ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နီးကပ်နေပြီဟု ယုံကြည်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 258

Pika (NP News) - ဇွန် ၂

အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကြား ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ ယုံကြည်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း(၆ဝ)ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ဆီကနေ တရားဝင်တုံ့ပြန်မှုတွေကို အမေရိကန်အရာရှိတွေက စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။
ပြီးတော့ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ဟာ အီရန်နဲ့သဘောတူညီချက်တစ်ခုရရှိဖို့ နီးစပ်နေပြီလို့ ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်က အဆိုပြုခဲ့တဲ့ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံဖို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့က သဘောတူညီခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဟားမက် လက်နက်ကိုင်အဖွဲ့ကလည်း ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပြန်အလှန်အနေနဲ့ ၎င်းတို့ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကိုလွှတ်ပေးဖို့ သဘောတူညီချက်ကို လက်ခံခဲ့တယ်လို့ အာရပ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ ပါတယ်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ နီးကပ္ေနၿပီဟု ယုံၾကည္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၂
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ၾကား ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာ တူညီခ်က္ရရွိဖို႔ နီးစပ္ေနၿပီလို႔ ယုံၾကည္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ ရက္ေပါင္း(၆ဝ)ၾကာ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ အဆိုျပဳခ်က္နဲ႔ ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ဆီကေန တရားဝင္တုံ႔ျပန္မႈေတြကို အေမရိကန္အရာရွိေတြက ေစာင့္ဆိုင္းေနတယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္ဟာ အီရန္နဲ႔သေဘာတူညီခ်က္တစ္ခုရရွိဖို႔ နီးစပ္ေနၿပီလို႔ ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က အဆိုျပဳခဲ့တဲ့ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို လက္ခံဖို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က သေဘာတူညီခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဟားမက္ လက္နက္ကိုင္အဖြဲ႕ကလည္း ယာယီအပစ္အခတ္ရပ္စဲေရးအတြက္ အျပန္အလွန္အေနနဲ႔ ၎တို႔ဖမ္းဆီးထားတဲ့ အစၥေရးဓါးစာခံေတြကိုလႊတ္ေပးဖို႔ သေဘာတူညီခ်က္ကို လက္ခံခဲ့တယ္လို႔ အာရပ္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ ပါတယ္။

Related news

© 2021. All rights reserved.