲမ်ိဳးစုံထြက္သည္။ ပဲမ်ိဳးစုံႏွင့္င႐ုတ္တို႔ကို ကိုင္းကြၽန္းမ်ားတြင္စိုက္သည္။ ဆင္ျဖဴကြၽန္း ထြက္ အာလူး၊ င႐ုတ္၊ ၾကက္သြန္ႏွင့္ ရွားေစးတို႔မွာ နာမည္ ႀကီး၏။ အျခားနာမည္ေက်ာ္ ေဒသထြက္ အစားအစာ မ်ားလည္းရွိေသးသည္။
ေရွးဘုရင္မ်ားလက္ထက္ကပင္ စစ္ေရးအရ အေရးပါေသာၿမိဳ႕ျဖစ္ကာ ျမန္မာ့သမိုင္းတြင္ နာမည္ ေက်ာ္ သမိုင္းဝင္ စစ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္ေသာ စစ္သူႀကီး ဗဟာဗႏၶဳလလည္း ယင္းၿမိဳ႕တြင္ တပ္တည္ စခန္းခ်ဖူးသည္။
ဆိပ္ျဖဴၿမိဳ႕သည္လည္း အလားတူပင္ စစ္ေရးအရ အေရးပါေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ဖူးသည္။ ထို႔ျပင္ ၿမိဳ႕ သည္ သမိုင္းတြင္ခ်မ္းသာခဲ့ေၾကာင္းကို သူေကာင္း မ်ိဳးမ်ားေနထိုင္ခဲ့ျခင္းအားျဖင့္သိႏိုင္သည္။ ၿမိဳ႕ခ်မ္း သာခဲ့ေၾကာင္း သေကၤတအျဖစ္ ေပါမ်ားေသာ ဘုရား၊ ေစတီမ်ားကို ျမင္ႏိုင္သည္။ ထင္ရွားသည့္ အခ်က္ က ၿမိဳ႕ႏွစ္ၿမိဳ႕စလုံးတြင္ ရဟန္းႏွင့္လူပုဂၢိဳလ္ ထင္ရွားသူ အမ်ားအျပားေပၚေပါက္ခဲ့သည္။ ယခု ထက္တိုင္ သက္ရွိထင္ရွားပုဂၢိဳလ္မ်ားရွိသကဲ့သို႔ ကြယ္လြန္သူမ်ားလည္းရွိခဲ့ၿပီ။
ၿမိဳ႕ႏွစ္ၿမိဳ႕သည္ သမိုင္းတစ္ေလွ်ာက္ ေက်ာခ်င္း ကပ္ရွိခဲ့ၾကသည္။ ကူးသန္းဆက္သြယ္ေရး မ်ားျပားခဲ့သည္။ ေရလမ္းေၾကာင္းမွသြားသည္။ ကုန္းလမ္းေၾကာင္း မွလည္းသြားသည္။ လွည္း၊ ေလွ ေခတ္မွ ေမာ္ေတာ္ ကား၊ ဆိုင္ကယ္၊ စက္တပ္ေရယာဥ္မ်ားေခတ္သို႔ ေရာက္သည့္တိုင္ ႏွစ္ၿမိဳ႕ၾကား ကူးသန္းမႈက ယုတ္ေလ်ာ့ျခင္းမရွိခဲ့ပါ။
လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္လာေသာေၾကာင့္ အျခားေဒသမွ ၿမိဳ႕မ်ားသို႔ ယင္းႏွစ္ၿမိဳ႕မွ ၿမိဳ႕ ခံမ်ားအေနျဖင့္ ကုန္သြယ္၊ စီးပြားေရးအတြက္ ပိုမို လက္တံရွည္ သြားလာႏိုင္ၾကၿပီျဖစ္ေသာ္လည္း (၂၄) မိုင္ ေက်ာ္ေက်ာ္ခန႔္သာ ကြာေဝးသည့္ ဆိပ္ျဖဴ - တ ေညာင္-ဆင္ျဖဴကြၽန္း လမ္းပိုင္းကလည္း အသြား အလာမျပတ္ခဲ့ေပ။
ဧရာဝတီျမစ္ကမ္းေဘးတစ္ေလွ်ာက္ စိုက္ခင္း စိမ္းစိမ္းစိုစိုမ်ားေဘးမွျဖတ္သြားေသာ ယင္းလမ္း သည္ ေဒသတြင္း ကုန္သြယ္ေရးအတြက္ အေရးပါ ေသာေနရာျဖစ္ၿပီး တိုးတက္ေသာ လမ္းပန္းဆက္ သြယ္ေရးက ၿမိဳ႕ႏွစ္ၿမိဳ႕ကို ပိုမိုေက်ာခ်င္းကပ္ေစခဲ့သည္။ သို႔ေသာ္ ယင္းကား ေနာက္တြင္က်န္ရစ္ခဲ့ ေလ ၿပီ။
အဆိုပါေဒသသို႔ လက္နက္ကိုင္မ်ား ေရာက္လာ သည့္အခ်ိန္သည္ အျခားေဒသမ်ားထက္ ေနာက္က်သည္ဟု ဆိုႏိုင္သည္။ ထို႔ျပင္ တျဖည္းျဖည္း စိမ့္ဝင္ခဲ့ ျခင္းျဖစ္သည္။ ယင္းေနာက္ လမ္းပိုင္း တြင္ သြားလာရန္အတြက္ လုံးဝ လုံၿခဳံမႈမရွိေတာ့ေပ။
“အရင္တုန္းကေတာ့ လမ္းက ေကာင္းတယ္ေလ။ ဘာမွ မျဖစ္ဘူး။ စိတ္ေအး လက္ေအး သြားလို႔ ရတယ္။ ညဘက္ေတြဆိုရင္လည္း ေအးေအးေဆးေဆးသြားႏိုင္တယ္” ဟု ေဒသခံတစ္ဦးက ယခင္ အခ်ိန္ မ်ားကို တမ္းတရင္း ေျပာသည္။
ဆိပ္ျဖဴ-တေညာင္-ဆင္ျဖဴကြၽန္း လမ္းေဘး ဝဲယာတြင္ တိုက္ပြဲမ်ားေရာက္လာသည္။ ေဒသခံမ်ား ပင္ မသိေသာ လက္နက္ကိုင္မ်ားက ယင္းေဒသတြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္လာခဲ့သည္။
“ေဒသခံေတြလည္း မသိဘဲ လက္နက္ကိုင္ေတြ ေရာက္လာတယ္။ ေထာက္ေတာ့ မေထာက္ခံ ၾကဘူးေပါ့။ ဒါေပမဲ့ လက္နက္ပါေတာ့ ေၾကာက္ရတယ္ေလ ” ဟု ေဒသခံတစ္ဦးက ဆိုသည္။ တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားလာၿပီးေနာက္ ယင္းလမ္းပိုင္းသို႔ PDF တို႔၏ အမိန႔္မ်ား ေရာက္လာသည္။ ၎တို႔ မီးနီ၊ မီးစိမ္းျပမွ သြားလာႏိုင္ေသာ အေျခအေနသို႔ ဆိုက္ေရာက္ လာခဲ့သည္။ ထို႔ျပင္ လမ္းပိုင္းတြင္ ေရွာင္ တခင္ လမ္းေပၚ တက္လာေသာ PDF မ်ား၏စစ္ေဆးမႈကို ခံရႏိုင္သည္။ မသကၤာလွ်င္ အသတ္ခံရ ႏိုင္သည္။
“တိုက္ပြဲ ျဖစ္တယ္ မသုံးရင္ဘူးဆိုရင္ လမ္းေတြကို PDF ေတြက ပိတ္လိုက္ေရာ။ ပိတ္ၿပီးရင္ သြား ခြင့္ မေပးေတာ့ဘူး။ ဒီလထဲဆိုရင္ ေမလ (၁၉) ရက္က ပိတ္လိုက္တာ။ ေမ (၂၀)၊ (၂၁) ေလာက္မွာ ျပန္ ဖြင့္တယ္။ ဒါေပမဲ့ သြားတဲ့သူေတြကလည္း သတိထားေနရတာေပါ့”ဟု ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိေနေသာ ေဒသခံ တစ္ဦးက ဆိုသည္။
ယင္းလမ္းပိုင္းသည္ ျမန္မာႏိုင္ငံအတြင္းရွိ လက္နက္ကိုင္မ်ားႀကီးစိုးရာ လမ္းပိုင္းမ်ားအနက္ ထူးထူးျခားျခား မၾကာခဏပိတ္လိုက္၊ ဖြင့္လိုက္ ျဖစ္ေနခဲ့ေသာ လမ္းတစ္လမ္းလည္းျဖစ္သည္။ ထို႔ျပင္ စည္းကမ္းလည္း ထူေျပာသည္။ ဘာမလုပ္ရ၊ ညာမလုပ္ရ ဆိုေသာ စည္းကမ္းမ်ားစြာ ရွိသည္။
လမ္းတစ္ေလွ်ာက္လုံးတြင္ ကားမ်ားက မွန္ခ်၍ ေမာင္းရသည္၊ မိုး႐ြာေသာအခ်ိန္ကလြဲ၍ မိုးကာအုပ္ မေမာင္းရ၊ ညဘက္အခ်ိန္မ်ားတြင္ မွန္လုံကားမ်ားက မွန္ခ်ၿပီး အတြင္းခန္း မီးဖြင့္ေမာင္း ရမည္ စသည္ျဖင့္ စည္းကမ္းခ်က္မ်ား ရွိသည္။ မထင္လွ်င္ မထင္သည့္အတိုင္း ထုတ္ျပန္ေသာ အတိုး၊ အေလွ်ာ့ စည္းကမ္းမ်ားလည္း ရွိေသးသည္။
ယင္းက (၂၄) မိုင္သာရွည္ေသာ လမ္းပိုင္းအ တြက္ (၂၄) မိုင္ထက္ပိုေသာ စိုးရိမ္စိတ္မ်ား ရေစ သည္။ ယင္းလမ္းပိုင္းတြင္ အေရးႀကီးဆုံး လိုအပ္ခ်က္က စိတ္လုံၿခဳံမႈ ျဖစ္သည္။ လမ္းပိုင္း အဖြင့္၊ အပိတ္ က မွန္းမရေသာေၾကာင့္ ၎တို႔ပါးစပ္အတြင္းသာ အာဏာတည္ေနသည္။ “ဒီႏွစ္ထဲမွာကိုပဲ အဲဒီလမ္းကို ပိတ္တာက သုံးႀကိမ္ေလာက္ရွိၿပီ။ ၾကာတာက မွန္းမရဘူး။ ရက္ပိုင္းပဲ ၾကာသလို လပိုင္းေလာက္ ၾကာ တာလည္း ရွိတယ္။ လမ္းက မွန္းလို႔ မရဘူးေလ” ဟု ၎ကဆိုသည္။ လမ္းပိတ္သည့္အခါ ေဒသခံမ်ား အတြက္ အခက္အခဲရွိသည္။ အခ်ိန္တိုလွ်င္ ကိစၥမရွိေသာ္လည္း အခ်ိန္ၾကာလာေသာအခါ အခက္အခဲ ႀကဳံၾကရသည္။ စီးပြားေရး၊ လူမႈေရး အခက္အခဲမ်ားကား ရင္းႏွီးကြၽမ္းဝင္သူ အခ်င္းခ်င္း မိတ္မပ်က္ လိုေသာအခါ ေတာင္းပန္၍ရသည္။ က်န္းမာေရး ကိစၥ ကိုကား ေတာင္းပန္၍မရ။ မည္သည့္အခ်ိန္တြင္ ျဖစ္မည္ဟုလည္း မေျပာႏိုင္။ ၿမိဳ႕ႏွစ္ၿမိဳ႕မွ ျပည္သူမ်ားက ကိစၥမရွိေသာ္လည္း ၿမိဳ႕နယ္မ်ားတြင္ ေနထိုင္ သူမ်ားအတြက္ အခက္အခဲက ပိုမိုႀကီးမားသည္။ ၿမိဳ႕ေပၚ ေနသူမ်ားက နီးစပ္ရာၿမိဳ႕မ်ားသို႔ သြားလာႏိုင္ ေသာ္လည္း ယင္းလမ္းႏွင့္ ဆက္စပ္ရာေက်း႐ြာမ်ားမွ ျပည္သူမ်ားမွာမူ လိုရာခရီးအတြက္ ေကြ႕ပတ္သြား ရေတာ့သည္။
ယင္းလမ္းကိုအသုံးျပဳသည့္အတြက္ ရင္တထိတ္ထိတ္ ခံစားခ်က္မွာမူ ၿမိဳ႕ေပၚ ႏွင့္ ေက်းလက္ေန ျပည္သူအားလုံး အတူတူပင္ ခံစားရသည္။
“ပိတ္တယ္ဆိုရင္ က်န္းမာေရးကိစၥေတြက အစ ခက္ကုန္တာေလ။ ဘယ္သူမွ သြားလို႔မရဘူး။ ဥပမာဗ်ာ တစ္နာရီၾကာတဲ့ခရီးကို ျမစ္ကေန ျဖတ္သြား၊ ဟို ကျဖတ္၊ ဒီက ျဖတ္နဲ႔ငါးနာရီေလာက္ ၾကာသြားေကာ” ဟု ၎က ရွင္းျပသည္။
လမ္းပိတ္သည့္အတြက္ အေရးႀကဳံလွ်င္ စြန႔္စားသြားလာ၍ မရၿပီေလာဆိုေသာ ေမးခြန္းတစ္ရပ္ လည္း ေပၚေပါက္လာသည္။ ထိုသို႔ သြားစမ္းလွ်င္ေတာ့ ေဆာင္းပါးအစတြင္ ေရးသားထားေသာ စာ အတိုင္း ျဖစ္သြားပါလိမ့္မည္။ လက္နက္ကိုင္မ်ား ပစ္ခတ္သတ္ျဖတ္လိုက္သည့္အတြက္ အေၾကာင္းျပ ခ်က္ ေပါင္းစုံေပးႏိုင္သည္။
“ဥပမာ ဆိုရင္ သူလွ်ိဳမို႔လို႔ သတ္တယ္။ ဒလန္မို႔ လို႔ သတ္တယ္။ ထြက္ေျပးလို႔သတ္တယ္ဆိုၿပီး သူတို႔ ထင္တာ ေခါင္းစဥ္တပ္လိုက္မွာပဲ။ အဲဒီေတာ့ အေကာင္းဆုံးက သူတို႔မႀကိဳက္တာ မလုပ္တာပဲလို႔ ျပည္သူက နားလည္ထားတယ္။ ဒါေၾကာင့္ တားရင္ တားတဲ့ေနရာေနၾကတယ္။ ပိုၿပီးေတာ့လည္း မသြား ရဲၾကဘူး။ သူတို႔က သြားလို႔ရၿပီ ဆိုရင္ေတာင္မွ စၿပီး စမ္းသြားမယ့္သူကို ေမွ်ာ္ေနၾကေသးတာေလ။ တ ကယ္ေကာ သြားလို႔ရၿပီလားလို႔ စမ္းသြားျပမယ့္ သူရဲ ေကာင္းကို ေစာင့္ၾကေသးတာ။ ဒါက တကယ့္ ေျမျပင္ အေျခအေနပါ” ဟု ယင္းကဆိုသည္။
ထို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ လမ္းပိုင္း အေျခအေနကို နားစြင့္ေန႐ုံက လြဲ၍ ေ႐ြးစရာ မရွိ ေတာ့ေပ။ ျပည္သူမ်ားမွာ လက္နက္မရွိေလရာ လက္နက္ရွိ ေသာ ယင္းပုဂၢိဳလ္မ်ားအလိုက် လိုက္နာ ရေတာ့သည္။
ထို႔ျပင္ လက္ရွိေျမျပင္အေနအထားအရ ယင္းေဒသတြင္ တိုက္ပြဲမ်ား ေရာက္ရွိေနရာ ေဒသခံ မ်ားအတြက္ အခက္အခဲေတြ႕ေနၾကရသည္။
စစ္ကိုလည္း ေၾကာက္ရသည္။ လမ္းပိုင္း ဆက္သြယ္ေရးကလည္း မွန္းမရေသာအေျခအေနျဖစ္ သည္။ ေျပးစရာ ေျမဆိုသည္မွာလည္း ေငြေၾကး ခ်မ္းသာသူမ်ားအတြက္ အျခားၿမိဳ႕သို႔ လြယ္လြယ္ေရွာင္ ႏိုင္ေသာ္လည္း ေက်းလက္ေန ေတာင္သူလယ္သမားတို႔ မွာမူ ၿမိဳ႕ႀကီးျပႀကီးသို႔သြားရန္ မလြယ္ပါ။
“ၿမိဳ႕ကို ခြာမယ့္သူေတြကေတာ့ ခြာၾကတာေပါ့။ ဆင္းရဲတဲ့သူေတြကေတာ့ အိမ္ေတြမရွိေတာ့ရင္ ေတာေတြ ေတာင္ေတြထဲ ေရွာင္ေနၾကရတာပဲ။ ေတာထဲမွာပဲ ျဖစ္သလိုေန၊ ျဖစ္သလိုစားေပါ့။ ဒီလိုပဲ အ ဆင္ေျပေအာင္ ေနထိုင္ေနၾကရတာ” ဟု အျခား ေဒသခံတစ္ဦးက ဆိုသည္။
လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈ အေျခအေနက ေဒသခံမ်ားကို ေဘးဒုကၡ၏အဆုံးစြန္အထိ တြန္း ေပးေနသည္။ ေခါင္းျပားေအာင္ မအိပ္ႏိုင္။ လမ္းသြား လွ်င္ ရင္တထိတ္ထိတ္။ လမ္းပန္းဆက္သြယ္ေရး က အေရးႀကီးသည္ မွန္ေသာ္လည္း တိုက္ပြဲမ်ားရွိေန ေသာ ယင္းေဒသတြင္ ေခတ္က ေနာက္ျပန္ဆြဲ သြားခဲ့ၿပီ ျဖစ္သည္။
“အခုကေတာ့ ကိုယ့္ေဒသမွာရွိတဲ့ ကုန္ပစၥည္းကို ကိုယ့္ဘာသာသုံးေပါ့။ ဆိုင္ဆိုတာမ်ိဳးကလည္း အမည္စုံဖို႔ဆိုတာက မလြယ္ေတာ့ဘူးေလ။ အကုန္ လုံးက အဆင္ေျပသလို ေနၾကရတာ။ အိမ္မွာ ေနႏိုင္ တယ္ ဆိုတာကလည္း ဒီ ေခတ္မွာ အေျခအေနေကာင္း တယ္လို႔ ေျပာႏိုင္တယ္” ဟု ၎က ဆိုသည္။
ထို႔ျပင္ ယင္းေဒသမွ PDF မ်ားသည္ ထုံးစံအတိုင္း ေဒသခံမ်ားထံမွ ေငြေကာက္သည္။ စာရႈသူ အေနျဖင့္ လက္နက္ကိုင္အဖြဲ႕မ်ား တိုက္ပြဲေဖာ္မည့္ ပေရာဂ်က္မ်ားအတြက္ဟုဆိုကာ အြန္လိုင္းတြင္ အလႉခံျခင္းမ်ိဳးကို ေတြ႕ပါလိမ့္မည္။ အြန္လိုင္းေပၚက အလႉခံျခင္းအတြက္က လႉလိုက လႉႏိုင္သည္။ မလႉလိုက ေနႏိုင္သည္။ သို႔ေသာ္ ေျမျပင္တြင္ ေနထိုင္သူမ်ားအတြက္မူ ေစတနာ ရွိရွိ၊ မရွိရွိ ေတာင္း သေ႐ြ႕ ေပးရသည္သာ။ မိဘျပည္သူမ်ားကို အထက္ ပါ လက္နက္ကိုင္မ်ားက ေထာက္ထားပါ၏။ ေသနတ္ ေျပာင္းဝႏွင့္ျဖစ္သည္။
“ေျမျပင္မွာေတာ့ ေဒသခံေတြက မ်ိဳးစုံအ ေကာက္ခံေနရတာပဲ။ သူတို႔တိုက္ပြဲေဖာ္ဖို႔ ပေရာဂ်က္ ရွိတယ္ဆိုရင္လည္း ေပးရတာပဲ။ မေပးဘဲ မေနရဘူး။ ျပည္သူေတြကလည္း က်ပ္တည္းေနတာ” ဟု ၎က ဆိုသည္။
ထို႔ျပင္ ယင္း PDF လက္နက္ကိုင္မ်ားအနက္ အခ်ိဳ႕က ဗုဒၶဘာသာကို ေစာ္ကားသူမ်ားလည္း ပါလာ သည္။ ဘာသာေရး ဘုရားေက်ာင္းကန္မ်ားတြင္ အ ရက္ေသာက္သူလည္း ရွိသည္။
“PDF ေခါင္းေဆာင္တစ္ေယာက္ေပါ့။ သူက ဘုရားကို ဖိနပ္စီးၿပီး တက္တယ္။ ဘုရားမွာ အရက္ ေသာက္တယ္။ အဲဒါလည္း ရွိတယ္” ဟု ၎က ဆိုသည္။ ဆိပ္ျဖဴ-တေညာင္-ဆင္ျဖဴကြၽန္း လမ္းပိုင္းကို စစ္တေစၦက ၎၏ဝတ္႐ုံလႊာႀကီး လႊမ္းၿခဳံ ထားလိုက္ၿပီျဖစ္သည္။ ယင္းလမ္းပိုင္းႏွင့္အတူ ေဒသကား အေမွာင္ထုအတြင္း တျဖည္းျဖည္းတိုးဝင္ေန ေလၿပီ။ ၿငိမ္းခ်မ္းေရး ေရာင္နီသည္ ေဒသခံတို႔ အျပင္း အထန္ လိုခ်င္ေနေသာအရာ ျဖစ္ေပလိမ့္မည္။ သို႔ေသာ္ ယင္းအရာကား ေဒသခံတို႔အတြက္ မေမွ်ာ္မွန္း ႏိုင္ေသးေပ။

Related news

© 2021. All rights reserved.